Friday 11 January 2013

ငွေ ၃သိန်း မတန်သည့် လူ့အသက် တစ်ချောင်း

Follow · 19 hours ago



၁.၁.၂၀၁၃ ရက်နေ့ ညနေမှာ တစ်တန်းကျောင်းသားလေးက
လမ်းဘေးမှာ ကစားနေရင်း စည်းမဲ့ကမ်းမဲ့လွှတ်ကျောင်းထားတဲ့ နွားအုပ်တစ်အုပ်ရောက်လာပြီး အထဲက နွားတစ်ကောင်က ကလေးငယ်ကို ကန်သွားခဲ့ပါတယ်။
ကလေးခမျာ လမ်းဘေးမှာပဲ လဲကျပီးသတိလစ်သွားတာခနခနပါပဲ။ လူကြီးတွေရောက်လာပီး နှာတွေမှုတ်မှ သတိပြန်လည်လာပြီး ဆေးခန်းသွား ပြခဲ့ပါတယ်။ ဆရာဝန်က
ဘာမှမဖြစ်ဘူး ဆိုပြီ ဆေးနှစ်လုံးထိုးပြန်လွှတ်လိုက်ပါတယ်။

ဒါပေမယ့် ကာယကံရှင်မိသားစုက ကလေးမေးစေ့နာနေလို့ ဓါတ်မှန်ရိုက် ချင်တာနဲ့ သွားရိုက်ပီး ဘေးကပ်လျှက်က နောက်ထပ်ဆေးခန်းကို ထပ်ပြတော့ မေးစေ့ က အရိုးအက်သွားလို့ ဆေးရုံကို ချက်ချင်းတက်ဖို့ ဆေးစာရေးပြီး ညွှန်လိုက်ပါတယ်။



ဒါကြောင့် ဆေးရုံကို ချက်ချင်းတက်ပီး ဆေးကုသမှုခံယူပါတယ်။ ကုသမှု ခံယူတယ်သာပြောတယ်။ရောက်ကတည်းက ပါရာစီတမောနဲ့ ဘာမီတွန် နှစ်မျိုးဘဲ တိုက်တယ်တဲ့ဗျာ။ အံ့ရော.. ဆေးရုံတဲ့ဗျာ..။

နွားရှင်ကလည်း ကိုယ်တိုင်မလိုက်ပါဘဲ ကိုယ်စားလှယ်ဆိုသူကိုလွှတ်လို့ အဲဒီကိုယ်စားလှယ်က ငွေကိုးထောင် (၉၀၀၀)သာပေးပီး ဓါတ်မှန်ရိုက်ခပဲ ရှင်းပေးသွားပါတယ်။

နွားရှင်က နွားကိုရာဂဏန်းနီးပါး မွေးမြူပြီး ဒီလောက်တောင် ကရုဏာ ခေါင်းပါးသလားဗျာ။

ကလေးရဲ့မိခင်က ပုလင်းခွံကောက်ပီး ရောင်းတယ်၊ လဆန်းတစ်ရက်နေ့ ထီပေါက်စဉ် ရောင်းတယ်။ လင်ယောင်္ကျားနဲ့လည်း ကွဲနေတာ နှစ်ချီကြာနေပီ။ နေတာက ကျူးကျော်ရပ်ကွက်မှာ တစ်နှစ်လုံး ရေ၀ပ်နေတဲ့ အိမ်စုတ်သေးသေးလေးမှာပါ။

ဒီလောက်ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်ကို ဆေးရုံက ဂရုစိုက်သလားမမေးနဲ့။ လှည့်တောင်မကြည့်ဘူး။

အဲဒီလို စေတနာအပြည့်နဲ့ အပြုအစုကောင်းတဲ့ ဆေးရုံနဲ့ ကိုယ်ချင်းစာစိတ်ပြည့်ဝတဲ့ နွားရှင်အမျိုးသားကောင်းတို့ရဲ့ ကောင်းမှုတွေ ကြာင့် အပြစ်မဲ့တဲ့ကလေးငယ်လေးခမျာ (၅.၁.၂၀၁၃) နေ့မှာ သေဆုံးသွားခဲ့ ပါတယ်။

သေတော့မှ နွားရှင်ဘက်က( ကိုယ်စားလှယ်ပဲလာတာနော်) ငွေနှစ်သိန်းခွဲ ပဲနစ်နာကြေးဆိုပီး လာပေးပါတယ်။ ဒါတောင် သေသေချင်းတစ်သိန်းပဲ အရင်ပေးထားပီး ကျန်ငွေကို သဂြိုလ်ပီး မှ ပေးနိုင်မယ်တဲ့။ ဘယ်လောက်လူမဆန်လိုက်သလဲဗျာ။

ကျနော်ကိုလာအကူအညီတောင်းတော့ မနက် ၈း၃၀။ နေ့လည် ၁ နာရီိ သဂြိုလ်တော့မယ်။ အဲတော့မှ ကျနော်လည်း ချက်ချင်း အမှုဖွင့်ဖို့ အားချင်းလုပ်ရတော့တာပေါ့။ ကျနော် ရှေ့နေခမယူဘဲ စေတနာနဲ့ မခံချင်စိတ်ကြောင့် အကျိုးဆောင်ပေးတာပါ။

ကလေးအလောင်းက ဒဏ်ရာကို စစ်ဆေးမယ်ဆိုတော့ ပုံမှာမြင်တဲ့အတိုင်း ရင်ခွဲပြီးနေပြီ။ ဒီနေ့ရုံးပိတ်ရက်ဖြစ်နေတော့  ဆေးရုံမှာ အလောင်းကို ဘာတွေစစ်ဆေးထားသလဲဆိုတာ မသိရတော့ သဂြိုလ်ဖို့ကို မနက်ဖြန် ရွှေ့လိုက်ရတယ်။

မနက်ဖြန် ဆေးရုံက ဒဏ်ရာမစစ်ဆေးပဲ ရင်ခွဲလိုက်တယ်ဆိုရင်တော့ ဒီနေ့ ကျနော်ဖွင့်ခဲ့တဲ့ နွားရှင်ကို စွဲထားတဲ့အမှုမှာ နွားကြောင့်ရတဲ့ဒဏ်ရာကြောင့် သေတာပါလို့ သက်သေပြဖို့ ခဲယဉ်းသွားပီလေ။ ဒါကြောင့် မနက်ဖြန် ဆေးရုံမှာ ကလေးရဲ့ ရင်ခွဲစစ်ဆေးချက် အဖြေကို ရင်တမမနဲ့ စောင့်ကြည့်ရတော့မယ်။

ကျနော့်အမြင်ကတော့ ကလေးငယ် မသေသင့်ဘဲ သေဆုံးရတာပါ။ ကလေးငယ်ကို ပြုစုကုသမှု လိုအပ်ခဲ့တဲ့ ဆေးရုံရဲ့ ညံ့ဖျင်းမှုကြောင့်လား။
လူမှုရေးမရှိ၊ ဂရုဏာမရှိတဲ့ စည်မဲ့ကမ်းမဲ့ နွားတွေကိုလွှတ်ကျောင်းတဲ့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့ စီးပွားရေးသမား နွားရှင်ကြောင့်လား။

သေချာတာကတော့ သူတို့နှစ်ဦးစလုံး အပြစ်မကင်းကြပါဘူး။ ကြားထဲက အပြစ်မဲ့ကလေးငယ်ကတော့...သနားစရာဗျာ....
အသက်တစ်ချောင်းရဖို့ခဲယဉ်းရတဲ့ကြားထဲ...ရခဲလှတဲ့လူ့ဘ၀မှာ...
အင်း......ဆင်းရဲ့မှုကို ခုတုံးလုပ်ပြီး ယိုးမယ်ဖွဲ့ အပြစ်တင်ရတော့မှာပေါ့လေ။

ဆေးရုံကိုသွားစုံစမ်းတော့ သူတို့ ရင်ခွဲစစ်ဆေးပြီးသားမို့ ထပ်မစစ်ပေးနိုင်ပါဘူးတဲ့။ (သူတို့က မှုခင်းနဲ့ပတ်သက်တဲ့စစ်ဆေးတဲ့ ပုံစံနဲ့စစ်ဆေးတာလား...သာမန်အလောင်းစစ်ဆေးနည်းနဲ့စစ်ဆေးတာလား..ဆိုတာလည်း ရေရာသေချာတဲ့အဖြေ မရခဲ့ပါဘူး)

ကြားရတဲ့ သတင်းတွေကတော့ နွားရှင်က သူ့ကိုတရားစွဲလည်း ဂရုမစိုက်ပါဘူးတဲ့. အကြောင်းက ဆေးရုံအုပ်နဲ့သူ အပေးအယူတွေနဲ့ အလောင်းစစ်ဆေးတာတွေကို သေချာစီမံထားလို့ပါတဲ့.(ရပ်ကွက်ထဲက ကြားရတဲ့သတင်းပါ) သေချာဟုတ်မဟုတ်ကတော့ ဆေးစစ်ချက်အဖြေထွက်မှပဲ သိရမှာပေါ့။

အကယ်ရွေ့များ ဆေးစစ်ချက်အဖြေက နွားကန်ဒဏ်ရာကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ သုံးသပ်ချက်များပါလာရင် နွားရှင်အပေါ် ကျနော်တို့ စွဲဆိုထားတဲ့ အမှုက အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရဲစခန်းမှာ မနေ့က အမှုဖြစ်စဉ်တောင်မပြောရသေးဘူး စခန်းမှုးကဘာပြောလဲဆိုတော့ ...ကလေးမသေဆုံးခင် ကုတင်ပေါ်က လိမ့်ကျတယ်မလားတဲ့.....
စဥ်းစားကြည့်ပါ....သူပြောလိုက်တဲ့စကားအတိမ်အနက်က ဘယ်လိုဥိးတည်နေတယ်ဆိုတာ...ဆိုလိုတာ..ကလေးကပဲ ကုတင်ပေါ်ကပြုတ်ကျလို့ သေတဲ့ပုံစံမျိုး....
ထမင်းစားကြည့်တဲ့သူတိုင်း စဉ်းစားတတ်ပါတယ်.....

ကျနော်စဉ်းစားကြည့်တာတစ်ခုရှိတယ်..ကလေးက ကုတင်ပေါ်ကပြုတ်ကျတာ ခေါင်းနဲ့လုံးဝမထိဘူး..ထိုင်လျှက်အနေအထားနဲ့ကျတာ။ ကုတင်ပေါ်ပြန်တင်တော့ နာတယ်ဆိုပြီး အော်ဟစ်ရင်း ဆုံးသွားတာပါ။ဒီတော့ စဉ်းစားမိတာက နွားကန်ခံရစဉ်က ရင်ညွန့်နံရိုးများ အကယ်ရွေ့ ကျိုးခဲ့ရင် သာမန်အခြေအနေမှာ မသိသာပေမယ့် ပြင်းပြင်းထန်ထန်လှုပ်ရှားမိရင် ကိုယ်တွင်း ကလီစာတွေကို ကျိုးတဲ့နံရိုးက ထိုးစိုက်မိပြီး သေဆုံးတတ်တယ်ဆိုတာ ကျနော်ကြားဖူး တွေ့ဖူးလို့ပါ.
အခုကလေးလည်း ဒီလိုပဲလို့ကျနော် ထင်ပါတယ်။

နောက်တစ်ခုက ဆေးရုံမတက်ခင် ရိုက်ခဲ့တဲ့ ဓါတ်မှန်ကို အပြင်ဆရာဝန်က ကြည့်ဲပီး မေးရိုးကျိုးလို့ ချက်ချက်းဆေးရုံတက်ခိုင်းတာကို ရင်ခွဲစစ်တော့ မေးရိုးကို ခွဲစိတ်စစ်ထားတာ မတွေ့ရဘူး။

မနက်ဖြန်နေ့လည် ၁ နာရီမှာတော့ ကလေးငယ်ကို သဂြိင်္ုလ်ပါတာ့မယ်။
ဆေးရုံဆေးစာက ကျနော်တို့ အတွက် အသုံးမကျဘဲ နွားရှင်ဘက်က အသာပေးရေးထားမယ်ဆိုရင်တော့ ကျနော်တို့က နွားရှင်ဘက်က မြှားကို ဆေးရုံဘက်ကို လှည့်ရတော့မယ်ထင်တယ်။ နွားရှင်ကို မိမိနစ်နာမှုအတွကိ အရေးဆိုရာကနေ နောက်ထပ် လူအများ ကလေးငယ်လို ဆေးရုံရဲ့ ပေါ့ဆကုမှုကြောင့် မလိုလားအပ်ဘဲ အသက်မဆုံးရုံးရအောင် လုပ်ဆောင်ရတော့မယ်လေ။

ကလေးရဲ့မိဘတွေဘက်က အရှင်ဦးဝီရသူ(မစိုးရိမ်)ကို လိုအပ်လာရင် အကူအညီတောင်းဖို့နဲ့ မဖြစ်မနေအခြေအနေရောက်ခဲ့ရင် ကလေးငယ်ကို သာဓကပြပြီး ဆေးရုံတွေရဲ့ ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ အလေးအနက်မထားမှု၊ တို့ကို သိရှိပြုပြင်နိုင်ဖို့ ဆန်ဒ ဖော်ထုတ်ကြမယ်လို့လဲ ကြားသိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ. ကျနော်ကတော့ ဥပဒေဘောင်ထဲက အတတ်နိုင်ဆုံးကြိုးစားပြီးမှ နောက်ဆုံးအဆင့်ကို ရွေးစေချင်တယ်။

အကယ်ရွေ့နစ်နာသူဘက်က အမှန်တရား ရပ်တည်မှုမရှိလို့ လုပ်သင့်လုပ်ထိုက်တာကို ကလေးမိဘနဲ့ အမှန်တရားမြတ်နိုးသူတွေက လုပ်ဆောင်ခဲ့ရင် မိတ်ဆွေတို့အနေနဲ့ ထောက်ခံအားပေးကြမှာလား....လို့ မေးချင်ပါတယ်ဗျာ..

(၁).... ဆေးရုံကိုသွားစုံစမ်းတော့ သူတို့ ရင်ခွဲစစ်ဆေးပြီးသားမို့ ထပ်မစစ်ပေးနိုင်ပါဘူးတဲ့။ (သူတို့က မှုခင်းနဲ့ပတ်သက်တဲ့စစ်ဆေးတဲ့ ပုံစံနဲ့စစ်ဆေးတာလား...သာမန်အလောင်းစစ်ဆေးနည်းနဲ့စစ်ဆေးတာလား..ဆိုတာလည်း ရေရာသေချာတဲ့အဖြေ မရခဲ့ပါဘူး) ကြားရတဲ့ သတင်းတွေကတော့ နွားရှင်က သူ့ကိုတရားစွဲလည်း ဂရုမစိုက်ပါဘူးတဲ့. အကြောင်းက ဆေးရုံအုပ်နဲ့သူ အပေးအယူတွေနဲ့ အလောင်းစစ်ဆေးတာတွေကို သေချာစီမံထားလို့ပါတဲ့.(ရပ်ကွက်ထဲက ကြားရတဲ့သတင်းပါ) သေချာဟုတ်မဟုတ်ကတော့ ဆေးစစ်ချက်အဖြေထွက်မှပဲ သိရမှာပေါ့။ အကယ်ရွေ့များ ဆေးစစ်ချက်အဖြေက နွားကန်ဒဏ်ရာကြောင့် သေဆုံးတာ မဟုတ်ဘူးလို့ သုံးသပ်ချက်များပါလာရင် နွားရှင်အပေါ် ကျနော်တို့ စွဲဆိုထားတဲ့ အမှုက အဟောသိကံ ဖြစ်သွားနိုင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ရဲစခန်းမှာ မနေ့က အမှုဖြစ်စဉ်တောင်မပြောရသေးဘူး စခန်းမှုးကဘာပြောလဲဆိုတော့ ...ကလေးမသေဆုံးခင် ကုတင်ပေါ်က လိမ့်ကျတယ်မလားတဲ့..... စဥ်းစားကြည့်ပါ....သူပြောလိုက်တဲ့စကားအတိမ်အနက်က ဘယ်လိုဥိးတည်နေတယ်ဆိုတာ...ဆိုလိုတာ..ကလေးကပဲ ကုတင်ပေါ်ကပြုတ်ကျလို့ သေတဲ့ပုံစံမျိုး.... ထမင်းစားကြည့်တဲ့သူတိုင်း စဉ်းစားတတ်ပါတယ်..... ကျနော်စဉ်းစားကြည့်တာတစ်ခုရှိတယ်..ကလေးက ကုတင်ပေါ်ကပြုတ်ကျတာ ခေါင်းနဲ့လုံးဝမထိဘူး..ထိုင်လျှက်အနေအထားနဲ့ကျတာ။ ကုတင်ပေါ်ပြန်တင်တော့ နာတယ်ဆိုပြီး အော်ဟစ်ရင်း ဆုံးသွားတာပါ။ဒီတော့ စဉ်းစားမိတာက နွားကန်ခံရစဉ်က ရင်ညွန့်နံရိုးများ အကယ်ရွေ့ ကျိုးခဲ့ရင် သာမန်အခြေအနေမှာ မသိသာပေမယ့် ပြင်းပြင်းထန်ထန်လှုပ်ရှားမိရင် ကိုယ်တွင်း ကလီစာတွေကို ကျိုးတဲ့နံရိုးက ထိုးစိုက်မိပြီး သေဆုံးတတ်တယ်ဆိုတာ ကျနော်ကြားဖူး တွေ့ဖူးလို့ပါ. အခုကလေးလည်း ဒီလိုပဲလို့ကျနော် ထင်ပါတယ်။ နောက်တစ်ခုက ဆေးရုံမတက်ခင် ရိုက်ခဲ့တဲ့ ဓါတ်မှန်ကို အပြင်ဆရာဝန်က ကြည့်ဲပီး မေးရိုးကျိုးလို့ ချက်ချက်းဆေးရုံတက်ခိုင်းတာကို ရင်ခွဲစစ်တော့ မေးရိုးကို ခွဲစိတ်စစ်ထားတာ မတွေ့ရဘူး။

မနက်ဖြန်နေ့လည် ၁ နာရီမှာတော့ ကလေးငယ်ကို သဂြိင်္ုလ်ပါတာ့မယ်။ ဆေးရုံဆေးစာက ကျနော်တို့ အတွက် အသုံးမကျဘဲ နွားရှင်ဘက်က အသာပေးရေးထားမယ်ဆိုရင်တော့ ကျနော်တို့က နွားရှင်ဘက်က မြှားကို ဆေးရုံဘက်ကို လှည့်ရတော့မယ်ထင်တယ်။ နွားရှင်ကို မိမိနစ်နာမှုအတွကိ အရေးဆိုရာကနေ နောက်ထပ် လူအများ ကလေးငယ်လို ဆေးရုံရဲ့ ပေါ့ဆကုမှုကြောင့် မလိုလားအပ်ဘဲ အသက်မဆုံးရုံးရအောင် လုပ်ဆောင်ရတော့မယ်လေ။ ကလေးရဲ့မိဘတွေဘက်က အရှင်ဦးဝီရသူ(မစိုးရိမ်)ကို လိုအပ်လာရင် အကူအညီတောင်းဖို့နဲ့ မဖြစ်မနေအခြေအနေရောက်ခဲ့ရင် ကလေးငယ်ကို သာဓကပြပြီး ဆေးရုံတွေရဲ့ ပေါ့ဆမှု၊ ဂရုမစိုက်မှု၊ အလေးအနက်မထားမှု၊ တို့ကို သိရှိပြုပြင်နိုင်ဖို့ ဆန်ဒ ဖော်ထုတ်ကြမယ်လို့လဲ ကြားသိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ်ပါ. ကျနော်ကတော့ ဥပဒေဘောင်ထဲက အတတ်နိုင်ဆုံးကြိုးစားပြီးမှ နောက်ဆုံးအဆင့်ကို ရွေးစေချင်တယ်။ အကယ်ရွေ့နစ်နာသူဘက်က အမှန်တရား ရပ်တည်မှုမရှိလို့ လုပ်သင့်လုပ်ထိုက်တာကို ကလေးမိဘနဲ့ အမှန်တရားမြတ်နိုးသူတွေက လုပ်ဆောင်ခဲ့ရင် မိတ်ဆွေတို့အနေနဲ့ ထောက်ခံအားပေးကြမှာလား....
လို့ မေးချင်ပါတယ်ဗျာ.....

သြော် အဲဒါကြောင့် ဒေါ်စုက ပြောခဲ့တာ ထင်ပါတယ် စီးပွားရှာ ချင်ရင်
ဆရာဝန် မလုပ်နဲ့တဲ့ သြော် .............ငွေ ၃သိန်းတောင်
မတန်တဲ့ အသက် တစ်ချောင်းပါလား

သြော်...မျက်ရည် ၀ဲမိပါတယ်

From:KoHein TayZa

272 shares
ဂဂျိုး ဂဂျောင် ဖိုးထောင် မှန်တယ် အင်တာနက်ဖတ်ပြီးပြီး ချင်း တော်တော်လေးကို တင်းသွားတာဗျ $ ရေးမပါဘူး လူတွေ ပိုက်ဆံရှိပါတယ်ဆိုပီးတော့ လုပ်ချင်တိုင်းလုပ်ဖို့စဉ်းစားနေကြတယ်
19 hours ago · Like · 7
Saw David တကယ့်ကိုစိတ်မကေါင်းစ၇ာတွေဘဲနော် ,,,,,,,
18 hours ago · Like · 4
Ko Tu စိတ်မကောင်းစရာပဲဗျာ
14 hours ago via mobile · Like · 1
Ko Oak Soe Myat နွားကန်တာထက် ဆေးရုံ ကဂရုတစိုက်ရှိ့ ခဲ့၇င် ကလေးရှင်နိင်မှာပေါ့ နော်
14 hours ago · Like · 1
Thi Ha အဲ ဒီ လို အုံ လိုက် ကျင်း လိုက် ကြီး ညီ ညွှတ် နေ ကြ သ လား ခွေး မျိုး တွေ တုတ် ကွာ ရ အောင် တုတ် အား ပေး တယ်
13 hours ago via mobile · Like
Frozen Barbie Ko
13 hours ago via mobile · Like
Aung Naing Oo အားဆပးတယ်ဗျာ မကောင်းမူ့မှာညီညွှတ်နေတဲ့သူတွေကို အမှန်တရားဘက်ကလူတွေကညီညီညွှတ်ညွှတ်နဲ့ ပြန်တိုက်ထုတ်ပစ်ရမယ် ဒါမှ လူ့အသိုင်းအဝိုင်းကျက်သရေရှိမှာ
13 hours ago · Like · 3
Phyo Nyi Nyi Thet ငါ$ရမ်းမျိုးချစ်တဲ့လူတယောက်ပါဒါပေမဲ့အားနည်းတဲ့သူကိုအားကြီးတဲ့သူကအနိုင်ကျင့်တာခဏခဏကြားနေရတော့စိတ်ကုန်ချင်လာပြီကွာ။
12 hours ago via mobile · Like
Amtd Amtd လူသားအချင်းချင်းစာနာမှုမရှိလိုက်တာ။
12 hours ago · Like
Min Paing Soe Oo စိတ်မကောင်းပါါဘူး.. ညီလေး
12 hours ago via mobile · Like
Mahar Minhlazayathu ရင်ထဲမှာတစ်မျိုးကြီးဖြစ်သွားတယ်ဗျာ...ပိုက်ဆံတွေဘယ်လောက်ပဲရှိရှိ အဲဒီကောင်တွေလည်းတစ်နေ့ကျရင်သေဦးမှာပါ...သူတို့အလှည့်မှ အခုလိုမကြုံကြပါစေနဲ့လို့...
11 hours ago · Like · 4
Zinwin Mar သနားပါတယ်
11 hours ago · Like · 1
Naing Linn Oo ဟုတ်တယ်နော်
11 hours ago via mobile · Like
Wai Wai Aung စိတ်မကောင်းလိုက်တာ ဆေးရုံကတာဝန်ရှိသူတွေ ကတာဝန်မရှိသူတွေဖြစ်နေပြီလား
11 hours ago · Like · 2
မျိုး ဝင်း လူစိတ်မရှိတဲ့သူတွေ တနေ့ဝဠ်ပြန်လည်လိမ့်ြးမည်
11 hours ago · Like · 1
Phoe Tae ဝဠိဆိုတာသေပြီးမှလည်တာမဟုတ်ဘူး....မသေခင်လည်လိမ့်မယိ..လူစိတ်မရှိတဲ့ကောင်တွေ
10 hours ago via mobile · Like · 2
Shwe Duwon အဲဒီလိုပဲ ဆရာဝန်တွေ ဖြစ်ကတတ်ဆန်းလုပ်တာတွေ
10 hours ago · Like · 1
Naing Tun Lin ဘယ်မြို့ကလဲ။ဆေးရုံအုပ်အမည် စခန်းမှုးအမည်အတိအကျဖော်ပြပေးစေလိုပါသည်။
10 hours ago · Like · 2
Wint Aiyee ဒီသတင်းကိုဖတ်ပြီးစိတ်မကောင်းလိုက်တာ။
10 hours ago via mobile · Like · 1
HEin HTet စည်းမဲ့ ကမ်းမဲ့ လွှတ်ထားတယ်ဆိုတာ ဘယ်လိုသက်သေ ပြမှာတုန်း။နွားစားကျက် နား က လေးရောက်သွားတာကော မဖြစ်နိုင် ဘူးလား။ မှန်တယ်ဆိုရင် လည်းဘုန်းကြီး ကဘာကိစ္စဝင် ပါရမှာတုန်း။နွား ကန်ခံရလည်းဆန္ဒပြ။ကြာရင် ဆန္ဒပြတာကို ဘယ်သူမှအ ရေးလုပ်မှာ မဟုတ်တော့ဘူး။
10 hours ago via mobile · Like
Myothwe Thwe မှုခင်းဆိုတာ very twisted ပါ။ ဘယ်သူ့ မှယုံလို့ မရပါဘူး။ တရားခံဘက်ကလည်း ဂရုမစိုက်။ ဆေးရုံကလည်း ဂရုမစိုက်။ လူနာရှင်ဘက်ကလည်း သနားစရာ ဖြစ်နေတယ်..ရှုထောင့်မျိုးစုံက ကြည့်ပြီးစဉ်းစားရင် အကောင်းဆုံးပါပဲ။ သေဆုံးသူ ကလေးလေး ကောင်းရာသုဂတိလားပါစေ။ ကျန်ရစ်သူမိသားစုလည်း အဆင်ပြောကြပါစေ။
9 hours ago · Like · 3
Thae Pu ဒါ တို့နိုင်ငံလေ ဖြစ်နေကြပဲ...လုပ်ပြီး မသိချင်ယောင်ဆောင် တို့လူမျိုး ခေတ်တွေပြောင်းကုန်ပြီ လူတွေမှာ စာနာစိတ် မရှိတော့ဘူး.....
9 hours ago · Like · 2
Min Khant Kyaw ဘာကြီးလဲ။နေရပ်လိပ်စာမတွေ့ပါလား?။ဖြစ်ရပ်ကစိတ်မကောင်းစရာပါ။နေရပ်မသိရတော့------------
9 hours ago via mobile · Like · 2
InnocentLove Chitthu စိတ်မကောင်းလိုက်တာ သနားလိုက်တာသားရယ် မသေသင့်ပဲသေရတယ်လို့ ဘဝကူးကောင်းပါစေကွယ်
8 hours ago via mobile · Like · 1
KO KO Chitthu မအံ့သြတော့ပါဘူး ဆေးရုံးဆိုတာကလဲ ပိုက်ဆံရှိရင်အသက်ရှင်မယ် ပိုက်ဆံမရှိ ရင်အသက်အသေခံရမယ့် ဆေးရုံးမျိုးတွေကြီးပဲ ရင်ခွဲ ရုံဆိုတာကလဲ သက်သေခံ ပစ္စည်းရောင်းစားတဲ့ နေရာပဲ ရိုးရိုးရှင်းရှင်းလေးပဲ တွေးလိုက်ပါ ဒီအမှုကို လက်လျော့လိုက် ( ငွေများတရားနိုင်တဲ့ )သူတို့ ဘက်က နိုင်သွားပါပြီ ကလေး အတွက် ဆုတောင်းပေးလိုက်ပါ
8 hours ago · Like · 7
ThuYain SoeTint ငွေမျာစတရာနိုင်တဲခေတ်ပါလာနော်
8 hours ago · Like · 1
ပိုးဟပ်ဖြူ ရရစ် " ဒါကြောင့် ဆေးရုံကို ချက်ချင်းတက်ပီး ဆေးကုသမှုခံယူပါတယ်။ ကုသမှု ခံယူတယ်သာပြောတယ်။ရောက်ကတည်းက ပါရာစီတမောနဲ့ ဘာမီတွန် နှစ်မျိုးဘဲ တိုက်တယ်တဲ့ဗျာ။ အံ့ရော.. ဆေးရုံတဲ့ဗျာ..။"

အဲ့ဒီ့ဆေးနှစ်မျိုးပဲပေးတယ်ဆိုတာကို ဗဟုသုတ နည်းပါးတဲ့ လူနာရှင်က ဘယ်လိုသိသလဲ ... ဒါတော့စဉ်းစားစရာတစ်ချက်ပါ ။ နောက်ပြီး ဖြစ်ဖြစ်ချင်းသတိလစ်သွားတဲ့လူနာကို burmeton ပေးလေ့မရှိပါဘူး ။ တစ်ဖက်သတ် ပြောနေတဲ့စကားတွေရယ် ... ပြီးတော့ ကိုယ်တိုင်လည်း သေချာမသိတဲ့ကိစ္စတစ်ခု ဖြစ်နေတဲ့အတွက် ကျွန်တော်မယုံရဲဘူးဗျ။

ကိုယ်လည်း ဂဃဏန သေချာမသိဘဲ ထင်မြင်ချက်ရမ်းသမ်းပေး ... ဟုတ်လားမဟုတ်လားမသိ share မယ်ဆိုရင်တော့ မကောင်းဘူးပေါ့ဗျာ ။

သေဆုံးသွားတဲ့ ဓါတ်ပုံထဲက ကလေးအတွက်တော့ စိတ်မကောင်းပါဘူး ။။ဓါတ်ပုံမှာ မေးရိုးနေရာလေးကို ဖုံးထားတာ .. အဖြစ်အပျက်ရဲ့ လိပ်စာမပါတာ ...ရေးတဲ့လူက တ၇ားလို*ရှေ့နေ ဖြစ်နေတာတွေကြောင့် သိပ်ဘ၀င်မကျဘူး ။
8 hours ago · Edited · Like · 7
Phyo Thu Ko ကောင်းရာသုဂတီလားပါစေ
7 hours ago via mobile · Like · 1
Lone Lone I do'nt think they r human
6 hours ago via mobile · Like
Khum Kham နတ်လူသာဓုခေါ်စေသော်
6 hours ago via mobile · Like · 1
Kyaw ZaYa စိတ်မကောင်းလိုက်တာညီလေးရာ ငါ့ညီလေး ကောင်းရာသုဂတိ ရောက်ပါစေ
6 hours ago via mobile · Like · 1
Love License သေသွားလားဟင်
6 hours ago · Like
Naung Latt ပြည်သူ့ဆေးရုံနာမည်ပြောင်းသင့်ပြီ
3 hours ago via mobile · Like · 1
Aung Ko Oo သားသမီးချင်းကိုယ်ချင်းစာပါ
3 hours ago via mobile · Like · 1
Phyo Ko Ko နောင်ဘ၀မှအေးချမ်းတဲဘ၀လေးကိုပိုင်ဆိုင်ပါစေ
3 hours ago via mobile · Like · 1
Nay Layoo ကိုယ်ပြုသည့်ကံ ကိုယ့်ထံ ပဲထင်ပြန်မှာပါ
မကြာခင် သူတို့အလှည့်ရောက်မှာပါ...
3 hours ago via mobile · Like · 1
Thike Htun အဓိကတစ်တရားခံက ကုသမှုကို
ပေါ့ပေါ့တန်တန်သဘောထားပြီးကု
သမှုပေးခဲ့တဲ့ပုဂ္ဂိုလ်အပေါ်လုံးဝတာ
ဝန်အပြည့်ရှိတယ်လို့ယုံကြည်ပါ
တယ်(လူမဆန်ဘူးဗျာတတ်မြောက်
ထားတဲ့ပညာရပ်ကအဟောသိကံ
ဖြစ်သွားရတာပါလား)
3 hours ago via mobile · Like · 1
Aung Zaw ကောင်း၇ာဘ၀ေ၇ာက်ပါစေ။
3 hours ago · Like · 2
Aung Kyawtun What's the responsibility of a hospital????
3 hours ago via mobile · Like · 1
Htet Htet Htay
3 hours ago · Like
Zaw Moe ဆေရုံကဆရာဝန်တွေရယ် စခန်းမှုးရယ်သူတို့သားသမီးတွေဒီလိုအဖြစ်မိုးနဲကြုံရင်ဘယ်လိုနေကြမလဲမသိဘူး တွေးကြည့်ကြစန်းပါ
about an hour ago via mobile · Like
Phay Win လူသားချင်းမစာနာတဲ့ကောင်တွယ်သေရင်အဝေစ့သွားမှာ
about an hour ago via mobile · Like
Kar Kar Lwin မှားမှားမှန်မှန် သေတဲ့လူက အသက်ပါသွားပြီ။ စိတ်ဓါတ်တွေကိုက
55 minutes ago · Like
Roland Zhang Good government ,Clean government ,
Rule of law တွေဘယ်ရောက်သွားပြီလည်း။
ဒါမျိုးအဖြစ်က ပြည်သူကိမိဘလို့ မတတ်မှတ်
နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းမီးမောင်းထိုး
ပြနေတယ်။

No comments: