Thursday 13 December 2012

သူလာတောင်းပန်မှာတောင် စိုးရိမ်မိ




အမိုက်မဲ တပည့်တော်သာ အရှင်ဘုရားတို့နေရာမှာဆို ခုချိန် သူလာတောင်းပန်မှာတောင် စိုးရိမ်မိမလားမသိ။ အတင်းတောင်းဆိုတော့မှ စိတ်မပါလက်မပါနဲ့ လာတောင်းပန်ရင်လဲ ဘာတန်ဖိုးရှိမှာလဲဘုရား။ တောင်းပန်ပါလို့ တောင်းဆိုနေရတယ်ဆိုထဲကိုက ဟုတ်ကိုမဟုတ်တော့တာ။ တကယ်ပဲ လူလိုနားလည်တတ်တဲ့သူဆိုရင် တောင်းဆိုနေဖို့တောင်မလိုဘူး သူကိုယ်တိုင် အပြေးလေးရောက်လာတာ ကြာပေါ့ အရှင်ဘုရား။

ခုလောက် ပက်ပက်စက်စက်လုပ်ထားပြီး အလွယ်လေး လာတောင်းပန်ေ
နရင် မကောင်းတတ်တော့ ခွင့်လွှတ်နေရဦးမယ်၊
လာမတောင်းပန်မှ ထိုက်ထိုက်တန်တန်လေး အကြွေးဆပ်လို့ရတာမှာ။
အကြွေးမှ တစ်ခုထဲမဟုတ်ဘူး၊ ၂ခု အရှင်ဘုရား။
၂၀၀၇တုန်းကလဲ သူပဲ ဝန်ကြီးချုပ်လေ။ အတွေ့ကြုံရှိတော့ လက်ယဉ်တဲ့သဘော လို့ပြောလဲ မမှားဘူးပေါ့ ဘုရား။
လာတောင်းပန်ခိုင်းတာထက် သူတို့အသိုက်တွေမျက်နှာ ဘယ်တော့မှပြန်မတွေ့ရတော့အောင် လုပ်သင့်တာ။
တောင်းပန်ခိုင်းမနေပါနဲ့တော့ဘုရား၊ တောင်းပန်နေရင် ခွင့်လွှတ်နေရဦးမယ်၊ ဒီမင်းဆိုးမင်းညစ်အကြောင်း ရှိရှိသမျှ ဒကာ/ဒကာမတွေအားလုံး နားလည်သွားအောင် ကြုံကြိုက်တဲ့အခါတိုင်း ဆုံးမသွန်သင် ပြောဆိုတာက ပိုပြီးထိရောက်တဲ့ တုန့်ပြန်နည်းဖြစ်လိမ့်မယ် ထင်မိပါတယ် အရှင်ဘုရား။
Like · · Share

Moe Koung Kin, Saw David and 24 others like this.
5 shares
Han Win Aung ကောင်းတယ်ဗျာ။။
about an hour ago · Like

No comments: