Thursday 6 December 2012

ဥပဒေအရ ဥပဒေအရဆိုပြီတော့....

26 minutes ago

the voice ဂျာနယ်မှာ သပိတ်စခန်းတွေ မီးလောင်ဗုံးသုံး ဖြိုခွင်တဲ့ ကိစ္စမှာ ခရိုင်ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးတင်ထွန်းနှင့် မေးခွန်းနှစ်ခုမှာ မေး=ညက ဖြေရှင်းဖို့လာတဲ့ ညွန်ကြားချက်က တိုင်းဒေသငကြီး ညွန်ကြားချက်လား၊ ပြည်ထောင်စုအစိုးရက ညွန်ကြားချက်လား
ရဲမှူး ဖြေ = ဒါကတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့က ဥပဒေနဲ့အညီလုပ်ခြင်းဖြစ်ပါတယ်။ ပြစ်မှုဆိုင်ရာ ဥပဒေကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇ မှာ ဥပဒေနဲ့ ဆန့်ကျင်တဲ့ အစုအဝေးတစ်ခုကို
ဖြိုခွင်းရမယ်လို့ ပါပါတယ်။. ကျွန်တော်တို့က တည်ဆဲဥပဒေကို လိုက်နာပြီးတော့မှ တည်ဆဲဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ လို့ဖြစ်ဖြေကြားခြင်းဟာ တိုင်းဒေသကလည်း ခိုင်းတာမဟုတ်ဘူး ပြည်ထောင်စုအစိုးရကလည်း ခိုင်းတာမဟုတ်ဘူးဆိုတော့ သူခိုင်းစေတာ သူလုပ်တာလို ၀န်ခံလိုက်တာပဲ ပုဒ်မ ၁၂၇ အရ ဘာလက်နက်မှ မပါနဲ့ သံဃာတော်တွေကို မီးလောင်ဗုံးသုံးပြီ ဖြိုခွင်းရမယ့်လို့ ပါလို့လား။ ဖြိုခွင်းတားဆီးမှုအပေါ်မှာ ဒီလောက် ရက်စက်ကြမ်းတမ်းမှုနည်းနဲ့ ဖြိုခွင်းရမယ်လို့ ပါလား။ စစ်ပွဲတွေမှာတောင် မသုံးရတော့တဲ့ လက်နက်ကို ပုဒ်မ ၁၂၇ အရ သုံးတာပါဆိုတာနောက်လဲ ဥပဒေအရ ဥပဒေအရဆိုပြီတော့ လူတွေကို တိရစ္ဆာန်လေးတွေ သတ်သလို့မျိုး လိုက်သတ်နေကြဦးမှာပဲ။ အောင်နေမျိုး

  • 13 people like this.
  • Han Myo သူပြောပုံ ဆို အနူမြူ ဗုံးသုံးပီး မခွဲ တာတောင် ကျေးဇူးတင်ရမလို လိုပေါ့ ဟွန်းးးးနားကို လှည့်ပီးပါးရိုက်နေတယ် ....

No comments: