Friday 22 February 2013

ကချင်တွေရဲ့ ဂျပန် တော်လှန်ရေး အကြောင်း


ကချင်တွေက ဂျပန် နိုင်လို့ အောင်ပွဲခံ မနောပွဲ (Padang Manau Poi) ကို ၁၉၄၅ မတ်လ ၂၄ မှ၂၆ အထိ ဗန်မော် အထက် စိန်လုံ (Zinlum Kaba) မှာ လုပ်တယ်။ ဂျပန် နိုင်တယ် ဆိုတာ ကချင်ပြည်က မောင်းထုတ်တာကိုပဲ ပြောတာ မဟုတ်၊ ထိုင်းထိ လိုက်တိုက်ပြီး အောင်ပွဲခံတာကို ပြောတာပါ။

ကချင်တွေ တိုက်တဲ့ ဂျပန်တွေ ထိုင်း အထိ ပြေးသွားပြီးနောက်မှ ဗမာတွေက ဖက်ဆစ်ဂျပန် တော်လှန်ရေး ဆိုပြီး မတ်လ ၂၇၊ ၁၉၄၅ မှာ စတယ်။


နောက်ပိုင်း အဲဒီ ဖဆပလ ကပဲ ကချင်တွေကို လိမ်ကောက်သွားတယ်။

ဂျပန် စစ် တောက်လျှောက် ၁၉၄၃-၁၉၄၅ သုံးနှစ်တာကာလ လုံး ကချင်က ဂျပန်ကို တိုက်နေတဲ့အချိန် ဒေါက်တာ ဘမော် အစိုးရ ဆိုပြီး အောက် ဗမာပြည်မှာ ဂျပန် အစိုးရ နဲ့ ပေါင်းပြီး တိုင်းရင်းသား ဂျပန် တော်လှန်ရေး သမားများကို နှိပ်ကွပ် နေခဲ့တယ်။

နောက်ပိုင်း ဂျပန် ရှုံးခါနီးမှ ဖက်ဆစ်ဂျပန်တော်လှန်ရေး ဆိုပြီး နာမည် ၀င်ယူတယ်။ မြန်မာ့ သမိုင်းမှာ အဲဒါပဲ သင်တယ်။ အဲဒါကြောင့် ကချင်တွေနဲ့ အတူတူ တိုက်ခဲ့တဲ့ အမေရိကန် စစ်ဗိုလ်တွေက ကချင် နဲ့ ဗမာ ဆက်ပြီး ပြဿနာ တက်မှာ မလိုလားဘူး။ သီးသန့် ဖြစ်ခိုင်း စေချင်ခဲ့တယ်။

ဒုတိယ ကမ္ဘာ စစ် တလျှောက်လုံးမှာ အင်္ဂလိပ် စစ်ပြေး အစိုးရဟာ ဆင်မ်းလား (အိန္ဒိယ) မှာ ရုံးထိုင်ပြီး မြန်မာပြည်အရေးကို အုပ်ချုပ်ခဲ့တယ်။ အဲဒီမှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ပေးဖို့ (ဆင်းမ်လား စက္ကူဖြူစီမံကိန်း) အစီအစဉ်ဆွဲခဲ့တယ်။ ဒါပေမယ့် ဂျပန် ဖက် တိုက်ခဲ့တဲ့ မြေပြန့်အဖွဲ့နဲ့ မဟာမိတ်ဖက်က တိုက်ခဲ့တဲ့ တောင်တန်းဒေသ တွေကို သီးသန့် လွတ်လပ်ရေး ပေးဖို့ အစီအစဉ် ရှိပြီးသား ဖြစ်တယ်။ (ဗမာခေါင်းဆောင်တွေ လွတ်လပ်ရေး တောင်းလို့ မဟုတ်ဘူး။ အင်္ဂလိပ်မှာ အမေရိကန် နဲ့ မဟာမိတ်များနဲ့ သဘောတူထားသည့်အတိုင်း ဒုတိယကမ္ဘာစစ်အပြီး ကိုလိုနီနယ်အားလုံးကို လွတ်လပ်ရေး ပေးဖို့ အစီအစဉ် ရှိပြီးသား ဖြစ်တယ်။) ဒါကိုသိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းက ကချင်ပြည်ကို ချက်ချင်း တက်သွားပြီး ကချင်ဒူဝါကြီးများကို စည်းရုံးခဲ့တယ်။ အဲဒီတုန်းက ကချင်ဟာ စစ်အင်အား အကောင်းဆုံး ဖြစ်တယ်။ ရှမ်းစော်ဘွားများလဲ ကချင်ဒူဝါများကို ယုံခဲ့တယ်။ နောက်တော့ ပင်လုံစာချုပ်ကြောင့် အင်္ဂလိပ်အစိုးရရဲ့ အစီအစဉ် ပျက်သွားတယ်။ ပင်လုံစာချုပ် ဆိုတာ မရှိခဲ့ရင် မြန်မာ နိုင်ငံ ဆိုတာ လက်ရှိ မြေပုံ အတိုင်း ဖြစ်လာမှာ မဟုတ်ပါ။

ကချင်နဲ့ ဗမာ လက်နက်ကိုင် အဖွဲ့တွေ ထိပ်တိုက် တွေ့နေခဲ့တာ ဂျပန်စစ်က စလာတာပါ။

နောက်ပိုင်း ကချင်လက်နက်ကိုင် တွေက ပြည်ထောင်စု အစိုးရ ထဲမှာ နေတဲ့ အချိန်တော့ ဗမာပြည်ကွန်မြူနစ် ဆိုတဲ့ ဗမာအုပ်စု နဲ့ ပြန်တိုက်ခဲ့ရတယ်။ ကွန်မြူနစ်ကျတော့ ကချင်တွေက တော်လှန်ရေး သမား ပြန်ဖြစ်သွားပြီ။


  • N'gun Ja Wa March 27, 1947... ၂၇ ရက်ဆိုတာထည့်ပါအုံ့း
  • Zau Man Hpunggan ဘီအိုင်အေက ဗမာပြည်ကို ဂျပန်လက်အောက်ကနေ လွတ်လပ်ရေး ရယူပေးခဲ့တယ်ဆိုတာ တကယ့်ဟာသပဲ။ မဟာမိတ်တပ်ပေါင်းစု၊ ကချင်လူမျိုးတွေ၊ မြောက်ပိုင်းကချင်ရိန်းဂျားတပ်သားတွေ တခြားတောင်ပေါ်သားလူမျိုးစုတွေနဲ့ ပူးပေါင်းပြီး ဂျပန်ကို နှင်ထုတ်ခဲ့တာပါ။ အောင်နိုင်မှု အထိမ်းအမှတ်အဖြစ်နဲ့ ကချင်ရိန်းဂျားတွေ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၄-၂၆ ရက်နေ့အတွင်း ဗန်းမော်မှာ ပနမ်မနောပွဲ(Panam Manau)ကို ကျင်းပခဲ့တယ်။ နောက်တစ်ရက် မတ်လ(၂၇)ကျမှ (ဗိုလ်ချုပ်)အောင်ဆန်းက ရန်ကုန်မှာ ဖက်ဆစ်တော်လှန်ရေးကို စတင်ခဲ့တာပါ။ ဒါ့ကြောင့် ဗမာတွေ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာ ပါဝင်ခဲ့တာ နှစ်လ၊ သုံးလပါပဲ။

    https://www.facebook.com/notes/lachid-kachin/%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%9E%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8-%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%9E%E1%80%95%E1%80%B9%E1%80%81%E1%80%BA%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/315724138523746
  • Zau Man Hpunggan It’s a funny thing to say that the BIA liberated Burma from Japanese occupation. The Allied Forces and the Kachin, the northern Kachin rangers, expelled all the Japanese in conjunction with some hill peoples. The Burmese and Shan sided with the Japanes...See More
  • Mun Zinghang ပဓန် (or) ပဒန် မနောပွဲ (Padang Manau) ဆိုရင် ကချင်အသံထွက်နဲ့ ပိုဆင်မလားလို့ 
  • Sydney Kachin Lazum The name of Kachin Warior in the photo is the Great Capt. Lahpai Mungga Tu, the resident of Bhamo, passed away 15 years ago. My aunt's father in law.
  • Num Ripan ကချင်တွေရှေးကတည်းက စစ်တိုက်ပြီးကြီးလာကြတာမယုံမရှိနဲ့။
  • Win Htun မ တိုက် ရ ဘဲ ကိုယ် လို ခြင် တာ ရ နိုင် တဲ. နည်း လမ်း တွေ ရှိ တယ်။ ငါ ဒို. လမ်း စဉ် ဘဲ-။ ကို အောင် ထွန်း ကို ၀ိုင်း ရံ ကြ ပါ။
  • Min Nge ဟုတ်ကောင်းဟုတ်မှာပါ ဒါပေမယ့်လဲ နည်းနည်းလေး ထပ်စဉ်းစားပါဦး အဲ့တုန်းကအခြေအနေလေးကိုပေါ့။စာဆိုတာ ကိုယ့်အယူအဆကို ကိုယ့်ဘက်က ပေါ်လွင်အောင် ရေးလို့ရတာချည့်ပါပဲ။လယ်လိုပဲ ဖြစ်ဖြစ်ပါ စည်းလုံးမှုပြိုကွဲအောင် လုပ်တဲ့ရည်ရွယ်ချက်မျိုးတော့ မကြိုက်ပါဘူးး

No comments: