Monday 10 December 2012

အကြွေး. . .

Cho Tu Zal


လာမယ့် ဇန်န၀ါရီ 2013 Fall မှာ ကျနော် ကျောင်းဝင်ခွင့်ရတယ်။ ကျောင်း ၃ ကျောင်းလျှောက်တာ ၃ ကျောင်းလုံး ၀င်ခွင့်ရပါတယ်။ အတက်ချင်ဆုံး
Writing and literature က နောက်ကျသွားလို့ August မှ တက်ခွင့်ရတယ်။
အာခီတက်ချာ က ဒီ ဇန်န၀ါရီမှာ တက်ခွင့်ရတယ်။
ဖလင် ကိုတော့ ၀င်ခွင့်သေချာတယ် ဆိုတာ သိရလို့ မလျှောက်သေးဘူး။


အာခီ တက်ဖို့
ဂရန့်နဲ့ လုန်း ၂ ခုလုံးရပါတယ်။
ဂရန့်က ပြန်ပေးစရာမလို၊
အကြွေး က အတိုးနည်းနည်းနဲ့ နှစ်ရှည် ချေးတာပါ။
ကုန်ကျစရိတ်ရဲ့ တ၀က်လောက်ပဲ ပြန်ပေးရမယ်။
ဒါပေမယ့် ဒီကြွေးမြီအတင်ခံပြီး တက်သင့်၊ မတက်သင့် စဉ်းစားနေတုန်းပဲ၊
အမှန်အတိုင်းပြောရရင် ကျနော် ကြီးကြီးကျယ်ကျယ် စိတ်ကူးယဉ်ကြံစည်ထားတာတွေ ကို ဆက်မလုပ်ချင်တော့ဘဲ၊
အိမ်ပြန်ချင်လှပြီ။

တကယ်တော့ မြန်မာပြည်က ဗီဒီယိုဒါရိုက်တာ ဘ၀ ဟာ
တောကျောင်းဆရာလေး လိုပဲ၊ ကိုယ်သိသလောက်လေးနဲ့ ပြန်ဖြန့်ဝေ နေရတဲ့ဘ၀ပါ။
ဒီနိုင်ငံကို ရောက်တော့ ဒီက ဟာတွေ ကို မြင်တော့ အားကျစိတ်နဲ့ ဒီလိုကြီးကြီးကျယ်ကျယ် ကြီးတွေ လုပ်ချင်စိတ်နဲ့ စိတ်ကူးယဉ်နေတယ်။
ဒါပေမယ့်. . .
မြတ်နိုးစွာ ကိုယ်တည်ဆောက်ထားတဲ့ ကိုယ့်ဘ၀ကို လွမ်းလှ။

လွမ်းစိတ် သည်းမခံနိုင်လွန်းရင်
ထ ပြန်လာခဲ့မယ်...

ချိုတူးဇော်

Like · · Share · 4 hours ago ·

Zaw Moeoo and 128 others like this.
Kitty Aye Mar Mar Pls attend Architect. You can support native from your professionalism. ဗီဒီယိုဒါရိုက်တာ life is up & down (sorry to say). I mean based on education is for permanent living. Both is good for you.
4 hours ago · Like · 3
Ye Win ကိုချို....နားမလည်ပေမဲ့ ....အားပေးနေတယ်။
4 hours ago · Like · 1
Hlaing Moe hey man,congratulation.
4 hours ago · Like · 1
Ko Ko Zaw Zaw congratulation ဗျာ
4 hours ago · Like · 2
Win Lwin Oo လေးစားပါတယ် ညီလေး
4 hours ago via mobile · Like
Cho Tu Zal Kitty Aye Mar Mar မကစ်တီရေ.. အာခီတက်ချာ ကို ကျနော်တတ်ချင်လို့သာ အဲဒီ ပညာကို သင်တာပါ။ လုပ်စားဖို့ မရည်ရွယ်ပါဘူး။ ကုမ္ပဏီတွေမှာ လခစား လုပ်ဖို့ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါ။ ရိုးသားစွာပြောရရင် ကျနော့် ဘ၀မှာ ဘာပညာကိုမှ ပိုက်ဆံရှာဖို့ ရည်ရွယ်ချက်နဲ့ မသင်ခဲ့ဖူးပါ။ အာရ်အိုင်တီမှာ အာခီယူတုန်းက အာခီက အမှတ်အနိမ့်ဆုံးလူတွေကို ခေါ်တဲ့ ဘာသာ ဖြစ်နေတယ်။ အလုပ်အာမခံချက် မရှိလို့ပါ။ ကျနော်က ၀ါသနာပါလွန်းလို့ ယူခဲ့၊ အကြောင်းကြောင်းကြောင့် စွန့်ခွာခဲ့တယ်။ ခု ဒီမှာ နေနေရတော့ အလုပ်ကြမ်းလုပ်နေရတာ၊ မတန်ဘူး။ ဒီတော့ တန်အောင် ဒီမှာနေတုန်း ပညာသင်မယ် လို့ ဆုံးဖြတ်တယ်။ ပညာသင်မယ် လို့ ဆုံးဖြတ်တာနဲ့ ကျနော့် စိတ်နှလုံးက အာခီ ကို တန်းရောက်တော့တာပဲ။
လူတွေကို အဆင်ပြေအောင် နေနိုင်ဖို့ စဉ်းစားတွေးခေါ် စိတ်ကူးတည်ဆောက်ရေးဆွဲပေးရတဲ့ ဒဿနဗေဒ ပညာတရပ်၊
အသိပညာ၊ အတတ်ပညာ၊ အနုပညာတို့ပေါင်းစပ်ထားတဲ့ ပညာ၊ (အင်ဂျင်နီယာကကောင်တွေ ဆဲလိမ့်မယ်)။
ဒါပေမယ့် လက်တွေ့မှာ လုပ်စားလို့ တော်တော် မကောင်းတဲ့ ဘာသာရပ်ဗျ။
သင်ထားတာနဲ့ ဘာမှ မဆိုင်အောင် ပိုက်ဆံရှိသူတွေ ခြယ်လှယ်သမျှ ခံရတဲ့ဘာသာ။
ဒါကြောင့် ဒီပညာကို လုပ်စားဖို့ မရည်ရွယ်ပါဘူး။
တနေ့နေ့မှာ ကျနော် ဟိုတခါရေးခဲ့တဲ့ ပြည်သူ့လွတ်မြောက်ရေး ပန်းခြံလို အထိမ်းအမှတ်အဆောက်ဦတွေ၊
ပျက်စီးယိုယွင်းပစ္စလက်ခတ်ဖြစ်နေတဲ့ ၀န်ကြီးပဒေသရာဇာ အုတ်ဂူလိုမျိုးတွေ . . ဒီဇိုင်းထုတ်ချင်၊ ဆွဲချင်တယ်။

ဂရင်းအာခီတက်ချာ ကို လေ့လာပြီး၊ ပြန်ဖြန့်ဝေချင်တယ်။
ဂရင်းစီတီပလန် တွေ ဆွဲချင်တယ်။
ပိုက်ဆံတော့ ရမှာ၊ ရှာနိုင်မှာ စိတ်ကူးမယဉ်မိသေးဘူး။
ဒီလိုနဲ့
အမေ့ရဲ့ ဒုက္ခအိုးလေး ကနေ အိုးကြီးဖြစ်လို့လာ. . .။

တက်ဖြစ်ချင်မှ တက်ဖြစ်မှာပါ...
ခု
အရမ်းပြန်ချင်နေတယ်။
မြန်မာပြည်က သတင်းတွေ ဖတ်ပြီး....
4 hours ago · Like · 11
Htike Htike Win ကိုယ်ဘာနဲ့ အသက်မွေးဝမ်းကျောင်း ပြုမှာလည်း ဆိုတာကို သိပြီဆိုရင် အဲ့ဒါကိုပဲ ဇောက်ချလုပ်သွားတာ ပိုကောင်းမယ် ထင်တယ်။ ကိုယ်တကယ်ဖြစ်ချင်တာကို လုပ်သင့်တယ် ထင်တာနဲ့ လဲခဲ့ဖူးလို့ ကျနော်ကတော့ ရလာဒ်ကို ကောင်းကောင်းသိသွားပြီ။ အဲ့ဒီ ရလာဒ်ကတော့" နောင်တ" ပေါ့။
4 hours ago · Like · 1
Wunnathiri Ashin ရှေ့သို့သာဆက်ပါ...... ၀ါးလုံးခေါင်းထဲ လသာတဲ့အလုပ်မျိုး မလုပ်ချင်စမ်းပါနဲ့ ဒကာချိုရေ...
4 hours ago · Like · 1
Cho Tu Zal Htike Htike Win
အဲလို မမြင်ပါနဲ့။ ဘ၀ ဆိုတာ ခနလေး။ ကိုယ့်စိတ်ကူးနဲ့ ကိုယ် . . .လွင့်လို့၊ မျောလို့ မကောင်းမှု ဒုစရိုက်မပါရင် ဘ၀က ကျေနပ်စရာကြီး။ ကျနော်က ကျနော့်ဘ၀ ကို ခေါင်းစဉ်တခုထဲအောက်မှာ သေ ရမှာ အရမ်းကြောက်တယ်။
4 hours ago · Like · 6
Nandar Kyaw Congratulation, ako Cho Tu Zaw.
4 hours ago via mobile · Like · 2
Zaw Myo Winွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှွှဲံအားပေးပါတယ်ဗျာ လောကမှာအရာရာကို သိအောင် ကြိုးစားသင်ယူတဲ့ မည်သူ့ကိုမဆိုလေးစားပါတယ်။
4 hours ago · Like
Yinmon Mon ကျမကတော့ ကိုချိုတူးဇော်လို ကိုချိုးတူးဇော်ထက် ဆိုးရွားစွာပဲ လက်တွေ့ ခံစားပြီးလို့ ဘဝဆိုတာ ခဏလေး ကိုယ့်စိတ်ကူးနဲ့ကိုယ် လွင့်လို့ မျောလို့ မကောင်းမှု ဒုစရိုက်မပါရင်ဘဝ က ကျေနပ်စရာကြီး ဆိုတာ ကို လုံးဝ ထောက်ခံပါတယ်..ရှယ်ခွင့်ပြုပါ
4 hours ago · Like · 1
Cho Tu Zal ဒီမှာ ကျနော်တို့ အသက်အရွယ်တွေ အတွက် Continuing Education ဆိုတာ ရှိပါတယ်။ ကွန်မြူနီတီကောလိပ်တွေမှာ ဖွင့်ထားတယ်။ Non Credit ပညာရေးတွေပါ။ အကုန်သိချင်တာ တက်လို့ရတယ်။
ဈေးပေါပေါလေးတွေ ရာဂဏန်းလောက်လေးတွေနဲ့ ဖွင့်ထားတာပါ။ ကျနော်က အကုန်လျှောက်ဖတ်၊ လျှောက်တက်ပါတယ်။
တချို့သင်တန်းတွေက ၀င်ဖို့ သတ်မှတ်ချက်တွေမီ မှ တက်ခွင့်ရတယ်။ ပိုက်ဆံပေးတိုင်းမရဘူး။ ကျနော်က ငါ ဘာမှ မရရင်နေပါစေ၊ ၀င်နားထောင်ရင် မရဘူးလား လို့ ရီဆက်ရှင်မှာမေးတော့ မရဘူးတဲ့၊ သူတို့ တက္ကသိုလ်မှာ ဒီလို လုပ်လို့ မရဘူး တဲ့။ ဟိုတနေ့က ဒေါက်တာဆွန်ယက်ဆင် ကားတကားကြည့်တော့ မော်စီတုန်းကြီးလည်း ခပ်တည်တည်နဲ့ တောက တက်လာ၊ ထီးချိုင်းကြားညှပ်ပြီး၊ တက္ကသိုလ်ဝင်တက်လို့ မနည်းတောင်းပန်လွှတ်ရတဲ့ အခန်းကြည့်မိလို့ ရယ်လိုက်ရတာ။ အဲဒါကြောင့် ကျနော့်ကို ကွန်မြူနစ် လို့
အပြောခံရတာ နေမှာပဲ။ ထင်ရာလုပ်တာ တူတာကိုး။
about an hour ago · Edited · Like · 2
Saw Tu Tu James ဂုဏ်ယူပါတယ်ဗျာ. ထပ်တူ ခံစားဝမ်းသာရပါတယ်။ဆုတောင်းပေးနေမယ်..
4 hours ago · Like · 1
Zaw Tinwin Congratulations--
4 hours ago · Like
Cho Tu Zal မတက်ချင်တော့ဘူး ပြန်ချင်နေပါတယ် ဆိုမှပဲ ဆုမတောင်းပေးကြနဲ့ဦးဗျာ..
4 hours ago · Like
Aye Aye Thwin Congratulations Cho Yu! I've been here almost 4 years but still home sick.
4 hours ago via mobile · Like
Aung Naing Oo သူငယ်ချင်းကိုဆရာလုပ်တာမဟုတ်ပါဘူးသည်းခံခြင်းသည်အောင်မြင်ခြင်းဆိုတာမမေ့ပါနဲ့ဘဝမှာကိုယ်လုပ်ချင်တာတွေလုပ်ရဖို့ကိုယ်မလုပ်ချင်တဲ့အလုပ်တွေလည်းလုပ်နေရတာပဲလေ လွမ်းစိတ်ကိုတောင့်ခံထားနော် အားပေးမဲ့သူငယ်ချင်တွေရီိပါတယ်။
4 hours ago via mobile · Like · 1
Soe Tun တခါတလေကျတော့လည်း တိုတောင်းတဲ့ဘ၀လေးမှာ ဘ၀တိုးတက် မြင့်မားအောင် ကြိုးစားနေထိုင်ရတာထက် ငိုစားရယ်စားတွေ မရှိဘူးဆိုရင် ကိုယ်ပျော်ရွှင်တဲ့ဘ၀လေးမှာ လုပ်ကိုင်နေရင်း နေထိုင်ရတာ ပိုအဓိပ္ပါယ် ရှိသလိုပါပဲ။
4 hours ago · Like · 1
Htike Htike Win ကျနော်လည်းပဲ ဝါသနာပါတာ၊ ဖြစ်ချင်တာတွေ များပါတယ်။ ဒါပေမယ့်လည်း ဘဝကို ခဏခဏ တစ်ကနေ ပြန်ပြန်စနေရာတာနဲ့ ဒုံရင်းက ဒုံရင်းပဲ ဖြစ်ဖြစ်နေရတယ်။ တခုခုကို တစိုက်မတ်မတ်လုပ်တဲ့ သူတွေက ဟိုးရှေ့မှာ ကျော်တတ်ကုန်ကြပြီ။ ဒါကြောင့် နောင်တ ရတယ်လို့ ပြောတာ။
4 hours ago · Like · 1
Soe Tun ဘ၀မှာ အနုပညာပိုးကြီးမားစွာ ပါလာရင် တော်တော် ဒုက္ခရောက်တယ်။ အောင်မြင်အောင် လုပ်နိုင်ရင် လုပ်၊ မဟုတ်ရင် ဟိုမရောက် ဒီမရောက်နဲ့ ကိုယ့်ရဲ့ အခြား အားသာတဲ့အရာတွေကို တစိုက်မတ်မတ် မလုပ်နိုင်ပဲ မှိန်ဖျော့သွားရတယ်။ (ကိုယ်တွေ့နဲ့ယှဉ်၍ ပြောခြင်း ဖြစ်ပါသည်။)
3 hours ago · Edited · Like · 1
Thurein Htat ဗိုလ်ချုပ်က ဦးဝင်းတင်ကို ပြောခဲ့ဖူးတာလေး သတိရဗျာ။
3 hours ago · Like · 1
Cho Tu Zal ပြန်ပြောပြပါဦး ကိုသူရိန်ထက်ရေ
3 hours ago · Like
Aye Min please relax because life is too short.
3 hours ago · Like
Soe Tun ဘ၀မှာ ဖြစ်ချင်တာတွေများပြီး တော်တော်များများကို လုပ်တတ်ကိုင်တတ်တာလည်း မကောင်းဘူး။ ထူးချွန်တဲ့သူဖြစ်လာဖို့ အရမ်း ခဲယဉ်းတယ်။ တခါတလေ ခပ်ထုံထုံနဲ့ ကြိုးစားအားထုတ်မှုကောင်းတဲ့သူပဲ ဖြစ်ချင်တယ်။ ဒါမှ ဘ၀မှာ သိပ်ရွေးချယ်စရာ မရှိပဲ ရတဲ့နေရာလေးမှာ တစိုက်မတ်မတ် ကြိုးစားအားထုတ်ရင်း အေးချမ်းတဲ့ဘ၀မျိုးလေး ရချင်တယ်။
3 hours ago · Like
Saw Tu Tu James ပျော်ရာမှာမနေ တော်ရာမှာနေပါ။ ကျနော့သမီး ဆေးမမှီတော့ ကျနော် အပြစ်တင်မိပါတယ်။ ကျနော့ဘကြီး ဒေါက်တာစောယုစိန် ကျောက်ပန်းတောင်း တသက်တကျွန်ပြန် နိုင်ငံရေး သမားကြီး က ဘာပြောလဲဆိုတော့ တနေံ ထမင်း၂နပ်ကို သက်သက်သာသာစားနိုင်ပြီး သူများကိုလဲခွဲကျွေးနိုင်တဲ့ပညာတတ်ရင်တော်ပြီပေါ့တဲ့ ။ဒါက ကျနော့ကိုနှစ်သိမ့်တာပါ။ ညီကော သူများတွေခွဲကျွေးနိုင်ပြီလာ...ခွဲကျွေးနိုင်ရင် ပြန်ခဲ့တော့နော...ကျနော်မိတ်ဆွေတွေကို ခွဲကျွေးပေးပါ..ကျနော်မနိုင်တော့ဘူး။ ဘာမှမတတ်နိုင်တော့ရင် သူတို့ နဲ့အတူရောတောင်းစားမယ်ဗျာ.
3 hours ago · Like · 3
Cho Tu Zal ကိုယ့်အကြောင်းနဲ့ ကိုယ်အကျိုး ဖြစ်လာရတာ၊ အင်မတန်ရင့်နေ ထော်နေတဲ့ အကြောင်းအကျိုးတွေက အဖန်ဖန် ဖြစ်နေရောပေါ့။ ပြင်ဖို့ မလွယ်လှဘူးထင်ပါရဲ့ဗျာ။ ဘုရားအဆူဆူတောင် ပွင့်ခဲ့ပြီးပြီ။
3 hours ago · Like · 2
Win Myat Myat ရေးရဲပြောရဲ.အကြောင်းအရာအစုံလဲသိဝေဖန်တဲ့နေရာမှာလဲလက်မနှေးတဲ့ကိုချိုတူးဇော်လိုလူမျိုးကိုဘဘဥိံးဝင်းတင်လိုသတင်းသမားလုပ်စေချင်ပါတယ်
3 hours ago · Like · 1
Cho Tu Zal သတင်းသမားက တိကျရတယ်ဗျ။ ကျနော်က ရှပ်လွန်း ပျာလွန်းလို့ မဖြစ်နိုင်ပါဘူး။ နောက် သတင်းသမား ခံစားချက်ကို ထိန်းနိုင်ရသေးတယ်။ ကျနော် အရည်အချင်းမမီပါဘူး။ သတင်းသမားတို့ နိုင်ငံရေးသမားတို့ ဖြစ်ဖို့။ ကိုယ့်ဟာကိုယ်ပဲကောင်းပါလေ့ဗျာ။
3 hours ago · Edited · Like · 4
Latt Latt Aye မြတ်နိုးစွာ ကိုယ်တည်ဆောက်ထားတဲ့ ကိုယ့်ဘ၀ကို လွမ်းလှ။

လွမ်းစိတ် သည်းမခံနိုင်လွန်းရင်
ထ ပြန်လာခဲ့မယ်...
3 hours ago · Like · 1
Tin Aung Win you must study more for you and country. Congratulation and FIGHTING!
3 hours ago · Like · 1
David Theik but without sth (here means knowledge), it is not worthy to go back, let me say, brother..by the way, how long it will take for Film course ?
3 hours ago · Like · 1
Cho Tu Zal At least 8 weeks to 1 year. As for me, 8 weeks is better for saving money and time.
3 hours ago · Like
Soe Tun ကျွန်တော်ကတော့ ကိုယ်မပျော်မွေ့နိုင်တဲ့ဘ၀မှာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေနိုင်တာထက် ကိုယ်ပျော်မွေ့ကြည်နူးတဲ့ဘ၀ (မဟုတ်တာ လုပ်နေတာကို မဆိုလိုပါ) ခက်ခက်ခဲခဲ ဖြတ်သန်းကြိုးစားနေရတာကို ပိုမြတ်နိုးခုံမင်တယ်။ အဲ့ဒီ ရွေးချယ်မှုအတွက် ဘယ်သူမှ မထိခိုက်စေဘူးဆိုရင်ပေါ့။
3 hours ago · Like
Cho Tu Zal For the Degree, 4 years for Graduate Degree and 2 years for Master Degree.
3 hours ago · Like · 1
David Theik 8 weeks isn't so short for film course ? if the whole course is 8 weeks (at least), it sounds interesting..how much do you have to pay (own/debt) for it ?
2 hours ago · Like
Khin SweWin dont come back Ko CTZ. It would be nice to stay there and educate yourself.
2 hours ago · Like
Cho Tu Zal $ 5300 for tuition and $ 1000 for equipments, all the courses dedicated to become a film maker, so I think that why should I use money and time for that, I have been already a film maker, a professional film maker, I know my stuffs very well, the only thing I need to learn is their system. As you know, their system is very different and higher than ours. So, I earnestly want to study the system, but not to learn about the concept. It may vary by depending on their own societies, I believe.
2 hours ago · Edited · Like · 1
Cho Tu Zal 1 year course is very expensive, $ 19,000 for tuition and $ 2000 for equipments.
2 hours ago · Like · 1
David Theik hmm....even 8 weeks course is already expensive.
2 hours ago · Like
David Theik ya, you are right, the system...!
2 hours ago · Like
Thant Zaw Oo အခုသိနေတာထက်ပိုပြီးသိအောင်လုပ်ပြီးမှပြန်လာခဲ့ပါ
လွမ်းလို့ပြန်လာရင်တွေ့ခွင့်ရတာကလွဲလို့ သူမသာ ကိုယ်အသုဘဘဲသူငယ်ချင်းရေ ၊ အချိန်တွေကုန်ခဲ့ပြီးမှတော့ ထူးစေချင်တယ်
2 hours ago · Like · 6
David Theik i get ,,way of thinking,, from Germans. it is an essential core for engineering, now i feel.
2 hours ago · Like
Cho Tu Zal May be the school I've chosen is expensive, New York Film Academy, a world famous private film school, all courses are practically approaches only. That is very interesting for me.
No film history, no philosophy, I don't want to learn those at my age.
2 hours ago · Like
David Theik Ah i see, you are already a Professional...and these seems boring to you.
2 hours ago · Like
David Theik do what you need, thanks for complete info.
2 hours ago · Like · 1
Cho Tu Zal Yes, that is, I mean that I don't need how to start a script, making a film, I believe that some tutors didn't know how I know, because most of them have a few experiences in the professional fields, they know theories only, there is very different between theories and practical fields.
2 hours ago · Like
David Theik hoke te..you completely right! theory & practical..
2 hours ago · Like
David Theik Art, Art .....that i value..
2 hours ago · Like
Cho Tu Zal ha ha... especially in Burma, they can't know how to deal the producers, how to make within one week, how to work with those actors, actress...managers...
2 hours ago · Like · 1
David Theik ya, you know well.., we (in Burma) cannot combine theory & practical, in fact only a few poeple can do it,(i.e., it is not a easy task!)
2 hours ago · Like
Mie Nge ဒိမှာတယောက်တည်းဘဲဟာ လုပ်ချင်ရာလုပ်ပေါ့ အခွင့်အရေးရှိနေတာဘဲ လွတ်လပ်မယ် စိတ်ပျော်မယ်ဆို ပြီးတာဘဲ
about an hour ago · Like

No comments: