Monday 10 December 2012

တရုတ်ကြေးနီတူးဖေါ်ရေးကြောင့် နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဖျက်စီးခံရတော့မည်လား၊

***************************************
Documentary မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးသူ နဲ့ Northwestern University မှ Medill School of Journalism မှာ ပါမောက္ခ လုပ်နေသူ Brent Huffman ဟာ အာဖကန်နစ္စတန်နိုင်ငံ Mes Aynak အရပ်ဒေသ မှ တရုတ် ကြေးနီ သတ္တုတွင်း လုပ်ငန်း အကြောင်းကို လိုက်နေပါတယ်။ အကြောင်းကတော့ အဲဒီ အနားမှာ ရှိနေတဲ့ နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဟာ အကာအကွယ် မဲ့နေတဲ့ အနေအထားနဲ့ ကြုံနေလို့ပါ။

၂၀၁၄ မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်တန် လုပ်ငန်းစ ဖို့အသင့်အနေအထားရှိနေတဲ့  အဲဒီဒေသကို French Archaeological Delegation in Afghanistan (DAFA) ရဲ့ ဒါရိုက်တာ Philippe Marquis ဦးဆောင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်များ (Archaelogists) ကတော့ အချိန်မီ ကယ်တင်နိုင်ဖို့ ရုန်းကန် နေရပါတယ်။ သူတို့ရဲ့ ရှေးဟောင်းသုတေသန လုပ်ငန်းခွင်လဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အနဲဆုံးလုပ်နိုင်မဲ့ အနေအထားကတော့ ၂၀၁၄ မတိုင်မီ တတ်နိုင်သလောက် ပြောင်းရွှေ့ခြင်း နဲ့ မှတ်တမ်းပြုစုထားနိုင်ဖို့ မျော်လင့်ပါသတဲ့။

China Metallurgical Group Corporation (MCC) ရဲ့ ညွန်ကြားရေးမှူးချုပ် Zhenguo Liu ကတော့ သူတို့ အနေနဲ့ အဲဒီဒေသမှာ ရှေးဟောင်းသုတေသနလုပ်ငန်းခွင် ရှိမှန်းလည်း မသိပါဘူး၊ လို့ ခတ်တည်တည် ပြောသွားပါတယ်။ နောက်ပြီး၊ သိပ်မကြာခင် ပြဿနာ တွေ ပြေလည်သွားမှာပါ၊ ဆိုပြီး ခတ်ပေါ့ပေါ့လည်း ပြောထားပါတယ်။ လုပ်ငန်းရပ်ဖို့တော့ တစ်ခွန်းမှ မဟပါ။

တာလီဘန် တွေရဲ့ ခြေကုတ်ယူထားတဲ့ အဲဒီ ဒေသမှာ နှစ်ပေါင်း ၅၀၀ လောက် သက်တမ်းရှိတဲ့ ဒေသခံရွာတွေ အများအပြားလဲ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ဒေသခံများကိုတော့ လျှော်ကြေး မဖြစ်စလောက်လေး ပေးပြီး မောင်းထုတ်ဖို့ လုပ်နေတာပါ။ ဒေသခံများ မကျေနပ်လို့ အစိုးရကို တိုင်လဲ ပြန် အရိုက်ခံရ တတ်ပါသတဲ့။ ဒေသခံ တဦးပြောတာက၊ ကျနော်တို့ ဘိုးဘွား၊ ဘေဘင် လက်ထက်ကတည်းက နှစ်ပေါင်းရာချီပြီး အေးအေးဆေးဆေး နေလာတဲ့ အိမ်ပိုင်၊ ယာပိုင် ဘ၀ကနေ လမ်းဘေးတောင်းစားရတဲ့ ဘ၀ကို ရောက်ရတော့မယ်၊ လို့ ပြောပါတယ်။

မူရင်း သတင်းများ ဖတ်ချင်ရင် >>>>http://goo.gl/zoMqk
Documentary မှတ်တမ်းရုပ်ရှင်များ ရိုက်ကူးသူ နဲ့ Northwestern University မှ Medill School of Journalism မှာ ပါမောက္ခ လုပ်နေသူ Brent Huffman ဟာ အာဖကန်နစ္စတန်နိုင်ငံ Mes Aynak အရပ်ဒေသ မှ တရုတ် ကြေးနီ သတ္တုတွင်း လုပ်ငန်း အကြောင်းကို လိုက်နေပါတယ်။ အကြောင်းကတော့ အဲဒီ အနားမှာ ရှိနေတဲ့ နှစ်ပေါင်း ၂၀၀၀ ကြာပြီ ဖြစ်တဲ့ ဗုဒ္ဓဆင်းတုတော် ၂၀၀ ကျော်လောက်ဟာ အကာအကွယ် မဲ့နေတဲ့ အနေအထားနဲ့ ကြုံနေလို့ပါ။

၂၀၁၄ မှာ ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်တန် လုပ်ငန်းစ ဖို့အသင့်အနေအထားရှိနေတဲ့ အဲဒီဒေသကို French Archaeological Delegation in Afghanistan (DAFA) ရဲ့ ဒါရိုက်တာ Philippe Marquis ဦးဆောင်တဲ့ ရှေးဟောင်းသုတေသနပညာရှင်များ (Archaelogists) ကတော့ အချိန်မီ ကယ်တင်နိုင်ဖို့ ရုန်းကန် နေရပါတယ်။ သူတို့ရဲ့ ရှေးဟောင်းသုတေသန လုပ်ငန်းခွင်လဲ ဖြစ်ပါတယ်။ သူတို့အနေနဲ့ အနဲဆုံးလုပ်နိုင်မဲ့ အနေအထားကတော့ ၂၀၁၄ မတိုင်မီ တတ်နိုင်သလောက် ပြောင်းရွှေ့ခြင်း နဲ့ မှတ
်တမ်းပြုစုထားနိုင်ဖို့ မျော်လင့်ပါသတဲ့။

China Metallurgical Group Corporation (MCC) ရဲ့ ညွန်ကြားရေးမှူးချုပ် Zhenguo Liu ကတော့ သူတို့ အနေနဲ့ အဲဒီဒေသမှာ ရှေးဟောင်းသုတေသနလုပ်ငန်းခွင် ရှိမှန်းလည်း မသိပါဘူး၊ လို့ ခတ်တည်တည် ပြောသွားပါတယ်။ နောက်ပြီး၊ သိပ်မကြာခင် ပြဿနာ တွေ ပြေလည်သွားမှာပါ၊ ဆိုပြီး ခတ်ပေါ့ပေါ့လည်း ပြောထားပါတယ်။ လုပ်ငန်းရပ်ဖို့တော့ တစ်ခွန်းမှ မဟပါ။

တာလီဘန် တွေရဲ့ ခြေကုတ်ယူထားတဲ့ အဲဒီ ဒေသမှာ နှစ်ပေါင်း ၅၀၀ လောက် သက်တမ်းရှိတဲ့ ဒေသခံရွာတွေ အများအပြားလဲ ပြောင်းရွှေ့ဖို့ စီစဉ်နေပါတယ်။ ဒေသခံများကိုတော့ လျှော်ကြေး မဖြစ်စလောက်လေး ပေးပြီး မောင်းထုတ်ဖို့ လုပ်နေတာပါ။ ဒေသခံများ မကျေနပ်လို့ အစိုးရကို တိုင်လဲ ပြန် အရိုက်ခံရ တတ်ပါသတဲ့။ ဒေသခံ တဦးပြောတာက၊ ကျနော်တို့ ဘိုးဘွား၊ ဘေဘင် လက်ထက်ကတည်းက နှစ်ပေါင်းရာချီပြီး အေးအေးဆေးဆေး နေလာတဲ့ အိမ်ပိုင်၊ ယာပိုင် ဘ၀ကနေ လမ်းဘေးတောင်းစားရတဲ့ ဘ၀ကို ရောက်ရတော့မယ်၊ လို့ ပြောပါတယ်။

မူရင်း သတင်းများ ဖတ်ချင်ရင် >>>>http://goo.gl/zoMqk
Like · · · about an hour ago ·

  • 4 people like this.
  • ကို ထက် တရုတ်တွေ မိုက်မဲမူ့ကိုရပ်ပြီး အမြန်အမှန်မြင်နိုင်ကြပါစေ။
    ကြေးနီကတော့ ရှေးဟောင်းယဉ်ကျေးမူ့ကို ဖျက်ဆီးဖို့သေချာနေပါပြီ။
    ဘယ်သူလူမိုက်လုပ်မလဲ၊
    သမိုင်းတရားခံဖြစ်ခံမလား။ မိုက်လုံးကြီးလှတဲ့တရုတ်ပြည်ရေ။

No comments: