Friday 14 December 2012

ဒေါ်အောင်ဆန်းစုကြည် မိန်ခွန်းပြောကြားမည့် စင်အား ပေါက်ကွဲမူအသေးစားတစ်ခု ဖြစ်ပွားခဲ့


မြိတ်ခရိုင်ကျွန်းစုမြို့ နယ် ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည် မိန်ခွန်းပြောကြားမည့် စင်အား သန့်ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း NLD Central နှင့် NLD Dawei facebook များတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ သတင်းနှင့် ပတ်သတ်၍ ပေါက်ကွဲမှုဖြစ်စဉ်အပြီး ကိုယ်တိုင်သွားရောက် ကြည့်ရှုခဲ့သူ မြိတ်ခရိုင်ကျွန်းစုမြို့ နယ် ကန်မော်ရွာရှိ ဒေါက်တာထူးနေအောင်ကို မေးမြန်းခဲ့ရာ “ညနေ သုံးနာရီလောက်မှာ ဦးနောင်မဲပိုင်ဆိုင်တဲ့ ကွင်းပြင်မှာ သန့်ရှင်းရေးလုပ်ရင်း မြက်ခြောက်များကို မီးရှို့ရင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တာပါ အဲ့ဒီဖြစ်စဉ်မှာ မြက်ခြောက်မီးရှို့နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် အမျိုးသမီးနှစ်ယောက် ထိခိုက်ဒဏ်ရာအနည်းငယ် ရခဲ့တာပါ၊ တစ်ယောက်က ရင်ဘတ်မှာ နောက်တစ်ယောက် ပေါင်မှာပါ၊ တစ်ယောက်ကို ၂ ချက်စီလောက် ချုပ်ရတယ်” ဟု Eleven Media Group သို့ ဖြေကြားခဲ့သည်။

Share · 23541127 · 5 hours ago ·

Kyawkyaw Naing, Lookletmaung Mgn, Soe Zarnis and 232 others like this.
127 shares
William Right ရင်ဘတ်နဲ့ပေါင်မှာ တဲ့ ....
5 hours ago · 1
Roe Minn ညောင်သီးလည်းစား၊ လေးသံ လည်း နားထောင်ကြပါဗျာ။
5 hours ago · 1
McWoe Phee သြော်.. အာဏာရှင်ခေတ်က မိမဆုံးမ ဖမဆုံးမ စရိုက်တွေ မပျောက်သေးဘဲကိုး
4 hours ago · 1
Ko Sai မြက်ခြောက်ထဲဘာပါသွားလို့ပါလိမ့်
4 hours ago
တစ်ကိုယ်တော် ဖရုံစေ့ ဘာပေါက်တာတုန်းးး တင်ဦးလေ.. ကွာာ ဘာပေါက်လို့ ပေါက်မှန်းမတိ.. ဒဏ်ရာတော့ ရနေပါရဲ့
4 hours ago · 2
Wine Yarpyae မိုက်ရိုင်းလာပြီ
4 hours ago
Koko Myo ဘာမှမဖြစ်ကြပါစေနှင့်လိုပဲ့ဆုတောင်းပေးပါတယ်အေးချမ်းကြပါစ...
4 hours ago · 1
Myat Min Htet ဆုတောင်းနေပါတယ်ပျော်နေပါစေအချိန်တိုင်းမှာလိုချင်တာအကုန်သိမ်းသွားငါ့ဆီက.…………………………………………………………………အိပ်မက်မက်ခဲ့သူတစ်ယောက်ပါ……………ရပါတယ်ထွက်သွားပါ
4 hours ago via mobile
Aung Htain တို့ နှစ်ယောက်က အဆင်မပြေဖြစ်ကာ ပြည်တွင်းစစ်တိုက်နေကြရင် တောကြောင်တွေလက်ခမောင်းခတ်မယ် ချို ( စိုးလွင်လွင်ရဲ့ သီချင်းလေးကိုသတိရလို့ ပါ )ဒါသက်သက်မဲ့ အစိုးရကို ရန်စလိုက်တာပါ၊ ဘုန်းကြီးတွေတောင်မဖမ်းရဲတာ့ ငါတို့ ကိုတော့ မဖမ်းရဲ ပါဘူးကွာဆိုတဲ့ သဘော...ဘင်္ဂါလီတွေနဲ့ ၊မိုးသီးဇွန်တို့  နိုင်အောင်တို့ ခင်ဥမ္မာတို့ ကဘက်ပေါင်းစုံကနေ မြန်မာပြည်ကို ညှပ်တိုက်နေပါပြီ၊ ဒီတိုင်းဆို မကြာခင် ဘင်္ဂါလီတွေကလည်း တစခန်းထကြတော့ မှာပါ၊ငြိမ်းချမ်းရေးယူထားတာနဲ့  မြို့ ပေါ်မှာ လက်နက်ကိုင်ပြီးဆန္ဒပြတယ်ဆိုတာ ပြသနာပေါင်းသောင်းခြောက်ထောင်ရင်ဆိုင်နေရတဲ့ ပြည်ထောင်စုအစိုးရကို စိန်ခေါ်လိုက်တာပါ။ရထားတဲ့ ငြိမ်းချမ်းရေးကို ပျက်ပြားအောင်တဖက်သတ်ချိုးဖောက်လိုက်တာပါ။မြိတ်ကျွန်းစုမှာ ဒေါ်စု မိန့် ခွန်းပြောမဲ့ စင်နားမှာပေါက်ကွဲမှုဖြစ်တာလည်းဒင်းတို့ လက်ချက်ပဲဖြစ်မှာပါ၊ ဒီချိန်မှာ ဦးပိုင်ကို လူထုက အမြင်ကပ်နေတာသိလို့  အချိန်ကိုက် လုပ်လိုက်တာပါ။တပ်ကသာ ဒေါ်စုကို လုပ်ကြံချင်ရင် လွယ်လွယ်လေးပါ။ ဒေါ်စု Nobel ဆုတောင်ရလိုက်မှာမဟုတ်ပါဘူး။ချင့် ချိန်ပြီးယုံကြပါ။ ယုံကြည်မှုလွဲမှားသွားရင် မလိုလားတာတွေဖြစ်သွားနိုင်ပါတယ်။ဘင်္ဂါလီညီလာခံမှာ မိုးသီးဇွန်ပြောခဲ့ တဲ့ မြန်မာပြည်ကြီးကိုမီးလောင်တိုက်သွင်းဖို့ အစီအစဉ်ကို လက်တွေ့ အကောင်အထည်ဖော်နေတာပါ၊။တပ်နဲ့ ဘုန်းကြီးရန်တိုက်ပေးပြီးသွားပြီ၊ ပြည်သူတွေကြားထဲမှာလည်း ဆန္ဒပြတဲ့ ဘုန်းကြီးတွေကို ထောက်ခံတဲ့ လူနဲ့  ကန့် ကွက်တဲ့ လူဆိုပြီး သွေးကွဲကုန်ကြပြီဆိုတော့ နွားကွဲ ရင်ကျားဆွဲဖို့ ပဲကျန်တော့ တယ် ၊ ဘင်္ဂါလီတွေမလိုလားတဲ့ ဒေါ်စု နဲ့ ပြည်ပြေးတွေ၊ လက်နက်ကိုင်တွေ၊ ပြည်တွင်းက Hardliner တွေ မလိုလားတဲ့  ဗိုလ်ချုပ်ကြီးဟောင်းဦးသိန်းစိန်တို့ ကို တပြိုင်နက် ရှင်းထုတ်မဲ့ နွားခွဲပြီး ကျားဝင်ဆွဲမဲ့ အစီအစဉ်ကို မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးသတိရှိရှိနဲ့ ကာကွယ်ပေးကြပါ။
4 hours ago · 12
Aung Naing Win ယုတ်မာပက်စက်ပါလား
4 hours ago via mobile
Htay Aung ခတ်တိမ်တိမ်မတွေးကြစေချင်ဘူး
ဒေါ်စုလုံချုံရေးဟာတိုင်းပြည်တည်ညိမ်ရေးနဲ့ တိုက်ရိုက်
သက်ဆိုင်နေတယ် ဒေါ်စုတစ်ခုခုဖြစ်ခဲ့ ရင်ပြည်သူတွေ
အားလုံးလမ်းပေါ်ရောက်လာကြလိမ့်မယ် အဲဒါရဲ့ နောက်
ဆက်တွဲဘာတွေဆက်ဖြစ်လာမလဲဆိုတာပြောပြစရာတောင်
လိုမယ်မထင်ဘူး နိုင်ငံရေးအသိလုံချုံရေးသတိရှိကြစေချင်တယ်
4 hours ago via mobile · 7
Dmo Searcher အမေ အန္တရာယ်ကင်းပါစေ။
4 hours ago · 2
AU Gust နိုင်ငံရေးလှည့်ကွက်ကြီးတွေတော့ရှိလာပြီနော်.....သတိထားစေချင်ပါတယ်....အန်တီ...သတိလည်းအမြဲရှိနေသင့်တယ်
4 hours ago
Pa Dauk အမေ ဟာငါ ဒိုပြည့်သူတွေရဲ အသက် တွေပါ ပါပဲ
4 hours ago via mobile · 3
Aimo Kyaw Win အမေ စု ရဲ့လုံခြုံရေးအတွက်အလွန်စိုးရိမ်နေပါသည်။
3 hours ago · 1
Arkar Myint ခေါင်းဆောင်ကောင်းတစ်ယောက်ပေါ်ထွန်းရန်ခက်ခဲသည်မှာအမှန်
3 hours ago
Kothet Linoo ဘယ်သူ့မှမယုံရဘူး.....
3 hours ago via mobile
Nay Myothant မိုးသီးဇွန် လက်ချက်ဖြစ်မှာပါ
3 hours ago via mobile
Minkha San ကိုယ်မေကိုလိုးတွေဇတ်လမ်းကတော့စပြီ
3 hours ago via mobile
Pyinbu Thar Aung Htain ရေးတာကောင်းတယ်
3 hours ago via mobile
Zaw Min Min ဗိုလ်ချုပ်တုံးကသတိမမှုမိခဲလိုဆုံးရှုံးခဲရပြီးပြီအခုတကြိမ်တောအားလုံးသတိရှိကျခင်ဗျာနိုင်ငံတော်အစိုးရအနေနဲလည်းအန်တီစုအတွက်လက်နက်ကိုင်ကိုယ်ရံတော်ထားပေးသင့်တယ် ဖြစ်ပြီးမှနောင်တဆိုတာလူပိဏ်းတွေရဲ့စကားပါ
3 hours ago · 2
Ye Htun ဒေါ်အောင်ဆန်းစုကြည် လာရောက်ဟောပြောရန်အတွက် သန့်ရှင်းရေးလုပ်ပြီး အမှိုက်မီးရှို့ရာမှ spray ဘူးပေါက်၍ ထိခိုက်ဒဏ်ရာရ •

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ ညနေ (၃း၀၀)နာရီအချိန်ခန့်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာ၊ ဘုံကျောင်းနံဘေး၊စာသင်ကျောင်းလမ်း၊ ပျော်ပွဲရွှင်ပွဲပြုလုပ်နေသည့်ကွင်း တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များသည် ဒေါ်အောင်ဆန်းစုကြည် လာရောက်သည့်အ
ခါ ဟောပြောရန်အတွက် ကွင်းကို သန့်ရှင်းရေးလုပ်၍ အမှိုက်များကို မီးပုံရှို့ရာမှ အမှိုက်ပုံအတွင်း၌ ပါလာသော (spray) စပလေးဘူး ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပါသည်။ ၄င်းပေါက်ကွဲမှုကြောင့်
ဒေါ်ဝင်းကြည် (၅၄)နှစ် ၀ဲမျက်လုံးအောက်တွင် ပွန်းပဲ့
ဒေါ်ကြူသန်း (၄၄)နှစ် ပေါင်နှစ်ဖက်တွင် ပွန်းပဲ့
မဇင်ဇင်အေး (၁၇)နှစ် ရင်ဘတ်တွင် အဖုတက်
မမိုးပွင့်ဖြူ (၁၇)နှစ် ခါးတွင် ပွန်းပဲ့ ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိပါသည်။
3 hours ago · 1
NyiNyi Tun အမေအန္တရာယ်ကင်းဘေးရှင်းပါစေသတိဆိုတာပိုသည်မရှိပါဗိုလ်ချုပ်လိုတော့အဆုံးရှုံးမခံနိုင်ပါ
2 hours ago via mobile · 4
Lin Thu Zaw ခြင်ဆေးဘူးလို ဘူးမျိုးတွေ ထင်တယ်။ သတိထားစရာပဲ။
2 hours ago
Gunner Htein Linn တော်သေးတာပေါ့ မလာခင်ပေါက်လို့...
2 hours ago
Thein Htut သတိအမြဲရှိပါ..အမေ။
2 hours ago
Zaw Win Maung ပိုပြည့်စုံတဲ့ သတင်းမျိုး ဖြစ်သင့်ပါသည် ။ လူထု ဒေါသဆွပေးသော သတင်းမျိုးဖြစ်နေပါသည် ။
2 hours ago · 1
Naing Thu Soe အမေစုကိုတောင် ဒီလို လုပ်ကြံတယ် ဆိုတော့ လူကိုမဆန်တဲ့ လုပ်ရပ်ပဲ။ ခွေးတောင် ဒီလို လုပ်မှာမဟုတ်ဘူး။ ဘာဖြစ်လဲ မိုက်မဲနေကြတာလဲ မသိဘူး။ လောကကြီးမှာ တစ်ဦးကို တစ်ဦး ဒုက္ခမပေးဘဲ အချင်းချင်းရိုင်းပင်းကူညီရင်း ပျော်ပျော်ရွင်ရွင်နေထိုင်သွားရင် အကောင်းဆုံးပါပဲ။
2 hours ago
Zaw Win Maung ကိုYeHtun ဘယ်က ရတဲ့ သတင်းလည်း တော့ မသိဘူး ။ အဲ့ဒီ့လောက် သိမှ သာ eleven က တင်သင့်ပါသည် ။ ကိုယ့်ဟာကိုယ် နမော်နမဲ့ ဖြစ်တဲ့ကိစ္စက မိုးမီးလောင်သွားနိုင်ပါသည် ။ သတင်းသမားများ သတင်း တင်ဖို့လောက်သာ မဟုတ် နောက်ဆက်တွဲပြဿနာ စဉ်းစား ဆင်ခြင်ပြီးမှ သေခြာမှ တင်သင့်ပါသည် ။
2 hours ago
Thant Thway Naung ဘာလို့ပေါက်လဲကိုသေချာစုံးစမ်းပြီး ရေးမှပေါ့ ကိုကို 4 တို့ရေ
2 hours ago
Ye Yint Htun မလုပ်သင့်ဘူးခွေးမသားတွေ
2 hours ago
Thaw Zin အခုချိန်မှာ ဒီမိုကရေစီ လမ်းကြောင်းကိုသွားနေတဲ့အချိန်မှာ အရင်တုန်းအကျင့်တွေကို ထားခဲ့သင့်နေပြီနော် ။ထားကိုထားခဲ့ရမှာ ။နားလည်းပါတယ်နော် ။
2 hours ago via mobile · 1
Tin Min Lwin Facebook က သတင်း ကို ပြန် share တာ က တော့
2 hours ago via mobile
Myo Myint Yan Naung မီဒီယာများဆင်ခြင်သင့်ပါသည်။ saray ဘူးပေါက်ခြင်းသည်ဗုံးပေါက်ကွဲမှုမဟုတ်ပါ။တိုင်းပြည်ငြိမ်သက်မှုအားနည်းနေချိန်တွင်တာဝန်မဲ့စွာဖြင့်စနစ်တကျမစုံစမ်းဘဲမရေးသင့်ပါ။ရေးလျှင်တိကျသင့်ပါသည်။ ယခုတင်သည့်သတင်းကြောင့်တိုင်းပြည်တွင်တစ်ဘက်နှင့်တစ်ဘက်အမုန်းများဖြစ်သွားစေနိုင်ပါသည်။အစိုးရကိုတိုက်ခိုက်လိုလျှင်ဒဲ့တိုက်ပါ။ယခုလုပ်ပုံမှာ လက်သီးပုန်းသဖွယ်ဖြစ်ပြီးအစိုးရနှင့်ပြည်သူသွေးကွဲနိုင်ပါသည်. အဆိုးဆုံးတိုင်းပြည်တွင်လုံခြုံမှုမရှိယူဆကြရာမှတိုင်းပြည်ပျက်သွားနိုင်ပါသည်.ရန်စောင်မှုများကြောင့် ၈၈ ကဲ့သို့ခေါင်းဖြတ်သတ်မှုများပေါ်ပေါက်လာနိုင်ပါသည်။တိုင်းပြည်ကိုဆွဲမချပါနှင့်။
2 hours ago · 1
Ba Lay Htet Naing အမေရေ..ဂဌုန်ဦးစော က ကြိုးပေးသတ်ခဲ.ပေမဲ. မသေသေးဘူးဗျ ။ ခုထိရှိတုံး သတိထားပါအမေ
about an hour ago · 1
SoeMoe Win ပေါက်ကွဲရခြင်းကိုစုံစမ်းစစ်ဆေးဖော်ထုတ်
အရေးယူသင့်ပါတယ်နိုင်ငံအတွက်အလုပ်
လုပ်နေတဲ့ခေါင်းဆောင်တွေဆုံးရှုံးရင်အစားထိုးမရတဲ့သာဓကတွေသမိုင်းမှာကြုံတွေ့ ခဲ့ရတဲ့အတွက်ပြည့် သူ့ ခေါင်းဆောင် နိုင်ငံခေါင်းဆောင်တွေရဲ့ လုံခြုံရေးအတွက်ဦးစားပေးဆောင်ရွက်ရမဲ့ အချိန်အခါရောက်နေပါပြီ
about an hour ago via mobile · 1
Zwe Pyae spray ဘူးကို ဘယ်သူသွားထည့်လိုက်တာလဲ
ဖြစ်တောင့်ဖြစ်ခဲတွေပါလား
ဘာပဲဖြစ်ဖြစ် အမေ ခရီးစဉ်မဖျက်ဘူး ဆိုရင် ညီအစ်ကိုတို့ ပိုပြီး လုံခြုံရေးယူပေးကြပါဗျာ
52 minutes ago via mobile
Lookletmaung Mgn အမေစုရဲ့လုံခြုံရေးကိုရှုထောင့်စုံမှဝန်းရံပေးကြပါ။
11 minutes ago
Mglwin Mglwin အမေသတိရှိရှိလေးနေပါနော် လူတိုင်းကိုမယုံပါနဲ့ အမေအတွက်ဆုတောင်းပေးနေမယ်အမေကျန်းမာပါစေ
6 minutes ago via mobile

No comments: