Tuesday 11 December 2012

''ပူးပေါင်းပါဝင်လှုပ်ရှားနိုင်ရန်ဖိတ်ခေါ်ခြင်း''



ပြည်ထောင်စုလွှတ်တော်ပထမအကြိမ်၊ စတုတ္ထပုံမှန်အစည်းအဝေး၊ အမိန်ကြော်ငြာစာအမှတ် ၅၂/၂၀၁၂ ဖြင့်ဖွဲ့စည်းခဲ့သော ''လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရမှုစုံစမ်းရေးကော်မရှင်'' ၏ လေးချိုးတစ်ချိုးစာသက်တမ်းကာလအတွင်း ပြုလုပ်ဆောင်ရွက်နေသည့် အခြေအနေများ သည် ပွင့်လင်းမြင်သာထိရောက်မှုနှင့် ယုံကြည်ဖွယ်ရာလုံးဝမရှိသေးပါဟု ပဲခူးတိုင်းဒေသကြီး ''လယ်ယာမြေနှင့်အခြားမြေများသိ
မ်းဆည်းခံရမှူစောင့်ကြည့်ပံ့ပိုးရေးကွန်ယက်'' များမှခံယူပြီး ယင်းအခြေအနေအပေါ်.. ပြည်ထောင်စုလွှတ်တော်နာယက၊စုံစမ်းကော်မရှင်ဥက္ကဌ နှင့် အဖွဲ့ဝင်များ အနေဖြင့် ရှင်းလင်းချက်ထုတ်ပေးရန် တောင်းဆိုရေးလှုပ်ရှားမှုများကို စတင်သွားတော့မည်ဖြစ်ကြောင်းကြေငြာပါသည်။'' စောင့်ကြည့်ပံ့ပိုးရေးကွန်ယက်'' အဖွဲ့ဝင်လယ်သိမ်းခံလယ်သမားများသည် ပြည်ထောင်စုလွှတ်တော်မှဖွဲ့စည်းခဲ့သောစုံစမ်းရေးကော်မရှင်အပေါ် အပြုသဘောဖြင့်ကြိုဆိုခဲ့ပြီး၊ယင်းကော်မရှင်၏ လုပ်ရပ်များ ကို စောင့်ကြည့်လျှက်ရှိကာ
ယခုလှုပ်ရှားမှူသည်..''.စောင့်ကြည့်ပံ့ပိုးရေးကွန်ယက်'' ၏ပထမဆုံးတုံ့ပြန်မှုဖြစ်မည်ဖြစ်သည်။

ပြည်ထောင်စုအစိုးအရအဖွဲ့၏ မူဝါဒရေးရာပြုပြင်ပြောင်းလဲမှူများအပေါ် ထိရောက်မှုရှိ ခြင်း၊မရှိခြင်းကို အချက်အလက်များကိုးကား၍ခိုင်မာစွာထောက်ပြ နိုင်မှုသည် အပြောင်းအလဲများအပေါ်အကျိုးသက်ေ၇ာက်မှူရှိစေမည်ဟု ယုံကြည်သူများအားပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ပါစေရန်ဖိတ်ခေါ်အပ်ပါသည်။

ဆက်သွယ်ရန်- Civil And Political Rights Campaign Group .
ီD-4 လေးလွှာ၊ ရွှေတစ်ချောင်းလမ်းနှင့်ဝါရုံလမ်းထောင့်၊ခေတ်သစ်အိမ်ယာ၊ပြည်မြို့၊ပဲခူးတိုင်း
အနောက်ခြမ်း။
Phone Numbers- 0943006830/ 0949501030/09423668325/09421089798.
— with Naw Eh Htoo Hae, Kyaw Swar Myint, Pon Nya and 20 others.
Like · · Share

GKyaw Gyi, Minthar Kyi Minthar Kyi and 22 others like this.
25 shares
Yekyaw Thu သေချာပြီဆိုရင်တော့ပြောလိုက်ပါ-
22 minutes ago · Like

No comments: