ADSL လျှောက်ထားမှု တ၀က် ပယ်ချ
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းဟာADSL အင်တာနက်လိုင်း လျှောက်ထားမှု ၁၇၀၀ ကျော်
ရှိလာတဲ့အနက် လျှောက်လွှာ ၁၀၀၀ ကျော်ကို စစ်ဆေး စိစစ်ပြီး ၅၀၀ ကျော်ကို
ပယ်ချခဲ့တယ်လို့ သတင်းအချက်အလက် နည်းပညာဌာန အင်ဂျင်နီယာချုပ်
ဦးခင်မောင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
ပယ်ချခဲ့တဲ့ လျှောက်လွှာတွေဟာ တပ်ဆင်ထားတဲ့ တယ်လီဖုန်း ကြိုးလိုင်းတွေ
အိပ်ချိန်းနဲ့ ဝေးတာ အပါအ၀င်ADSL စနစ် တပ်ဆင်ပေးလို့
မဖြစ်နိုင်တာကြောင့်လို့ သူက ပြောပြပါတယ်။ လျှောက်ထားမှု ၁၇၀၀ ကျော်အနက် ၅၀၀
ကျော်ကို ခွင့်ပြုချက် ချပေးလိုက်ပြီး ဖြစ်ကာ ၃၀၀ လောက်ကိုတော့
အင်တာနက်လိုင်း တပ်ဆင်ပေးပြီးပြီလို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့
နိုဝင်ဘာ ၁ ရက်နေ့ကစပြီး မြန်မာ့ဆက်သွယ်ရေးဟာADSL အင်တာနက်လိုင်း
ကနဦးတပ်ဆင်ခတွေကို နဂို ကျပ် ၅ သိန်းကနေ ၅ သောင်းကို
လျော့ချပေးလိုက်တဲ့အတွက် လိုင်းလျှောက်ထားသူ အလွန်များပြားခဲ့ပြီး
လျှောက်လွှာတွေကို ကိုင်တွယ်တာ မနိုင်မနင်း ဖြစ်နေရတယ်လို့ ၈ မိုင်
မြန်မာ့ဆက်သွယ်ရေး ရုံးADSL လျှောက်လွှာလက်ခံတဲ့ ဌာနကနေ စုံစမ်းသိရပါတယ်။
No comments:
Post a Comment