Monday 10 December 2012

ခုနှစ်ခါလဲရင် ရှစ်ခါထမယ်.

Subscribe · 3 hours ago

ဒုတိယ ကမ္ဘာစစ်ကြီးပြီးတော့…စစ်ရှုံးသူနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ အဓိက ပါဝင်ခဲ့တယ်..။
သူတိုက်ထားတဲ့ စစ်ကုန်ကျစရိတ် ၊ သူသိမ်းပိုက်ထားလို့ စစ်ရှုံးတော့ ပြန်လည်ပေးချေရမဲ့ စစ်လျော်ကြေး
နှစ်ပေါင်းများစွာတောင်မှ ကျေနိုင်ပါ့မလား..။
ဂျပန်ကို စစ်တိုက်ဖြစ်စေတဲ့ အဓိက အကြောင်းရင်းက လူဦးရေ နှင့် နိုင်ငံအကျယ်အ၀န်းကြောင့်…။
ကမ္ဘာမှာ စတုတ္တလူဦးရေ အများဆုံးနိုင်ငံ…။
ဒါပေမဲ့ စစ်ရှုံးတော့ နိုင်ငံရှိ စစ်သား ၊ အမျိုးသားတော်တော် များများက ဂျပန်ထုံးစံအတိုင်း အရှုံးကို အသက်နဲ့လဲပြီး ကိုယ့်ကိုသတ်သေခဲ့ကြတယ်..။
ဂျပန်မှာ ပေးရမဲ့ စစ်လျော်ကြေးတွေ ၊ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို အမေရိကန်က စစ်ရေးအရ
ကာကွယ်ချုပ်ကိုင် ထားခဲ့လို…။ ဂျပန်မှာ စစ်ရေးမရှိ ၊ စီးပွားရေး…နိတ္ထိနဲ့..။ ဘယ်က စရမှန်းမသိ ဖြစ်နေချိန်…နေ့စဉ် ကိုယ့်ကိုယ်သတ်သေသူတွေ အဆက်မပြတ် ..၊
ဒီအချိန်မှာ စကားတစ်ခွန်း ထွက်ပေါ်ဘာတယ်..။

“ ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။”

ဘယ်လောက်ခက်ခဲနေပါစေ…

ခုနှစ်ခါလဲရင် ရှစ်ခါထမယ်..။
ရှစ်ခါလဲရင် ကိုးခါထမယ်..။
အကြိမ်တစ်ရာလဲရင် တစ်ရာ့တစ်ကြိမ်ထမယ်..။

ဒီစကားကြားရတော့ စိတ်ပျက်အားငယ်နေတဲ့ ဂျပန်တွေ ကိုယ့်နိုင်ငံကို အမေရိကန်က စစ်ရေးအရသိမ်းပိုက်ချုပ်ကိုင်ထားလို့ စိတ်ပျက်နေတဲ့ စစ်သားတွေ အာလုံးတတ်ကြွလာပြီး
သူတို့ရဲ့ အင်အားခွန်အားတွေအားလုံးကို စက်ရုံတွေမှာ အသုံးချရင်း ဂျပန်နိုင်ငံဟာ ကမ္ဘာကို
စီးပွားရေးနဲ့ ချုပ်ကိုင်လာ ဦးမော့လာနိုင်ခဲ့တယ်..။
ဂျပန်နိုင်ငံရဲ့ ပထမဦးဆုံးထုတ်ကုန်အဖြစ် ကမ္ဘာကို တိုးဝင်တဲ့ စီးပွားရေးက အမွှေးပွရုပ်တွေပါ….
— with Phyo Lay, Mission Twozeroonethree, Pu Kyu Ku and 25 others.

No comments: