Monday 10 December 2012

မိုဘိုင်းအင်တာနက်သုံးစွဲသူများ သိရှိစေရန်

MPT က ၂ဝ၁၃ ခုနှစ်မှစပြီး မိုဘိုင်း Internet ကြေးကို အင်တာနက် Data သုံးစွဲနှုန်းနဲ့ ကောက်ခံတော့မှာဖြစ်ပါတယ်။ ၂ဝ၁၂ ဒီဇင်ဘာလ မှာ အဲဒီစနစ်သစ်နဲ့ စတင်ကောက်ခံဖို့လုပ်ခဲ့ပေမယ့် 100 KB ကို၁ကျပ်နဲ့ကောက်ခံမည် ဟုကြေညာလိုက် ရာ ဈေးနှုန်းကြီးမြင့်ခြင်း အများပြည်သူက လက်မခံသောကြောင့် အချိန်တစ်လရွှေ့ဆိုင်းခဲ့ရပါသည်။

ထိုစဉ်ကမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ပြည်သူများ ယခင်ထက်ပိုမို သက်သာ
သော အင်တာနက်ဈေးနှုန်း လုပ်ပေးလို၍ဖြစ်သည် ဟုဆိုထားခြင်းကြောင့် အများပြည်သူများ တောင်းဆိုသင့်သော မိုဘိုင်းအင်တာနက်ကြေးမှာ
1 MB လျှင် ၁ ကျပ် ဖြစ်ပါသည်။

1 MB လျှင် ၁ ကျပ်နှုန်းဖြင့်သာကောက်ခံမည်ဆိုပါက ပြည်သူရော
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရော နှစ်ဦးနှစ်ဘက်မျှတမည်ဟုထင်ပါသည်။

မြန်မာ့ဆက်သွယ်ရေးမှကောက်ခံသင့်သောနှုန်းထား
---------------------------------------------------------
1 MB - ၁ ကျပ်
10 MB - ၁ဝကျပ်
1 GB - ၁ဝ၂၄ ကျပ်

အထက်ပါ ဈေးနှုန်းမှာ လူနေမှုအလွှာပေါင်းစုံမှ မြန်မာပြည်သူများ
သုံးစွဲနိုင်ရန်အတွက်အသင့်တော်ဆုံးကောက်ခံသင့်သောဈေးနှုန်းဖြစ်
ပါ၍ Data သုံးစွဲနှုန်း 1 MB လျှင် ၁ ကျပ်နှုန်းဖြင့်ကောက်ခံသင့်ပါသည်

မြန်မာပြည်သူများမှ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ 1MB လျှင် ၁ ကျပ်နှုန်းဖြင့်
ကောက်ခံ ရန်ဝိုင်းဝန်းတောင်းဆိုကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

( Myanmar Mobile App Store )
(https://www.facebook.com/myanmarmobileapp)

(မိုဘိုင်းအင်တာနက်ဈေးနှုန်းများသက်သက်သာသာနှင့်သုံးစွဲကြဖို့ ဝိုင်းဝန်းတောင်း
ဆိုရန်ယခု ပို့စ်ကို share ပေးကြရန် လိုအပ်ပါသည်)

No comments: