Monday 20 August 2012

စာပေစိစစ်ရေးဖျက်သိမ်းမှု ညွှန်ကြားချက် (၅၁)


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြန်ကြားရေးဝန်ကြီးဌာန
ပုံနှိပ်သူများ ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ
ကြီးကြပ်မှုဗဟိုအဖွဲ့
၁၃၇၄ ခုနှစ် ၊ ၀ါခေါင်လဆန်း ၃ ရက်
(၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၂၀ ရက်)
ညွှန်ကြားချက်(၅၁)
  1. စာပေစိစစ်ရေးဆိုင်ရာမူဝါဒများအား ခေတ်နှင့်အညီ အဆင့်ဆင့်ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိရာ ၂၀၁၁ ခုနှစ် ၊ဇွန်လ (၁၀) ရက်နေ့တွင် ပထမဆင့်အဖြစ် အနုပညာသုတရသ ၊ ကျန်းမားရေး ၊ ကလေး ၊နည်းပညာ ၊ အားကစားဆိုင်ရာဂျာနယ် ၊ မဂ္ဂဇင်း နှင့် စာမူများကို၎င်း ၊ ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာလ (၉)ရက်နေ့ တွင် ဒုတိယအဆင့်အဖြစ် စီးပွားရေး ၊ မှုခင်း နှင့် ဥပဒေဆိုင်ရာဂျာနယ် ၊ မဂ္ဂဇင်း နှင့် အထွေထွေစာမူများကို၎င်း ၊ ၂၀၁၂ ခုနှစ် ၊ မတ်လ(၁)ရက်နေ့တွင် တတိယအဆင့် အဖြစ် ပညာရေးဆိုင်ရာဂျာနယ် ၊ မဂ္ဂဇင်း ၊ အထွေထွေစာမူများကို၎င်း ၊ ၂၀၁၂ ခုနှစ် ၊ မေလ (၁၅) ရက်နေ့တွင် စတုတ္ထအဆင့်အဖြစ် ၀တ္တုစာမူများကို၎င်း ၊ အုပ်စု(၁)အတွင်းသို့ ပြောင်းလဲသတ်မှတ်၍ ထုတ်/တင် စနစ်ဖြင့် ထုတ်ဝေရန် ပြုပြင်ပြောင်းလဲဆောင်ရွက်ပေးခဲ့ပါသည်။
  2. ယခုအခါ အုပ်စု(၂)တွင် ကျန်ရှိနေသော သတင်းဂျာနယ်များ ၊ နိုင်ငံရေး နှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ နှင့် စာမူများ ၊ ဘာသာဆိုင်ရာဂျာနယ်များ ၊ မဂ္ဂဇင်းဂျာနယ်များ နှင့် စာမူများ ၊ ပြက္ခဒိန် ၊ ပို့စကတ် ၊ သ၀ဏ်လွှာ ၊ တေးသီချင်းများ ၊ သံရုံးစာပေများ နှင့်  အထွေထွေစာမူများအား ထုတ် / တင် စနစ်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ဤညွန်ကြားချက်ထုတ်ပြန်သည့်နေ့မှစတင်၍ ထုတ်/တင် စနစ်ဖြင့် ထုတ်ဝေရန် ခွင့်ပြုလိုက်ပါသည်။
  3. ထုတ်ဝေသူများသည် ထုတ်ဝေစာများကို ထုတ်/တင် စနစ်ဖြင့် ထုတ်ဝေကြရာတွင် ညွှန်ကြားချက်(၄၆)ပါမူများ နှင့် အညီ စိစစ်ထုတ်ဝေကြရန် နှင့် ထုတ်ဝေသည့် စာအုပ် ၊ စာစောင်များကိုလည်း ညွှန်ကြားချက် (၄၈) နှင့် အညီ ဖြန့်ချိသည့်အခါတိုင်း သတ်မှတ်အုပ်ရေ ၊ စောင်ရေ တို့ကို ဤဌာနသို့ ပေးပို့ စာရင်းသွင်းပြီးမှသာဖြန့်ချိကြရန် ထပ်မံညွှန့်ကြားချက်(၄၈) နှင့် အညီ ဖြန့်ချိသည့်အခါတိုင်း သတ်မှတ် အုပ်ရေ ၊ စောင်ရေတို့ကို ဤဌာနသို့ ပေးပို့ စာရင်းပေးသွင်းပြီးမှ သာဖြန့်ချိကြရန် ထပ်မံညွှန်ကြားပါသည်။
  4. ဤအဖွဲ့က ယခင်ထုတ်ပြန်ခဲ့သည် အောက်ဖော်ပြပါညွှန်ကြားချက် နှင့် အမှာစာများကို ရုပ်သိမ်းလိုက်သည်-
  • (က) ညွှန်ကြားချက် – ညွှန်ကြားချက် အမှတ် (၁) ၊ (၃) ၊ (၄) ၊ (၅) ၊(၆) ၊ (၇) ၊ (၈) ၊ (၉) ၊ (၁၀) ၊ (၁၃) ၊ (၁၅) ၊ (၁၈) ၊(၂၁) ၊ (၂၂) ၊ (၂၃) ၊ (၂၅) ၊ (၂၇) ၊ (၃၀ ) ၊ (၃၁ ) ၊ (၃၂) ၊ (၃၃) ၊ (၃၄) ၊ (၃၅) ၊ (၃၆) ၊ (၃၇) ၊ (၃၈) ၊ (၄၀) ၊ (၄၁) ၊ (၄၄) ၊ (၄၇)
  • (ခ) အမှာစာ – အမှာစာ (၁) ၊ (၂) ၊ (၃) ၊ (၅) ၊ (၆) ၊ (၇) ၊ (၈) ၊ (၉) ၊ (၁၀) ၊ (၁၁) ၊(၁၃) ၊ (၁၄) ၊ (၁၆) ၊ (၁၇) ၊ (၁၉) ၊ (၂၀ ) ၊ (၂၁) ၊ (၂၂)

No comments: