Tuesday 21 August 2012

" ခင်ဗျားတို့လဲ..ခံစားရမှာပါ "


ငယ်ငယ်က...
စစ်အစိုးရလက်ထက်...ပေါ်လစီသီချင်းတွေထဲမှာပါတဲ့
စာသားတွေကိုမှတ်မိတယ်..

သယံဇာတတွေပေါတဲ့မြေxxxx

တို့မြန်မာပြည်သယံဇာတ.
.ပေါကြွယ်ဝသလေ..xxxx

သယံဇာတ..xxxx
xxxx သယံဇာတ ...

စီးပွားရေးပိတ်တာတို့မှုပါ...
သယံဇာတပေါတဲ့မြေxxxxxx

ဘာညာပေါ့..
သယံဇာတခြင်းကိုထပ်နေတယ်....

အဲဒီတုန်းကစစ်အစိုးရလက်ထက်.
အာဏာရှင်တွေနဲ့..ခရိုနီတွေဟ
တိုင်းပြည်ရဲ့...သယံဇာတတွေကို...
တော်တော်..မျက်စောင်းထိုးနေကြပြီဆိုတာ..
အဲဒီသီချင်းတွေကြားတာတောင်..
မရိပ်မိခဲ့ဘူး....

နောက်ပိုင်းကျတော့..
..ရှိသမျှချုံးချုံးကျအောင်..
သမ.....ကြပါလေရောဗျာ..

တန်ဘိုးရှိတဲ့ရတနာမြေတွေကို...
စီမံကိန်းကြီးတွေမှာတောင်တွေ့ရခဲတဲ့..
ရာထောင်ချီတဲ့..စက်ယန္တယားကြီးတွေနဲ့..
မြေလှန်တယ်..ခြေမွတယ်..

မြစ်ချောင်းစပ်တွေကို...
ဓာတုပစ္စည်းတွေနဲ့..မွှေနှောက်ပြီး
ရွှေကျင်ကာ..အဆိပ်သင့်စေတယ်..

နှစ်ရာကျော်သစ်တောကြီးတွေကို..
မြက်ရိတ်စက်နဲ့ရိတ်သလို..
တ တိတိနဲ့...ရိတ်လှီးခုတ်ထွင်ကြတယ်..

ရေနံနဲ့...သဘာဝဓာတ်ငွေ့သိုက်တွေကို..
ကိုယ့်ဆီမှာမီးအပျက်ခံပြီး..သူတပါးနိုင်ငံကို..
အင်္ကျီံရင်ဘတ်က.ခွဲချလို့ရတဲ့.....
ဇစ်ကြီးလို.ပိုက်လိုင်းကြီးနဲ့..
ပို့တယ်..ရောင်းစားတယ်..

မြစ်ကြီးတွေကိုပိတ်..
ဆည်ဆောက်ပြီးလျပ်စစ်ထုတ်..
သူများကိုအလင်းပေး..ကိုယ့်ဆီမှာမှောင်အတိဖြစ်အောင်ကို..
တုံးခဲ့...ချော်ခဲ့..ညံ့ဖျင်းခဲ့ကြတယ်

ခင်ဗျားတို့..
ဘိုးဘေးတွေချန်ထားခဲ့တဲ့..
ဒီသယံဇာတတွေကို၊
ဒီရေကောင်းမြေကောင်းတွေကို..
တောတောင်သဘာဝအလှတွေကို..

နှစ် (၁၀၀၀)အတွင်း...
ပြန်ရအောင်ဘယ်သူလုပ်နိုင်လဲ...

နှစ် ၁၀၀၀ အချိန်ပေးမယ်ဗျာ.. နော်...
ခင်ဗျားတို့...လုပ်နိုင်မှာမို့လား......

ကျောက်မျက်ရတနာတွင်းတစ်ခုရဲ့သက်တန်းကတင်ကို...
နှစ် သန်းနဲ့ချီပါတယ်ဗျာ..

စဉ်းစားကြပါ..


တို့နိုင်ငံရေမြေရဲ့....
အစားထိုးမရနိုင်တဲ့...

ဆုံးရှုံးမှုတွေ...
ဘယ်ခေတ်မှာဖြစ်သွားလဲ...

ဘယ်ခေတ်မှာ....မျှော်လင်းချက်ကင်းမဲ့သွားလဲ..

ဒါ...ကိုယ့်သမိုင်းကိုယ်....ရေးလိုက်ကြတာပဲ...။



(အောက်ကသတင်းဖတ်ကြည့်လိုက်လို့..
.ဖြစ်ပေါ်လာတဲ့ခံစားမှုပါ...ခင်ဗျားတို့လဲခံစားရမှာပါ)

=======================================

မြန်မာနိုင်ငံ၌ သဘာဝသစ်တောကြီးများ ဖုံးလွှမ်းမှုမှာ ကုန်းဘောင်ခေတ်က နိုင်ငံ့အကျယ်အ၀န်း၏ ၇၀ ရာခိုင်နှုန်းရှိသော်လည်း ၁၉၆၂ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း ကျန်ရှိကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းကျန်ရှိပြီး ၂၀၀၈ ခုနှစ်တွင်မူ ၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့သည်ဟု စာရင်းအတိအကျဖြင့် ဆွေးနွေး ပြောကြားခဲ့ခြင်းဖြစ်သည်။

တန်ဖိုးမဖြတ်နိုင်သည့် သစ်တောများပြုန်းတီးမှုနှုန်းမှာ ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်းနှစ်စဉ် ၀ ဒသမ ၆၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း တစ်နှစ် ၁ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းကို အများပြည်သူအတွက် အိမ်ထောင်စုလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်စိစစ် လေ့လာခြင်းအကြောင်းကို ဆွေးနွေးရာ၌ ထည့်သွင်း ပြောကြားခဲ့ပါသည်။

ယင်းအပြင် ၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်သုံးနှစ်အတွင်း ပြုန်းတီးမှုနှုန်းမှာလည်း နှစ်ဆနီးပါးအထိ မြင့်မားခဲ့သည်ကိုလည်း တွေ့ရှိရသည်။

အဆိုပါ သုံးနှစ်အတွင်း တစ် နှစ်လျင် သစ်တောပြုန်းတီးမှုနှုန်းမှာ ၉ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ဆက်လက်၍ထိုသို့ ထုတ်ယူနေမည်ဆိုလျှင် မကြာမီနှစ်များအတွင်း မြန်မာနိုင်ငံ၏ သစ်တောများပြုန်းတီးမှုမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားတော့မည်ဟု သုံးသပ်ကြသည်။

ယခင်နှစ်က သစ်တောထွက်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၆၄၀ ကျော်သာရရှိခဲ့သည်။ သစ်လုံးတန်ချိန်ပေါင်းများစွာ ပြည်ပသို့ တင်ပို့သော်လည်း ရရှိသည့်ဝင်ငွေမှာ များစွာတိုးလာခြင်းမရှိဘဲ သစ်တောပြုန်းတီးမှုသည်သာ ၀င်ငွေနှင့်မလိုက်၊ ရာသီဥတုဖောက်ပြန်မှုနှင့် မလိုက်အောင် ရှိနေသည်။

မြန်မာနိုင်ငံ၏ ဒေသတွင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ မလေးရှား စသည်ဖြင့် နိုင်ငံပေါင်းများစွာမှဆိုလျှင် မြန်မာနိုင်ငံကဲ့သို့ သစ်တောပြုန်းတီးမှုမဖြစ်စေရန်အတွက် သစ်အလုံးလိုက် ပြည်ပတင်ပို့ခြင်းအား ကန့်သတ်ထားပြီး အချောထည်ထုတ်လုပ်တင်ပို့ခြင်းကိုသာ ခွင့်ပြုကာ မိမိနိုင်ငံ သစ်တောပြုန်းတီးမှုကို ကာကွယ်ထားသည်။ (Credit by EMG)

မူရင်းလင့်
http://www.weeklyeleven.com/index.php?option=com_content&view=article&id=15020%3A2012-08-19-04-28-13&catid=42%3A2009-11-10-07-36-59&Itemid=167

  • 62 shares
    • Thi Ha ပြည်ပကို သစ်တင်ပို့ မှု ၇ပ်ဆိုင်းသင့်ပြီ ။
      3 hours ago · · 2
    • Myo Chit Thu ပုံတွေကြည့်ရတါ ရင်နာတယ် ))):
      3 hours ago · · 2
    • Amt Dragon Amt ပြည်သူကျွန်းနဲ့ အိမ်ဆောက်ရင်ဖမ်းတယ်...သူတို့ နိုင်ငံခြားကိုရှိသမျှထုတ်ရောင်းရင်ဘယ်သူမှအရေးမယူဘူး...သူတို့ ကိုတရားစွဲလို့ မရဘူးလား...ရင်နာလွန်းလို့ ..တောက်
      3 hours ago · Edited · · 6
    • Pa Yit တစ်တိုင်းပြည်လုံး...ရာသီဥတုပျက်ပြီး...အမွေအနှစ်တွေခမ်းချောက်မဲ့ကိစ္စကို..လွှတ်တော်မှာအသေအကြေဆွေးနွေးရမှာ..ဘာမှမဆိုင်တာတွေကျတော့ဆွေးနွေးတယ်..၊အကျိုးစီးပွားနဲ့ယှဉ်လာရင်...ပါးစပ်တွေပိတ်ကြတယ်လေ..၊သယံဇာတထုတ်နေတာကဘယ်သူတွေလဲ...ဆိုတာနဲ့တင်....အသံတိတိတ်သွားကြတယ်...ရူးချင်ယောင်ဆောင်သွားကြတယ်..
      3 hours ago · Edited · · 8
    • Amt Dragon Amt အဲဒီစီးပွားရေလုပ်ငန်းရှင်တွေနဲ့ ခွင့်ပြုခဲ့တဲ့ စစ်တပ်အရာရှိအားလုံးကိုလူမဟုတ်တဲ့ တိ၇ိစ္တာန်စိတ်နဲ့ 
      ကောင်တွေလို့ ပဲမှတ်တယ်...ဥပဒေပြင်လို့ ရရင်ဒီကောင်
      တွေကိုတရားစွဲနိုင်တဲ့ဥပဒေထိရောက်အောင်ပြင်နိုင်ပါစေ...
      ဒါမှနောက်လူတွေမှတ်မှာ..မဟုတ်ရင်နောက်လူတွေကလဲ
      ရှေ့လူတွေလိုမဟုတ်တာလုပ်လဲအရေးယူမခံဘူးလို့ စိတ်ထဲထင်နေမယ်
      3 hours ago · · 4
    • ကြ ခတ် ကုန်ပြီ ကုန်ပြီ သိပ်မကြာခင် ကန္တာရ ဖြစ်တော့မယ် စစ်အဆိုးရ စစ်အစိုးရ ဘာမှကိုကောင်းကျိုးမပေးပါလားနော်
      3 hours ago · Edited · · 1
    • Aung Myo Naing သစ်တောဝန်ကြီးဌာနအနေနဲ့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ ရှိခဲ့တယ် ဆိုတာ ဝန်ခံသင့်ပြီ ဂြိုဟ်တုဓါတ်ပုံအထောက်အထားတွေ က ငြင်းမရတော့ဘူးလေ..ဒီတော့ ဘယ်လို ပြန်လည်ပြုစုပျိုးထောင်မလဲ..ဘတ်ဂျက်မရှိမလို့..ဝန်ထမ်းအင်အား မလောက်ငှလို့ ဆိုတဲ့ ခပ်ညံ့ညံ့အဖြေတွေ မလိုချင်ဘူး..ခုတ်တုံးကခုတ်ခဲ့တဲ့ Company တွေအားလုံး အခု ပြန်စိုက်ပေးဖို့အစိုးရ စီမံပေးရမယ်
      3 hours ago · · 7
    • Taw Pansy Seen is believing .
      3 hours ago ·
    • AC Win သစ်တောသာပြုန်းသွားတယ်..ပြည်သူတွေကဘာတခုမှမရ...ဆင်းရဲနေတုန်းပဲ...
      3 hours ago · · 2
    • Pa Yit သေချာတာကတော့..အခုရာသီဥတုတွေဖေါ်က်ပြန်နေတာ....ရေတွေကြီးနေတာ...သဘာဝတရားကြီးဖေါက်ပြန်အောင်လုပ်မိလို့ဆိုတာကိုပဲ....၊ဂေဟစနစ်ကပျက်လုနီးနီးဖြစ်နေပြီ....အရင်တုန်းက...ရေမြေတောတောင်သဘာဝတရားကြီးမျှတခဲ့လို့.တို့နိုင်ငံကို ကြီးမားတဲ့သဘာဝဘေးအန္တရာယ်..မကျရောက်စေခဲ့ဘူး...အခုနောက်ပိုင်းမှာဖြစ်စဉ်တွေစိတ်စိတ်လာတာ....အထင်အရှားပဲ...
      3 hours ago · · 2
    • Moe Kyaw Thu our resources have been raped. natural disaster accompanied with poverty is at the gate.
      3 hours ago · · 1
    • Thi Ha ဟုတ်တယ်ဗျာ သဘာဝဘေးအန္တ၇ာယ် ကြောင့် အထိခိုက်ခံ၇မယ့် နိုင်ငံတွေစာ၇င်းထဲမှာတောင် ဒုတိယ နေ၇ာေ၇ာက်လာတာသာ ကြည့်ကြပါတော့ ။
      3 hours ago · · 1
    • Pa Yit ဟုတ်တယ်ဗျာ....တစ်ခါမှမကြားဘူးဖူးဗျာ..".သဘာဝဘေးအန္တ၇ာယ် ကြောင့် အထိခိုက်ခံ၇မယ့် နိုင်ငံတွေစာ၇င်းထဲမှာတောင်တို့နိုင်ငံက..တကမ္ဘာလုံးမှာ. ဒုတိယ နေ၇ာ" တဲ့ဗျာ...ကို Thi Ha ပြောတာမှန်တယ်ဗျ....
      3 hours ago · Edited · · 1
    • Pa Yit သဘာဝဘေးတွေဖြစ်လာတာရယ်..၊သယံဇာတတွေကုန်တာရယ်..၊ပွင့်လင်းမြင်သာမှုမရှိတဲ့စီမံကိန်းကြီးတွေရယ်...၊အဂတိလိုက်စားတာတွေရယ်..အဲဒီရဲ့နောက်ဆက်တွဲတွေက..တိုင်းပြည်မတိုးတက်ရုံမက.....ပြည်သူတွေကိုပါသဘာဝဘေးကျရောက်တဲ့အထိဖြစ်နေတယ်..ဒါတောင်..ဒင်းတို့ကိုအခြေခံဥပဒေက..ကာကွယ်ပေးထားသေးဗျာ....၊အံဖွယ်သုတပါတကား။
      3 hours ago · · 4
    • Thi Ha
      Zegyo Mandalay
      တစ်ခါရောအခါ ဦးပဇင်းတစ်ပါး က ဆရာတော်ဘုရာဆီကို သူပြုစုထားတဲ့ကျမ်းစာတစ်စောင်ကို ဖတ်ပြီး လိုအပ်ပါက ပြင်ပေးပါရန် လျှေက်ထားပါတယ် ။ ဆရာတော်ကဖတ်ကြည့်ပြီးတော့ ပြန်ယူသွားဖို့ပြောတော့ ဦးပဇင်းက လိုတဲ့နေရာ မှားတဲ့နေရာကိုထုံးတို့ပြီး မှတ...See more
      3 hours ago · · 8
    • Pa Yit ကောင်းလိုက်တဲ့ဥပမာဗျာ...
      2 hours ago ·
    • Than Tun LOL!! ထုံးအိုးထဲသာ နှစ်လိုက်ပါတော့။။ :D
      2 hours ago ·
    • Real Choice အဲဒါက လက်ကားဖြန့်နေတာ လက်လီရောင်းတာတွေ့ချင်လား သီပေါမြို့ကို လာကြည့်လဲ့ပါ...
      2 hours ago ·
    • သံလွင် ရရစ် ရောင်းပြီး ဘာလုပ်ပလိုက်လဲ မသိဘူး
    • Seafaring Bird ရင်နာစရာတွေချည်းပါ။ပြည်သူအတွက်ကောင်းတာဘာမှမလုပ်ခဲ့ပါဘူး။အခုဘင်ဂါလီအရေးတောင်တိုင်းရင်းသားတွေအတွက် အမျိုးဘာသာအတွက်အာမခံချက်မရှိတာဘာကြောင့်လဲ။ဒီလိုလူတွေကိုချန်ထားခဲ့သင့်ပြီ။
    • Yan Aung နာဂစ်တုန်းက မိန်းမလှကျွန်းတ၀ိုက်နဲ့ ကျွန်းညိုကြီး စတဲ့ ဒီရေတောကြီးတွေ ကုမဏီပေးပြီး လက်လွတ်စပယ် ခုတ်ပစ်ခဲ့လို့ ပင်လယ်ဒီရေတွေ တောအဟန့်အတားမရှိပဲ တက်ပြီး အဲဒီတ၀ိုက်က မြို့တွေ ရွာတွေ ဘာဖြစ်ကုန်သလဲဆိုတာ သိသိချည်းနဲ့ အမှတ်မရှိကြဘူးဗျာ..။

      အဲဒီတုန်းက ဒီရေတောကြီးတွေ၊ လမု၊ မဓမ အစရှိတဲ့ တောတွေသာ ထူထပ်ခဲ့ရင် ဒီရေအရှိန် တန့်သွားနိုင်တာပေါ့.။
      45 minutes ago · Edited · · 1
    • Thone Drae Oo ဟုတ်တယ်..တကယ်ခံစားရတယ်...အကြွေးတွေတင်လို့သယံဇာတတွေကိုထိုးဆပ်နေရတဲ့အနေအထားကသိသာတယ်..ပြည်သူလူထုကဘာမှအကျိုးမခံစားရဘူး...ေ-ာက်ရူးထပြီးမြို့သစ်တည်တာနဲ့၊ ခိုးသားငါးရာဝိုင်းခိုးတာနဲ့ စစ်စရိတ်နဲ့..ဟိုလူ့မျက်နှာချိုသွေးရ ဒီလူ့မျက်နှာချိုသွေးရက အစစ်ပါသေး...တောက်
      43 minutes ago · · 1

No comments: