Tuesday 21 August 2012

မြန်မာ့စီးပွားရေးဦးပိုင်က တရုပ်ဝမ်ပေါင်ကုမ္မဏီနှင့် ပူးပေါင်းပြီး NLD ပါတီဝတ်စုံများဝတ်ဆင်စေကာ အဓမ္မလယ်သိမ်းခံရသော တောင်သူများနှင့်အဓိဂရုဏ်း ပြသနာဖြစ်ပေါ်စေရန် စီစဉ်လုပ်ဆောင်နေသည်ဟု မုံရွာဒေသခံများကပြောဆိုနေကြသည်။


Nay Thiha
၂၁.၈.၂၀၁၂ နံနက် (၇)နာရီခန့်တွင် NLD ဝတ်စုံများဝတ်ထားသော ရဲတပ်ဖွဲ့ဝင်များနှင့် ရဲဝတ်စုံဝတ်ထားသော ရဲတပ်ဖွဲ့ဝင် လေးဦးခန့်သည် မှန်လုံကားတစ်စီးဖြင့် မုံရွာအနောက်ဖက်ကမ်း လက်ပတောင်ြးေ
ကးနီစီမံကိန်းဘက်သို့ သွားကြောင်းကြားသိရသည်။ ထပ်မံကြားသိရသည်မှာ ထိုကားသည် ဝမ်ပေါင်ကုမ်ပဏီဝင်းအတွင်း၌ ရှိနေပြီး Light Truck တစ်စီးက NLD
အလံထောင်၍ တောင်ကြားထဲသို့ဝင်သွားကြောင်းကို သေသေချာချာမြင်တွေ့သူများက ပြောကြားသည်။ မည်သည့်ရည်ရွယ်ချက်ဖြင့်ထိုကဲ့သို့လုပ်နေသည်ကို မုံရွာမြို့နယ် NLD မှစိုးရိမ်စိတ်ဖြင့် သေချာဂရုစိုက် စောင့်ကြည့်၊ နားစွင့်ကာ အပြန်အလှန် သတင်းဖြန့်ဝေနေကြသည်မှာ ယခုအချိန်အထိဖြစ်သည်။

ThanLarWaddy Times
စစ်ကိုင်းတိုင်းဒေသကြီးဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းကြေးနီစီမံကိန်းမှာဖြစ်တာ ပါ။ မြန်မာ့စီးပွားရေးဦးပိုင်က NLDပါတီအင်္ကျီတွေဝတ်ပြီး ဒေသခံပြည်သူတွေထွက်လာ
အောင်ထောင်ချောက်ဆင်တယ်လို့သတင်းရပါတယ်။ NLD ပါတီလည်းနာမည်ပျက် ဒေသ
ခံတွေလည်းပုဒ်မ(၁၄၄)နဲ့ငြိစွန်းတယ်ဆိုပြီး ပစ်သတ်ရန်စီစဉ်တဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီနဲ့ တရုတ်ကုမ္မဏီ စစ်တပ် ရဲတို့ ပူးပေါင်းပြီးဆင်တဲ့သတ်ကွင်းတစ်ရပ်ဖြစ်ပါတယ်။
လုံထိန်းရဲကား(၃)စီး၊ရဲကား(၁)စီးနှင့် မီးသတ်ကားများဖြင့် တားဆီးညှိနှိုင်းရန်ရောက်လာသူ တောင်သူလယ်သမားများနှင့် ထိတ်တိုက်ဆုံမည့်အခြေအနေဖြစ်ပေါ်နေပါသည်။
မုံရွာနှင့် အနီးတစ်ဝိုက်မှ အင်အားစုများနှင့် မီဒီယာများဝန်းရံပေါင်းဖြည့် ကူညီနိင်ပါရန် ရေးသားသိစေအပ်ပါသည်။
ဆက်သွယ်ရန် ဖုန်းနံပါတ်များ...
၀၉၄၉၂၇၇၈၂၃
၀၉၄၀၀၄၅၆၁၀၆
၀၉၄၅၀၀၂၆၃၃၄
၀၉၄၀၀၄၀၁၁၈၉
၀၉၄၃၁၅၅၇၉၆

ဓါတ်ပုံ .. နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက် (ယနေ့သြဂုတ်လ ၂၁ရက်နေ့ လက်ပတောင်းကြေးနီစီမံကိန်းအနီးစောင့်ကျပ်နေသာ ရဲကားများ)

  • 49 shares
    • Zaw Naing Linn ဂွတ်ဂါဗားမင့်၊ကလင်းန်ဂါဗားမင့်ဆိုတာတော့တဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာနေပါပြီ
    • Arr Gyi ဦး ပိုင်ကလဲ...ယုတ်မာကြတယ်...NLD ပါတီ နဲ့ ပုံ မှားရိုက်အကောက် ကြံမှုတွေ ..လူအများသိရှိ အောင်သတင်းဖြန့်  မှဘဲ...ဒီလို အောက်လုံးတွေ များများဖော်မှ ..လူယုတ်တွေ ..ဗူး ..ပေါ်သလိုပေါ်မှာ..။
      5 minutes ago ·

No comments: