Saturday 25 August 2012

သတင်းထောက်တစ်ဦး သတင်းရယူစဉ် ဆွဲထုတ်ခြင်းခံရ



ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုတ်မှုဒဏ်ကိုခံစားနေရသော တောင်သူ လယ်သမားများ အတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ထုတ်ချေးပေးသည့်အခမ်းအနားသို့ Hot News ဂျာနယ်မှ သတင်းထောက်တစ်ဦးသည် (၂၅၊ ၈၊ ၂၀၁၂) သတင်းသွားယူခဲ့ရာ ခမ်းမအတွင်းမှ ပြန်လည် ဆွဲထုတ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားတွင် သတင်းမိဒီယာများမှ သတင်းရယူခွင့်ရှိသော်လည်း Hot News ဂျာနယ်မှ သတင်းထောက်အား သတင်းရယူခွင့်ပိတ်ပင်ခဲ့ခြင်းသည်။ ခမ်းမအတွင်းမှ ဆွဲထုတ်ခံရသည့် သတင်းထောက်သည် Hot News ဂျာနယ်မှ အသိအမှတ်ပြု တရားဝင် သတင်းထောက် တစ်ဦးဖြစ်ပြီး အဖေ့သား(ပဲခူး) ကလောင်အမည်ဖြင့် သတင်းရေးသားသူတစ်ဦးဖြစ်ပါသည်။ သတင်းထောက်အား ဆွဲထုတ်သွားသည့် သူများမှာ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး နန္ဒာဝင်းနှင့် ရဲမှူး စန်းကို တို့ဖြစ်ကြကြောင်းစုံစမ်းသိရှိရပါသည်။

No comments: