Saturday 25 August 2012
တကယ်လိုအပ်တာက အခြေခံဥပဒေ ပြင်ဖို့ပဲ.
မြစ်ဆုံကို အပြင်းအထန်ကန့်ကွက်နေကြချိန်မှာ ကျွန်တော်တို့အားလုံး လွှတ်တော်ကို တင်ပြသင့်တယ်လို့ မီဒီယာတွေနဲ့ နယ်ပယ်ပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံက အသံထွက်ခဲ့ကြတယ်..။ ဒါပေမယ့် တကယ် ဆုံးဖြတ်ခဲ့တာ .. သမ္မတအမိန့်ပဲ..။ လွှတ်တော်ထဲ မရောက်ခဲ့ဘူး။ ဘာ့ကြောင့်လဲ.... ပြည်ခိုင်ဖြိုးအားလုံးနီးပါး ပါဝင်တဲ့ လွှတ်တော်ထဲမှာ ဒီအဆို ပျက်ပြယ်သွားရင် သမ္မတ ဆုံးဖြတ်လို့မရတော့ဘူး။ အဲဒါကြောင့် သူကိုယ်တိုင် အမိန့်ချတာ..။ အဲဒီအချက်ကို ကြည့်တာနဲ့ လေ့လာလို့ရပါတယ်..။
ရခိုင်ကိစ္စမှာ ကုလ မဟာမင်းကြီးကို သမ္မတက ဘင်္ဂလီတွေကို သနားရင် လက်ခံကြပါ ပြန်ပို့ပေးမယ်လို့ ပြောခဲ့တယ်.။ စကားအသုံးအနှုန်းတစ်ခုကို ထစ်ကနဲ့ရှိ ထ ကန့်ကွက်ခဲ့တဲ့ လွှတ်တော်ဥက္ကဌကိုယ်တိုင် အာစေးထည့်ပြီး ဘင်္ဂလီ ပြည်ခိုင်ဖြိုးအမတ် ဥိးရွှေမောင်ပြောကြားချက်ကိုနားထောင်နေခဲ့တယ်။ စကိုင်းနက်က မချွင်းမချန် လွှင့်ပေးခဲ့တယ်။
NLD ဦးဝင်းမြင့်ရဲ့ Clean Government အစိုးရအဖွဲ့ရဲ့ ပိုင်ဆိုမှု အဆိုကိုတင်သွင်းတယ်.။ သမ္မတရုံးက ပြည်ထောင်စုအစိုးရဥပဒေ ပုဒ်မ ၁၀၁ အရ ချက်ချင်း Action ယူပြီး လိုက်လုပ်တယ်..။ အဲဒါကြောင့် အားလုံးက ဒီအဆို အောင်မယ်မျှော်လင့်ခဲ့ကြတ
ယ်။ ဒါပေမယ့် လွှတ်တော်မှာ ဘာမဟုတ်တဲ့ ရည်ညွှန်းချက်နဲ့ အခြေခံဥပဒေပုဒ်မ ၆၈ ကို ကျော်လုပ်တယ်ဆိုပြီး အဆို ပျက်ပြယ်သွားတယ်။
NLD က ဒေါက်တာမြတ်ဥာဏစိုးရဲ့ ဘင်္ဂလီနဲ့ ပြည်မကြီးကတရုတ်တွေ ပြည်တွင်းမှာတိုးပွားလာတဲ့ အကြောင်းရင်းအဖြစ် ယခင် လ၀က အရာရှိတွေကို အဂတိလိုက်စားမှုအတွက် စုံစမ်းဖော်ထုတ် အရေးယူဖို့ အဆိုတင်တယ် အဲဒီအဆို မဲခွဲတာ ရှုံးသွားတယ်.။ ဘာ့ကြောင့်လဲ..။
အခြေခံဥပဒေခုံရုံးနဲ့ အငြင်းပွားတယ်.။ လူပုဂိုလ်ပိုင်းတွေကို စွပ်စွဲပြစ်တင်ဖို့ ကြိုးစားတယ်။ သမ္မတက အခြေခံဥပဒေကို ပြင်ဖို့ ဟ ပေးတယ်။ တကယ် နောင်အငြင်းပွားစရာမဖြစ်အောင် အခြေခံဥဒေကို ပြင်ဖို့မကြိုးစားပဲ လွှတ်တော်ရဲ့ အခန်းကဏ္ဍအတွက် အခြေခံဥပဒေခုံရုံးအဖွဲ့ကို စွပ်စွဲပြစ်တင်တယ်။ တကယ်လိုအပ်တာက အခြေခံဥပဒေ ပြင်ဖို့ပဲ..။
ကဲ.. ပြည်သူ့အသံ. ...... ဘယ်သူနားထောင်သလဲ..။
· · · about an hour ago ·
  • 24 shares
    • အန်တီ မြတ် အန်တီတို့နဲ့ လေးစားလိုက်နာနဲ့ ကာကွယ်စောင့်ရှောက်လည်း ငြင်းသေးတယ်လေ..။ အခြေခံဥပဒေကို ပြင်ရမှာစိုးလို့ဆိုပြီး..။ အခုပြင်ရမယ့် အခြေအနေပြန်ရောက်နေတာပဲလေ..။ အားလုံးကိုရှုပ်နေတာပဲ..။ တကယ် လိုက်မမီဘူး..။
      about an hour ago · · 2
    • Thiha Kyaw ဘာနဲ့လိုက်ရမှန်းကို..မသိတော့တာနော်.............:P
    • Seafaring Bird အမှန်တွေချည်းဘဲ online friends သိစေဖို့ Share မယ်နော်
      about an hour ago · · 2
    • Minn Minn Soe Totally right!
      about an hour ago via Mobile · Edited · · 1
    • အန်တီ မြတ် ခေတ်နဲ့စနစ်နဲ့မညီရင်..၊ ဒီ့ထက်ဒီပိုကောင်းတဲ့ဥပဒေတွေရှိရင် ထပ်တိုးရမှာနဲ့..၊ မလိုတာတွေပယ်ရမှာနဲ့ ဒီလိုပဲပိုကောင်းအောင် ပြင်ပြင်သွားရမှာလေ..။ ဒါကိုနားလည်ထားတဲ့အန်တီက လေးစားလိုက်နာမယ်ပြောတာကို သူတို့အခြေခံဥပဒေကို အတင်းကာရောဝင်ပြင်.၊ အာဏာယူမယ်ထင်ပြီး..၊ မျက်ကလဲဆန်ပြာဖြစ်နေကြတယ်..။ ခေတ်မီမီ ကမ္ဘာကြီးကြည့်မြင်နိုင်အောင် ကြိုးစားကြပါဦးလို့..။
      about an hour ago · · 2
    • Yan Aung အမေစု ပြည်ပသွားတော့ ကမ္ဘာကို ပြောခဲ့ပါတယ်..။ အစိုးရအဖွဲ့ထဲမှာ ... သူ ဘယ်သူ့ကိုပဲ ယုံကြည်တယ်တဲ့လဲ ..။ အားလုံး သဘောပေါက်ကြပေါ့ဗျာ..။
      about an hour ago · Edited · · 1
    • Chindwin Koko ကိုရန်အောင်တင်ထားတာသိပ်ကောင်းတယ်.လွှတ်တော်မဟုတ်ဘူး.လွဲတော်တဲ့ လွဲတဲ့နေရာမှာတအားတော်နေလို
    • Yan Aung တစ်ခုကျန်ခဲ့တယ်ဗျ.။ ဖြည့်လိုက်ကြပါ..။။
      ဒါပေမယ့် လွှတ်တော်မှာ လယ်ယာသိမ်းကိစ္စနဲ့ ပတ်သက်တဲ့ အဆိုတစ်ခုမှာ ၀င်ဆွေးနွေးတဲ့ အဲဒီ မောင်ခင်ရွှေကပဲ ယခင်ကတည်းက တရားဥပဒေနဲ့ ညီခဲ့တဲ့အတွက် လယ်ယာများ ပြန်မပေးနိုင်ကြောင်း အစိုးရ၀န်ထမ်းမဟုတ်ပဲနဲ့ Decision ချ ကန့်ကွက်သွားတာကို လွှတ်တော်ဥက္ကဌကြီးက ခမည်းခမက်ကြီး သူ့အကျိုးစီးပွားကို သူကာကွယ်သွားတာကို ငုတ်တုတ်ထိုင် နားထောင်နေခဲ့တယ်..။
      about an hour ago · Edited · · 7
    • Moe Zaw လွတ်တော်ကို အားမကိုးနေနဲ့  သရုပ်ပြ ဟန်ရေးပြရုံသက်သက်သာရှိပါသေးတယ်
      about an hour ago · · 1
    • Yan Aung ကို Pa Yit ပြောသလို ပြဇာတ် က နေတာဗျ.. အမေစုတောင် ရူးချင်ယောင်ဆောင်နေတာ..
      about an hour ago · Edited · · 1
    • အန်တီ မြတ် ခမည်းခမက်တို့ရဲ့ အရှိန်အ၀ါ အာဏာစက်ကလည်း တယ်ကြီးကြီးလာ..၊ တယ်အတင့်ရဲရဲလာနေသကိုး..။ ဟုတ်တယ် အန်တီ့ကိုတောင်နှာစေးနေလို့ အလိုတူအလိုပါလို့ ပြောနေသံကြားတယ်..။ အန်တီဘယ်လိုသဘောထားနဲ့ ဒီလိုနေသလဲဆိုတာ စောင့်ကြည့်နေတာ..။
      about an hour ago · · 1
    • Moe Kyaw Thu i solemnly believe in Mr. President. i know he would do all his best for the country n the ppl.but how would he do this? to amend the constitution is like building a house in the air. Firstly, more than 75% of the MPs must agree to amend it. it is becoming clearer that there would never b more than 75% at any time bcz the 25% would never switch. so we could not amend the constitution. so there might b always problem like these. can't help.
    • KiKo Lay ခင်များတို့ကျွန်တော်တို့ကအခုမှဝေဖန်နေရတာ။သူတို့ကသေချာအကွက်ချစီစဉ်ထားကြတာ။မြေလှန်နိုင်မှတော်ကာကျရုံရှိသေးတယ်။
      38 minutes ago via Mobile ·
    • Win Zaw လွတ်တော်ထဲမှာ ပြည်သူ တွေ တင်မြှောက်ထားတဲ့ လွတ်တော်ကိုယ်စားလှယ်တွေဘဲ မြင်တွေ့ချင်ပါတယ် ၊ ပြည်သူတွေမလိုလားအပ်အချိန် အချိန်မရွှေး ဆင်းပေးနိုင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ လူမျိုးဘဲ (ဘယ်လိုပုဂ္ဂိုလ်မဆို) လွတ်တော်မှာ မြင်တွေ့ချင်ပါတယ်။
      36 minutes ago · · 1
    • အန်တီ မြတ် နားမလည်လို့ပါ..။ လွှတ်တော်ထဲမှာ အဲဒီ ၂၅% စစ်သားတွေ ကိုယ့်သဘောကိုယ်ထုတ်မဲမပေးတာ မပေးအောင်တမင်လုပ်ထားတာလား..၊ ဘယ်သူထမှလိုက်ထ..၊ ဘယ်သူမထရင် မထရ အဲလိုပဲအမြဲဖြစ်နေအောင် သူတို့အထက်မှာ ဘယ်သူရှိလဲဆိုတာ နောက်ထပ်မေးရမယ့် မေးခွန်းတစ်ခုမို့လား..။ သူတို့က သူတို့နဲ့ခရိုနီတွေ..၊ တပ်ချူပ်ကြီးေးတွရဲ့ အကျိုးစီးပွားထိခိုက်လာနိုင်သော မေးခွန်းမှန်သမျှ ထိုင်ရာမထ ကန့်ကွက်မဲပေးကြဖို့ လွှတ်တော်ထဲထည့်ထားဆိုတော့ ..။ တကယ်ဗျာ... မှန်သလား မှားသလားကို မဖော်ထုတ်ရဲကြတဲ့ စစ်သားမပြောနဲ့ ယောကျာ်းလို့ကို မသတ်မှတ်သင့်တဲ့ သူတွေပါဗျာ..။
    • KiKo Lay DSAစရောက်ကတည်းကအခွင့်အရေးကိုဘယ်လိုယူရမယ်ဆိုတာစသင်ပေးပါတယ်။အဲဒါကျွမ်ကျင်တဲ့သူကိုလွတ်တော်ထဲပို့ပေးပါတယ်။
      15 minutes ago via Mobile ·
    • Komyanmar Myochitthu ကိုရန်အောင်-ခင်ဗျားကိုကျနော်တော့လေးစားပြီးရင်းလေးစားနေမိတယ်ဗျာ။carry on အကို
No comments: