Wednesday 26 December 2012

လူမှုရေး ဝက်ဘ်ဆိုက်မှ စတင်ခဲ့သည့် တောင်ကိုရီးယား နိုင်ငံမှ ဖူးစာရှင် ရွေးချယ်ပွဲကြီး


Facebook ဝက်ဘ်ဆိုက်မှ အသင်းဝင်များက စုစည်း ကျင်းပသော တောင်ကိုရီးယား နိုင်ငံရှိ ''အထီးကျန် သူတို့ ၏ ဖူးစာရှင် ရွေးချယ်ပွဲ'' အခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်က ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ တက် ရောက်လာသူ အများစုမှာ အမျိုးသားများ ဖြစ်နေကြောင်း တွေ့ရ သည်။ အဆိုပါ အခမ်း အနား ဖြစ်ပေါ်လာရ ခြင်းမှာ ပြီးခဲ့သည့် လ က လူငယ် အမျိုးသား နှစ်ဦးသည် အထီးကျန် သူတို့အတွက် ဖူးစာရှင် ရွေးချယ်ပွဲ အဖွဲ့ကို လူမှုရေး ဝက်ဘ်ဆိုက် တစ်ခုတွင် အပျော် သဘောဖြင့် စတင်ဖွဲ့စည်း ခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။ ၎င်း အဖွဲ့ အတွင်းသို့ နောက်ပိုင်းတွင် င်္Facebook ဝက်ဘ်ဆိုက် သုံးစွဲသူ ၃၆ဝဝဝ ဦး ဝင်ရောက် လာခဲ့ ကြသည်။

သို့သော် အခမ်းအနားသို့ ကြင်ဖက် ရှာလိုသူ ၃၅ဝဝ ဦးတက်ရောက် ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ ၎င်းတို့အနက် အများစုမှာ အသက် ၂ဝ မှ ၃ဝ ကြား အမျိုး သားများ ဖြစ်ကြသည်။ ၎င်း အခမ်းအနားတွင် တဖြည်းဖြည်းနှင့် အမျိုးသား များဖြင့် ဖွဲ့စည်း လာခဲ့သည်ဟု ဆိုးလ်မြို့မှ ရဲအရာရှိ တစ်ဦးက အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြားခဲ့သည်။

ချစ်မေတ္တာ အတွက် စွန့်စားလိုသူ များသည် နှစ်နာရီကြာ ကျင်းပခဲ့သော အဆိုပါ အခမ်းအနားတွင် အလွန် အေးလှသော အအေးဒဏ်ကို အန်တု၍ ပါဝင် ဆင်နွှဲ ခဲ့ကြသည်။ အမျိုးသား၊ အမျိုးသမီး နှစ်ဖက်ခွဲ၍ ညနေ ၃ နာရီတိတိ အချိန်တွင် တွေ့ဆုံရမည် ဖြစ်သည်။ အမျိုးသမီး များက ကြင်ဖက် အမျိုးသား များအား အနီနှင့် အဖြူရောင် ဝတ်စုံများကို ဝတ်ဆင်ရန် စေခိုင်း ခဲ့ကြကြောင်း သိရသည်။ သို့သော် ၎င်း အခမ်းအနားတွင် အမျိုးသမီး အနည်းငယ်သာ တက်ရောက်ခဲ့ကြ၍ အထီးကျန်သူ အမျိုးသားများမှာ စိတ်ပျက် ခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်ဟု သိရသည်။


http://www.myawady.net.mm/allnews/global/item/2800-2012-12-26-09-53-40

No comments: