Friday 22 February 2013

လူကြီးသားတစ်ဦး ၀တ်သောက်ကားစီးသော်လည်း စိတ်မရှည်သဖြင့် ဆိုင်ကယ်သမားတစ်ဦးအား လက်သီးဖြင့်ဆင်းထိုး....


Monywa Times · 3,878 like this.
·
မုံရွာ
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူကြီးတစ်ယောက်၏သားသည် ယခုလ(၂၀)ရက်နေ့ မွန်းလွဲချိန်ခန့်က မုံရွာမြို့ ဆူးလေကုန်ရပ်ကွက် ဘူတာလမ်းအတိုင်း အရှေ့မှ အနောက်သို့ ၀တ်သောက်ကားတစ်စီးအားမောင်းနင်းလာရာတွင် ရိုးမဘဏ်အနီးနေရာ`၌ နယ်မှ ဘဏ်ငွေလာထုတ်သော ကျေးလက်ဆိုင်ကယ်သမားတစ်ဦးနှင့် ညိမိဟန်ပြုခဲ့ရာ ၀တ်သောက်ကားစီး လူကြီးသားမှ ကားပေါ်မှဆင်း၍ ဆိုင်ကယ်သမားအား လက်သီးဖြင့် နိုင်ထက်စီးနင်းထိုခဲ့ကြောင်းသိရသည်။
" ဘဏ်ရှေ့က လူတွေဝိုင်းပြီးတောင်းပန်တာတောင် အဲ့ဒီကိုယ်တော်လေးက ဂရုမစိုက်ဘူးဗျ..။ ဆိုင်ကယ်သမားက တောနယ်ဘက်ကလာပြီးငွေထုတ်တဲ့သူဆိုတော့ မျက်လုံးလေးပေကလပ်လပ်နဲ့ စိတ်အားငယ်စွာ ခေါင်းငုံ့ခံနေရပါတယ်..။ အားလုံးက သနားတာကြောင့် ၀ိုင်းပြီးတောင်းပန်တောင် လူကြီးသားက စိတ်မပြေဘူး။ ဒါနဲ့ ယာဉ်ထိန်းကို ဖုန်းဆက်အကြောင်းအကြားတဲ့အခါ ယာဉ်ထိန်းရဲရောက်လာတယ်..။ စီစစ်ကြည့်တဲ့အခါ လူကြီးသားစီးလာတဲ့ကား လိုင်စင်မဲ့ကားဖြစ်နေတာကိုတွေ့ရပါတယ်" ဟု ရိုးမဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးမှ မုံရွာတိုင်မ်းပြောပါတယ်။
လူကြီးသားဖြစ်သူက ယာဉ်ထိန်းကိုဖုန်းဆက်ပြီးတိုင်ရမလားဆိုပြီး ..ရန်ငြိုးထားကာ မနေ့ ညပိုင်းက အား/ကာ တိုက်တန်းမှာ ရှိတဲ့ ကုဋေစု အရက်ဆိုင်ကို တုတ်၊ဓား လက်နက်ကိုယ်စီကိုင်ထားတဲ့ လူငယ် ၂၀ လောက်နဲ့ ဖုန်းဆက်တိုင်သူကို ၀င်လာပြီးရှာဖွေခဲ့ကြောင်းသိရပါတယ်..။
မင်းမဲ့စရိုက်အဖြစ် အသွင်သဏ္ဍန်ဆန်ဆန်လုပ်လာတဲ့ လူကြီးသားကို မြို့ခံပြည်သူတွေက ကျေနပ်မှုမရှိကြောင်းသိရသည်။
(ဤ သတင်းပါ လူကြီးသားနှင့်ပတ်သက်၍ သတင်းကျင့်ဝတ်အရ လူပုဂ္ဂိုလ်နာမည်များ မသုံးခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်အား ဗီဒီယို မှတ်တမ်းရိုက်ကူးထားပါသည်..။)
18Like · ·
  • Aung Kyaw and 32 others like this.
  • Maung Myo videoဖိုင်တင်ပေးရင်ပိုကောင်းမယ်
  • Thann Thann Video please!
  • Amy Zeta Video ဖိုင်တင်ပေးပါ..
  • Nyi la Young ပလိ ဗွီဒီယို ပလိ
  • Ko Cho ပြတ်ပြတ်သားသားလုပ်ပါ။ သူ့အဖေကိုယ်တိုင် စံပြဖြစ်အောင် ပွင့်လင်းမြင်သာတောင်းပန် အစ်ြပေးရမယ်။
  • Amy Zeta သတင်းကျင့်ဝတ်ဟုဆိုသော်လည်း တိကျသောသတင်းဆိုလျှင် နာမည်ထည့်သုံးခွင့်ရှိပါသည်။
  • Arnt Bwe Hein ဖွတာ လား ဗျ ဒီလို မျိုး သတင်း လူ တိုင်း ရေး တတ် ပါ့ ဗျ,,,တိတိကျကျ နာမည် တပ် ပြီး ရေး မှ စာရှု သူ ကို ဖတ် ရ ကျိုး နပ် မှာ ပေါ့ ဗျ
  • Zawmoehetet Zawmoe vdo ကလစ်ကို တင်ရင်ပိုကောင်းပါသည် ။
  • Shweaik Paw Oo ဗွီဒီယိုဖိုင်ကြည့်ချင်တယ်ဗျာ။
  • Koko Aung ပွင့်ပွင့်လင်းလင်းပဲရေးဗျာ
    သားတစ်ယောက်တောင်မှ
    မအုပ်ချုပ်နိုင်တဲ့ လူကြီးဆိုတာ
    ဘယ်လိုလူကြီးမျိုးလဲ
  • Sann Win ဟုတ်မှန်သည့်သတင်းဆိုဗီဒီယိုဖိုင်တင်ပေးပါ၊မှန်ကန်ပါကနာမည်တပ်သင့်တဲ့နေရာမှာတပ်လို့ရပါတယ်ဗျာ
  • Nyein Chan Tun အဲဒီလူကြီးက အသက်ကြီးလို့လူကြီးလို့ပြောတာလား ကျွန်တော်အဖိုးလည်း အသက် ၈၇ နှစ်ရှိပြီဗျ
  • Paw Htun Aung မင်းထက်သာ သိန်းထီဆိုင်ကနေ မထသ လူကြီးမင်းမှ လူကြီးပေါ့
  • Myat Lumin ဘယ်သူသားဘဲဖြစ်ဖြစ် ဒီလို့ထင်တိုင်းကြဲရမ်းကားနေတာကို အနော်တို့ပြည်သူတွေက ငြိမ်ခံနေရမယ့် အချိန်မဟုတ်တော့ဘူးဗျာ့... သတင်းအမှန်ဆိုရင် အမှန်တိုင်းရေးသင့်တယ်..လို့ထင်တယ်..ဘယ်သူမျက်နှာမှထောက်စရာမလို့ပါဘူး...
  • Ar Lu ဘယ်မှာလဲ ဗွီဒီယိုဖိုင်က လင့်တင်လေ

No comments: