Tuesday 18 December 2012

မစ်ခ်ဂျက်ဂါ၏ ရည်းစားစာများအား စတာလင်ပေါင် ၁၈၇၂၅ဝ ဖြင့်ရောင်းချ

Rolling Stones အဖွဲ့မှ အဆိုတော် မစ်ခ်ဂျက်ဂါက အမေရိကန် အဆိုတော် မာရှာဟန့်ထ်ထံသို့ ရေးသား ခဲ့သည့် ရည်းစားစာ ၁ဝ စောင်အား So-theby လေ လံတင် ကုမ္ပဏီက စတာလင် ပေါင် ၁၈၇၂၅ဝ (ဒေါ်လာ ၃ဝ၁ဝဝဝ) ဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။

အဆိုပါ စာများမှာ ၁၉၆၉ ခုနှစ် နွေရာသီ တွင် ရေးသားခဲ့သော စာများဖြစ်ပြီး လေလံတင်ဈေး စတာလင်ပေါင် ၇ဝ မှ ၁ဝဝဝဝဝ အကြား ရရှိမည်ဟု မျှော်မှန်း ထားခဲ့ကြောင်း လေလံတင် ကုမ္ပဏီ ၏ ပြောကြားချက် အရ သိရသည်။ ၎င်းစာများရှိ အရေးအသားသည် ၁၉၆၉ ခုနှစ်က မိမိတို့ လူမျိုး၏ ယဉ်ကျေးမှု များ ကို မြင်တွေ့နိုင်မည့် အရေးအသား များကို ဖတ်ရှုရမည် ဖြစ်ကြောင်း မာရှာ ဟန့်ထ်က ပြောကြားခဲ့သည်။

၁၉၆၉ ခုနှစ်သည် The Beatles အဖွဲ့နှင့် The Rolling Stones အဖွဲ့၊ ဂျိမ်းစ်ဘရောင်းနှင့် ဘော့ဘ်ဒေးလန်းတို့ အောင်မြင်နေသော ခေတ်ဖြစ်ကြောင်း သူမ က ဆက်လက် ပြောကြားခဲ့သည်။ ဟန့်ထ်က သူမတွင် ငွေကြေး အခက်အခဲ ဖြစ်နေသောကြောင့် အဆိုပါ စာများကို ရောင်းခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

No comments: