Wednesday 6 February 2013

မျက်စိဆေးခန်းသို့ အလှူငွေလာရောက်လှူဒါန်းသူအား ရိုက်နှက်မှုဖြစ်ပွား



မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၉)ရပ်ကွက်၊ ပစ္ဆိမာရုံစာသင်တိုက် (၁) မျက်စိဆေးခန်းသို့ ၄.၂.၂၀၁၃ ညနေ (၅)နာရီ ၃၀ မိနစ် အချိန်တွင် ငွေလှူဒါန်းရန် မိခင်ဖြစ်သူ ဒေါ်တင်တင်လှ နှင့်အဖော်ပါ တစ်ဦး၊ သားဖြစ်သူ ကိုစိုးမင်းသူ အသက်(၃၂)နှစ် တို့ သွားရောက်ခဲ့ပါသည်။ သားဖြစ်သူမှာ ဘုန်းကြီးကျောင်းအတွင်းသို့ ရှေ့မှ စက်ဘီးစီးကာဝင်ရောက်သဖြင့် ဘုန်းကြီးကျောင်းနေ လူ ၂ ဦးမှ “စက်ဘီးစီး၍ ၀င်ရမလားဟု” ပြောကာ တုတ်ဖြင့် ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်ခဲ့ရာ ဦးခေါင်းတွင် စုစုပေါင်းအချက် (၃၀) ခန့်ချုပ်ရပြီး လက် ၂ ဖက်စလုံး ကျိုးခဲ့ပါသည်။ဒဏ်ရာများကို ကျောင်းဝန်းအတွင်းနေ ဆေးခန်းရှိ ဆေးမှူးအား အကြောင်းအရာ မပြောဘဲ ချုပ်ခိုင်းခဲ့ပါသည်။ထို့နောက် ဘုန်းကြီးကျောင်းနေ လူများက ဘုန်းကြီးကားဖြင့်  အပြင်ဆေးခန်းတွင် လိုက်လံပြသရာ လက်မခံသဖြင့် ဆေးရုံသို့ ရောက်ရှိခဲ့ပါသည်။နောက်နေ့ နံနက် ဆေးရုံရှိ အရိုးအထူးကု ဆရာဝန်နှင့် ဓာတ်မှန်ရိုက်ကြည့်ရာ ဘယ်လက်နှင့် ညာလက် နှစ်ဖက်စလုံး ကျိုးနေသည်ဟု သိရှိရပြီး လက်ရှိလူနာမှာ ခါးကုန်းနေပြီး ညှပ်ရိုးဖူးရောင်ကာ သေလုမျောပါးဖြစ်နေကြောင်းသိရှိရပါသည်။အလားတူ သေလုမျောပါးဖြစ်ရပ်မျိုး ယခင်ကလည်း အကြိမ်ပေါင်းများစွာ ဘုန်းကြီးကျောင်းဝန်းအတွင်း၌ ဖြစ်ပွားခဲ့ကြောင်း ပတ်ဝန်းကျင်နေထိုင်သူများက ပြောပြခဲ့ပါသည်။အလားတူ ဖြစ်ရပ်မျိုး နောက်ထပ်မဖြစ်ပွားစေရန် မင်းမဲ့စရိုက်ဆန်ဆန် ဆိုးသွမ်းနေသော ဘုန်းကြီးကျောင်းအတွင်းနေ လူတစ်စုအား တရားဥပဒေအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါသည်။

ဆက်သွယ်မေးမြန်းချက် >>>

http://www.youtube.com/watch?v=QxM-JtUUQyM

Credit to :Maw Gyun City
https://www.facebook.com/excellencemedia

အေးချမ်းမွန်

  • 143 people like this.
  • Mgthan Lyin ဘုန်းကြီးကျောင်းဝင်းနေပြီး ခွေးစိတ်ပေါက်နေ တဲ့ကောင်တွေ နေမှာပေါ့ ...
  • Inkhaing Bon အလှုရှင်ကိုစော်ကားတဲ့လူမှုရေးအဖွဲ့ကဘယလိုသူတွေနဲ့ဖွဲ့စည်းထားတာလဲ
  • Thurane Hein ဘုန်းကြီး ခုတုန်းလုပ်ပြီး မိုက်ရိုင်းပြန်ပြီ လားကွာ
  • Wine Su လူမဆန်တဲ့ဟာတွေ
  • Heard Lay အစွန်းရောကတွေ်ဖြစ်မှာပါ
  • Cool Breeze ဘာရယ်...ဘာရယ် !!!!!!!!!!!
  • Naingnaing Aung ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ် ပါလား
  • Kyi Khaing အရောင်အမျိုးမျိုးဘဲဟေ့?
  • Kabyar Kaungmalay ကြောက်စရာကြီးပါလား....
  • Tin Tin Myo စေတနာ သည် လူတိုင်းနှင့် မထိုက်တန် ဆိုတဲ့စကား အရမ်းမှန်တယ်နော်
  • Paing Soe Min ဘုန်းကြီးက ဘာလုပ်နေတုန်း ဘာတော်လဲ သေသေချာချာ ဖော်ပြပေးသင့်ပါတယ်
  • Thiha Mg ဘုန်းဘုန်းနားနေပြီး ခန္တီတရားရှိမလား မှတ်နေတာ။ အဲ့ဒီလိုကောင်တွေကို ဘုန်းကြီးကျောင်းစောင့်တဲ့ခွေးလို့ခေါ်ရမှာတောင်ွးသိက္ခင်္ာကျမှာ ။ ကျောင်းကခွေးတွေက မကိုက်တက်လို့။ ဘုန်းဘုန်းတွေကို ဒီလိုကောင်တွေ ကျောင်းမှာမထားဖို့ဆန္ဒပြရမှာ
  • San Myanmar အလှူရှင်ဟုတ်ဟုတ် မဟုတ်ဟုတ်
    လူလိုယဉ်ယဉ်ကျေးကျေးပြောပေါ့
    ဘုန်းကြီးကျောင်းကပ်နေပြီး
    အဝီစိလမ်းပွင့်နေတဲ့ဟာတွေ
    ဘုန်းကြီးကလည်းပစားထားလို့ နေမှာပေါ့
    ဒီလိုလုပ်ရဲတာက
  • Aung Htike ကျောင်းထဲကမောင်းထုတ်လိုက်တာကောင်းတယ်။
  • Kozaw Gyi ဘုန်ကြီးကျောင်းထဲနေလို့ပေါ့

    မိုက်ရှိုင်းလိုက်တဲ့ခွေးမျိုးတွေ
  • Aye Soe အဲ့ဒီလူတွေကိုကုလားနယ်စပ်ပို့ပြီးကုလားတွေကိုသွားရိုက်သတ်ခိုင်းရမယ်
  • Uobhasa Sa အဓိကတရားခံကတော့ ကျောင်းထိုင်ဘုန်းကြီးပဲ၊ သူ မဆုံးမလို့ပေါ့၊ ဘုန်းကြီးသိက္ခာကျတယ်ကွာ၊
  • Akk Yangon ဘုန်းကြီးကျောင်းလား အရက်ဆိုင်လား
  • U Soe Myint ဘုန်းကြီးကျောင်းစောင့်တဲ့တောခွေး
    တွေဖြစ်မှာပေါ့
  • Naing Min ဘုန်းကြီးက ဘာလုပ်နေလဲ
  • Ko Lwin ဒီလိုမိုက်ရိုင်းတဲ့လူတွေကိုဘုန်းကြီးကျောင်းမှာမထားသင့်ဘူးဗျာ
  • Infinity Chitthu အသက်လွတ်ကြီးနော်...
  • Myo Naing အထဲကဘုန်း ကြီးကဘာလုပ်နေလဲ...လူမိုက်တွေ မွေးပြီးဒမြတိုက်မလို့လား...
  • Aye Thiri အရင်ကလည်းကြိမ်ဖန်များစွာဖြစ်ခဲ့တယ်ဆိုတော့ဘာလို့များဆက်ထားနေမှာလဲ။
  • Nay Myothant ဒါတော့မဖြစ်သင့်ပါ အမှန်ဆိုရင် ဘုန်းကြီးကျောင်းနေတဲ့လူဟာ အပြင်မှာနေတဲ့လူတွေထက် ယဉ်ကျေးမှုရှိရမှာပါ ကျောင်းရှိဘုန်းဘုန်းတွေကလည်း ဒါမျိုးမဖြစ်အောင် ဆုံးမသွန်သင်ပေးရမှာပါ မဟုတ်ရင် ကျောင်းရော သာသနာပါ သိက္ခာကျပါတယ်
  • Poe Yoke Pyu ဘယ်လိုအခြေအတင်များပီးရန်ဖြစ်လဲသိဘူး
  • Tin Kogyitin မသိလို့ စက်ဘီးပေါ်ကမဆင်းတာနေမှာပေါ့ ဒီလောက်ထိ မိုက်ရိုင်းတာ လွန်တာပေါ့။
  • Star Sa Kumi စိတ်တိုလွန်းလို့ဘာရေးရမှန်းတောင်မသိတော့ဘူး။
    လူစိတ်မရှိကြလိုက်တာ။
  • Kothan Oo အဲ့ဒါလူမဟုတ်ဘူးခွေးစိတ်ပေါက်နေခွေးတွေ စက်ဘီးစီးတာလေးနဲ့တောင် ဒီလို ဖြင့်သင့်သလား
  • Kothan Oo ကြည့်ရင်းကြည်ရသ်တောင် စိက်ကတိုလာပြီ
  • Myo Lay ဒီလိုဖြစ်ရတာဘုန်းကြီးလဲအပြစ်မကင်းဘူး
  • အချစ်မရှိ လူသား ပုံမြင်တိုင်းယုံရမယ်ဆိုမြန်မာပြည်မြေပုံကခင်ဗျားတို့ကျုပ်တို့သင်ခဲ့ရတဲ့စာတွေထဲကအတိုင်းမဟုတ်တော့ဘူးဗျ:-) ရှင်းတယ်နော်မရှင်းရင်းပြောင်းပြန်လှန်လိုက်
  • Argyi Koko အပြစ်တာ သိပ်မစောကြပဲ ဒီသတင်းအမှန်တကယ် ဟုတ်မဟုတ်၊ တစ်ဖက်သတ်ရေးထားတာဟုတ်မဟုတ်၊ သေချာသိရမှ ဆုံးဖြတ်စေချင်ပါတယ်..သေချာပြန်တွေးကြည့်ရင်တော့ ဘုန်းကြီးကျောင်းထဲ စက်ဘီးစီးရုံလေးနဲ့  သေလုဖြစ်အောင် ရိုက်တယ်ဆိုတာကတော့ ယုံချင်စရာ မကောင်းပါ။ ဖြစ်နိုင်တာက အပြန်အလန်စကားများပြီး ရန်ပွဲဖြစ်ခဲ့ပုံပေါ်ပါတယ်..
  • Ko Phyu Win ဒီလိုလူဆိုးလူမိုက်တွေကိုထားတဲ့ဘုန်းကြီးကျောင်းကိုဘာလို့ထားတာလဲ
  • สำเริง กูเกิ้ล He would be huge pain. I encouraged him
  • Ma Myo မိုက်ရိုင်းလိုက်တာ
  • KoKo Tunt အမှု့ဖွင့်လိုက်ပါ
  • အချစ်မရှိ လူသား တင်းလာပီးထမင်းစားလားချီးစားသလိုလုပ်မနေနဲ့ယုံသငိ့မှယုံ
  • Zaw Min လူကမွေးတယ်ဒါပေမဲ့ခွေးချီးပါကြသူတွေပေါ့
  • KO Thu စက်ဘီးစီးဝင်ရုံလေးနဲ့ဒီလောက်အထိဖြစ်တာဆိုတော့အကြောင်းတစ်ခုခုတော့ရှိမှာပါ။တစ်ဖက်ကပြောတာကြီးကိုပဲယုံလို့မရဘူးလေ။အဖြစ်အပျက်ကိုသေချာလေ့လာပြီးမှ------လူဆိုတာကကိုယ့်ကိုကိုယ်အမှန်ပြောတတ်ကြတာပဲလေ
  • Loin King .ဘုန်းကြီးကျောင်းအား သာသနာရေးဝန်ကြီးဌာနမှစစ်ဆေးသင့်ပါသည် လူမိုက်များအားရဲစခန်းတိုင်၍အမူဖွင့်ရမည်ဖြစ်ပါသည်
  • Kokogyi Gyi တရားဥပဒေရှိသလားစောင်ကြည်မယ်
  • Mg Mg Win Zaw တကယ်သာဒီလိုဖြစ်ရင်ဘုန်းကြီးကျောင်းထဲလူခွေးတွေမထားသင့်ဘူး
  • Nanyupar Aung သေချာစုံစမ်းစေချင်ပါတယ်။
  • KO KO Maung ဘုန်းကြီး ကလက်သပ်မွေးထားတာလားမသိ
  • Aungkyaw Zin Lol ...... သေလုမျောပါးလူဆိုပဲ .... သေလုမျောပါးလူက camera ကို မျက်လုံးကြီးလှန်ပြီးတောင် ကြည့်နေသေးတယ်

    နောက်တစ်ခု ဒီ page admin ကို အကြံပေးချင်တာက တွေ့ ကရာ မှန်မှန်းမသိ မှားမှန်းမသိ သတင်းမဟုတ်တဲ့ ဟာတွေကို လျှောက်မ share ဖို့ အကြံပေးချင်တာပါ။ ဒီလို share ခြင်းအားဖြင့် မလိုမုန်းထားသူတွေရဲ့  အသုံးချခြင်းခံရနိုင်ပါတယ် ..... အပြုသဘောနဲ့  အကြံပေးတာပါ။
  • Ko Moe KO KO Maungမင်းကဘာလဲ ဘုန်းကြီးကလက်သတ်မွှေးရအောင် မင်းမေလင်မို့လား..စကားပြောဆင်ချင်ကွာ...သာသနာကိုမငြိုးနွမ်းစေနဲ့...
  • အချစ်မရှိ လူသား သူများပြောတိုင်းတာယုံနေရင်ရန်ကုန်မှာအကုန်ဖာတန်းတွေကြီးပဲ။ကန့်တော့ပါရဲ့ဗျာ
  • A Naw Ya Htar တရားရေးခိုင်မာမှုစမ်းသပ်ကြည့်ရတာပေါ့
  • Khintoe Toelwin သံဃိကကျောင်းမှာလူနေကတည်းကအပြစ်ကြီးနေပြီ။သေရင်ငရဲရောက်မှာမလွဲဘူး
  • Nay Tun Oo ဦးနှောက်ကို အလကား မထားပါနဲ့အကြောင်းအတိအကျမသိဘဲ အာချောင်တာ မကောင်းပါဘုး
  • Aung Koko ဘုန်းကြီးကျောင်းထဲမှာဒီလိုချီးစားခွေးတွေမရှိသင့်ဘူးဘုန်းကြီးအတွက်လာဒ်ပိတ်တယ်။ ချီးဝအောင်ကျွေးပြီးစည်ပင်ကိုရှင်းခုင်းတာအကောင်းဆုံးပဲ။
  • Lin Aung Tun ကျောင်းမှာမွေးတဲ့ခွေးထက်တောင်ဆိုးနေပါ့လားဒီလိုလူတွေကိုဘုန်းကြီးကဘာလို့လက်ခံထားတာလဲဆွေမကင်းမျိုးမကင်းတွေပဲဖြစ်နေမလားဒါကြောင့်အရှိန်နဲ့မိုက်နေတယ်ထင်ထယ်
  • Jominmin Aung အဲဒီလို လူမျိုးတွေ ဘုန်းကြီးကျောင်းမှာမထားသင့်ပါ
  • Cho Cho Khant ခုသတင်းကအမှန်ပါတမြိုလုံးလဲအတော်ဒေါသထွက်နေကြပါတယ်။တရားခံကဘုန်းကြီးတူအဲ့ လိုဘဲလုပ်နေကြဘုန်းကြီးနဲ့ ယှဉ်မဖြစ်ချင်ကြလို့ သီးခံနေကြတာပါ ။ခုကိစ္စမှာခံရသူကောင်လေးကအတော်အေးပါတယ်ရိုင်းရိုင်းစိုင်းစိုင်းလုံးဝမရှိတတ်ဘူး။ဘုန်းကြီးကခုလောက်ဖြစ်တာတောင်သူ့ တူကိုလုံးဝအထိမခံဘဲသူ့ ကျောင်းမှာရှိတဲ့ မိဘမဲ့ ကလေးကိုလူစားထည့် ဘို့ အထိကြံစည်နေတာတမြိ.ု့လုံးအော့ ကျောလန်နေတဲ့ လူမိုက်အဖွဲ့ ပါ။ ဆက်လက်ပြီးသတင်းတွေတက်လာဦးမှာပါ ။ မော်ကျွန်းသားများ GROUP ထဲမှာလဲဝင်ကြည့် နိုင်ပါတယ်
  • Aung Lin ကိုင်းဘာပြောချင်ကြသေးလဲ

No comments: