အရင် ဥပဒေ ရဲ့ အားနည်းချက် အကြောင်း လွတ်တော် ဥက္ကဌ ပြောကြား
အရင်အစိုးရလက်ထက်က ပြဌာန်းအသုံးပြုခဲ့တဲ့ ဥပဒေတွေဟာ နိုင်ငံတော်နဲ့ နိုင်ငံသားတွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေ မဟုတ်ပဲ အဖွဲ့အစည်းတစ်ခုကို ကာကွယ်တဲ့ ဥပဒေတွေဖြစ်ခဲ့လို့ တိုင်းပြည်ခုလို ဖြစ်ခဲ့ရတာလို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၂၁ ရက် ပြည်သူ့လွှတ်တော်မှာ “၂၀၁၃ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ” ကိစ္စ ဆွေးနွေးစဉ် သူက ခုလို ပြောလိုက်တာပါ။ ဒါအပြင် လက်ရှိအခြေအနေမှာလဲ အစိုးရ ၀န်ထမ်းအဖွဲ့အစည်းတွေက အရင်တုန်းကလိုပဲ ဌာနဘက်က အသာစီးရနိုင်တဲ့ ဥပဒေ နည်းဥပဒေတွေကို ရေးဆွဲမှုတွေ ပြုလုပ်နေတယ်လို့လည်း လွှတ်တော်ကို ဝေဖန်ချက်နဲ့ပတ်သက်ပြီး ပြောကြားလိုက်တာဖြစ်ပါတယ်။
No comments:
Post a Comment