Tuesday 18 December 2012

ကြံကြံဖန်ဖန် မိန်းကလေးများ၏ ခြေစွပ်ကိုမှ လုယက်သည့် ဂျပန် နိုင်ငံမှ ဓားပြ

Tuesday, 18 December 2012 12:59


ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ဆယ်ကျော်သက် ကျောင်းသူလေး များအား တိုက်ခိုက်၍ ခြေစွပ်များ လုယက်ယူသော ဓားပြတစ်ဦး သောင်းကျန်းလျက် ရှိကြောင်း ရဲတပ်ဖွဲ့၏ ပြောကြား ချက်အရ သိရသည်။ နောက်ဆုံး ဖြစ်ပွား ခဲ့သော ဖြစ်စဉ်မှာ တိုကျိုမြို့ အရှေ့ပိုင်း ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် အသက် ၁၆ နှစ် အရွယ်ရှိ မိန်းကလေး တစ်ဦး လမ်းလျှောက်နေစဉ် အဆိုပါ ဓားပြ အမျိုးသားက တိုက်ခိုက်၍ မိန်းကလေး၏ ဘယ်ဘက် ခြေစွပ်ကို ယူငင်ပြီး ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။
အခြား ရပ်ကွက် များတွင်လည်း အနည်းဆုံး အထက်တန်း ကျောင်းသူ လေးဦး ထိုကဲ့သို့ တိုက်ခိုက် ခံရကြောင်း၊ တိုက်ခိုက် ခံရသည့် မိန်းကလေး များမှာ အခြား ဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း၊ တရားခံမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိရ သေးကြောင်း ရဲတပ်ဖွဲ့ဝင် များက ပြောကြား ခဲ့သည်ဟု သိရ သည်။

· about an hour ago ·

1 comment:

Anonymous said...

ငံပြာရည်လုပ်ဖို့ကုန်ကြမ်းရှားလို့နေမှာပါ