Tuesday 18 December 2012

အဲဒါကို မကြေနပ်လို့


အဲဒါကို မကြေနပ်လို့
============   
ဖါးကန့်ဒေသရှိ မိုးကောင်းရဲစခန်း တစ်ခု ဖြစ်သော ကာမိုင်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ သည်ဟု ပြောခွင့်ရသူ KIA အရာရှိ တဦးက ဆိုပါသည်။

“ဒီလိုပါ. ကျနော်တို့ တပ်ရင်း (၆) ရဲ့ တပ်ခွဲရုံးကို ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ၀င်သိမ်းသွားတဲ့တပ်က မိုးကောင်းရဲစခန်းမှာ ၀င်နားနေတဲ့အချိန်မှာ ကျနော်တို့က ၀င်တိုက်လိုက်တာဖြစ်တယ်။ သူတို့ ထွက်ပြေးရတယ်လေ။ အဲဒီတပ်က သူတို့ တက်လာတုန်းက ရွာသားတွေကိုလည်း နှိပ်စက်ခဲ့တယ်၊ အိမ်အချို့ကို လည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ ကျနော်တို့စခန်းကိုလည်း ၀င်ဖျက်သွားတယ် အဲတာကို မကြေနပ်လို့ပါ” ဟု ဆိုပါသည်။

KIA တပ်မဟာ (၂) တပ်ရင်း (၆) လက်အောက်ခံ တပ်ခွဲတခွဲ၏ ရှေ့တန်းစခန်းဖြစ်သော ကောင်းဝါ ((Kawa Kawng) စခန်းကိုအစိုးရ ခမရ ၂၉၇၊ ခမရ ၂၉၈ နှင့် ခလရ (၂၅) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ KIA သည် ဤပူးပေါင်းတပ်ဖွဲ့များအပြန် မိုးကောင်းရဲစခန်း၌ နားနေစဉ်တွင် ပြန်လည်ချေမှုန်းခဲ့ခြင်း ဖြစ်ပါသည်။

ဤတိုက်ပွဲကြောင့် ယနေ့ မနက် (၆) နာရီအချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းအပေါ်ရှိ အစိုးရတပ်ဖွဲ့တို့သည် KIA တပ်ရင်း (၆) တပ်စခန်း ရှိသည့်နေရာ ဘက်သို့ လက်နက်ကြီးဖြင့် (၁၀) ချက်ခန့် ပစ်ခတ်သွားသည်ဟု ဖားကန့်မြို့ခံ တစ်ဦးက ပြောပါသည်။

အစိုးရတပ်ဖွဲ့များသည် ကျေးရွားသားများအပေါ် နှိပ်စက်ခြင်း၊ ဖျက်ဆီးခြင်း၊ မုဒိန်းကျင့်ခြင်း၊ ရွာမီးရှို့ခြင်း၊ ပစ်ခတ်သတ် ဖြတ်ခြင်း တို့ကို အစီစဉ်ရှိရှိ လုပ်ခဲ့သည်ဟု KIA တို့ကဆိုပါသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပါက အနီးအနားရှိ ကျေးရွာထဲ သို့ လက်နက်ကြီးဖြင့် ပစ်သွင်းခြင်း၊ တွေ့ရှိသည့် ရွာသားများကို ပစ်သတ်ခြင်းသည် ရှေ့တန်းရှိ အစိုးရတပ်များ၏ လုပ် နေကြလုပ်ကြံမှုနည်းဗျူဟာ တခုဖြစ်ပါသည်။

ဤနည်းဖြင့် အစိုးရတပ်ဖွဲ့များသည် ရွာသားများကို ရွာပုန်းရွာရှောင်ဘ၀ ရောက်ရှိစေခြင်းနှင့် ဒုက္ခသည်ဘ၀ ရောက်ရှိ စေခြင်းကို တမင်ရည်ရွယ်ချက်ဖြင့် ဖန်တီးနေခဲ့ပါသည်။ ဤလုပ်ရပ်မျိုးသည် ယခုတိုက်နေသော KIA စစ်ပွဲမှာတင်မ ဟုတ် ဘဲ 1994 ခုနှစ်၌ ထိုးစစ်ဆင်ခဲ့သော KNU တိုက်ပွဲများနှင့် တိုင်းရင်းသားဒေသ ထိုးစစ်တိုင်းတွင် ထင်ထင် ရှား ရှား ကျင့်သုံးနေခဲ့သော လုပ်ရပ်ဆိုးဖြစ်ပါသည်။-ရွှေဟင်္သာသတင်းဌာန (18-12-2012) ဖါးကန့်ဒေသရှိ မိုးကောင်းရဲစခန်း တစ်ခု ဖြစ်သော ကာမိုင်းရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ သည်ဟု ပြောခွင့်ရသူ KIA အရာရှိ တဦးက ဆိုပါသည်။

“ဒီလိုပါ. ကျနော်တို့ တပ်ရင်း (၆) ရဲ့ တပ်ခွဲရုံးကို ပြီးခဲ့တဲ့ (၁၂) ရက်နေ့က ၀င်သိမ်းသွားတဲ့တပ်က မိုးကောင်းရဲစခန်းမှာ ၀င်နားနေတဲ့အချိန်မှာ ကျနော်တို့က ၀င်တိုက်လိုက်တာဖြစ်တယ်။ သူတို့ ထွက်ပြေးရတယ်လေ။ အဲဒီတပ်က သူတို့ တက်လာတုန်းက ရွာသားတွေကိုလည်း နှိပ်စက်ခဲ့တယ်၊ အိမ်အချို့ကို လည်း ဖျက်ဆီးသွားတယ်။ ပြီးတော့ ကျနော်တို့စခန်းကိုလည်း ၀င်ဖျက်သွားတယ် အဲတာကို မကြေနပ်လို့ပါ” ဟု ဆိုပါသည်။

KIA တပ်မဟာ (၂) တပ်ရင်း (၆) လက်အောက်ခံ တပ်ခွဲတခွဲ၏ ရှေ့တန်းစခန်းဖြစ်သော ကောင်းဝါ ((Kawa Kawng) စခန်းကိုအစိုးရ ခမရ ၂၉၇၊ ခမရ ၂၉၈ နှင့် ခလရ (၂၅) တို့က ပူးပေါင်းတိုက်ခိုက် သိမ်းပိုက် ဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ KIA သည် ဤပူးပေါင်းတပ်ဖွဲ့များအပြန် မိုးကောင်းရဲစခန်း၌ နားနေစဉ်တွင် ပြန်လည်ချေမှုန်းခဲ့ခြင်း ဖြစ်ပါသည်။


ဤတိုက်ပွဲကြောင့် ယနေ့ မနက် (၆) နာရီအချိန်တွင် ဖားကန့်မြို့ ဗျူဟာကုန်းအပေါ်ရှိ အစိုးရတပ်ဖွဲ့တို့သည် KIA တပ်ရင်း (၆) တပ်စခန်း ရှိသည့်နေရာ ဘက်သို့ လက်နက်ကြီးဖြင့် (၁၀) ချက်ခန့် ပစ်ခတ်သွားသည်ဟု ဖားကန့်မြို့ခံ တစ်ဦးက ပြောပါသည်။

အစိုးရတပ်ဖွဲ့များသည် ကျေးရွားသားများအပေါ် နှိပ်စက်ခြင်း၊ ဖျက်ဆီးခြင်း၊ မုဒိန်းကျင့်ခြင်း၊ ရွာမီးရှို့ခြင်း၊ ပစ်ခတ်သတ် ဖြတ်ခြင်း တို့ကို အစီစဉ်ရှိရှိ လုပ်ခဲ့သည်ဟု KIA တို့ကဆိုပါသည်။ ထို့အပြင် တိုက်ပွဲဖြစ်ပါက အနီးအနားရှိ ကျေးရွာထဲ သို့ လက်နက်ကြီးဖြင့် ပစ်သွင်းခြင်း၊ တွေ့ရှိသည့် ရွာသားများကို ပစ်သတ်ခြင်းသည် ရှေ့တန်းရှိ အစိုးရတပ်များ၏ လုပ် နေကြလုပ်ကြံမှုနည်းဗျူဟာ တခုဖြစ်ပါသည်။

ဤနည်းဖြင့် အစိုးရတပ်ဖွဲ့များသည် ရွာသားများကို ရွာပုန်းရွာရှောင်ဘ၀ ရောက်ရှိစေခြင်းနှင့် ဒုက္ခသည်ဘ၀ ရောက်ရှိ စေခြင်းကို တမင်ရည်ရွယ်ချက်ဖြင့် ဖန်တီးနေခဲ့ပါသည်။ ဤလုပ်ရပ်မျိုးသည် ယခုတိုက်နေသော KIA စစ်ပွဲမှာတင်မ ဟုတ် ဘဲ 1994 ခုနှစ်၌ ထိုးစစ်ဆင်ခဲ့သော KNU တိုက်ပွဲများနှင့် တိုင်းရင်းသားဒေသ ထိုးစစ်တိုင်းတွင် ထင်ထင် ရှား ရှား ကျင့်သုံးနေခဲ့သော လုပ်ရပ်ဆိုးဖြစ်ပါသည်။-ရွှေဟင်္သာသတင်းဌာန (18-12-2012)
Like · · · 12 minutes ago ·

  • Min Aung and 8 others like this.
  • Taw Tate အသာလုပ်ပါဆရာရယ် ပါရ ရင်ပြီမှာမဟုတ်တော့ပါဘူးကွယ် ဒါတွေကိုနောက်ဆယ်သက်ပြောရဲတယ်
  • Taw Tate ခင်များတို့ နောက်ဆယ်သက်
  • Myatmyat Winmg (၁)ပတ်/(၁)လအချိန်ပေး.........................လို့
  • Ayeyar Aung ငြိမ်းချမ်းစွာလက်တွဲမှတိုင်းပြည်ဖွံ့ဖြိုးပြီးတိုင်းပြည်ချစ်ရာရောက်ပါလိမ့်မယ်

No comments: