Saturday 4 August 2012

သမ္မတကြီးကိုယ်တိုင် သာမန် အရပ်သားတစ်ယောက်လို


မနေ့က ရန်ကုန်မြို့ မြေနီကုန်းရှိ ကုလားတစ်ယောက်လျှင် မိန်းမ လေးယောက်ယူနိုင်ရေး၊ အဆိုပါ မိန်းမ လေးယောက်မှ စိတ်ကြိုက် မွေးချင်သလောက် ကလေးမွေးနိုင်ရေးအတွက် စားဝတ်နေရေး ကူညီပေးနေသော ဒုက္ခသည်များ မဟာမင်းကြီးရုံး (UNHCR)ေ၇ှ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ အစိုး၏ သမ္မတကြီး ဦးတိန်းရှိန် ကို ချစ်လှစွာသော ပြည်သူအချို့က ၅ ရက် ကြိုတင်ခွင့်ပြုချက် တောင်းရမည့်အစား ၂၄ နာရီနောက်ကျပြီး ၄ ရက်သာ ကြိုတင်ခွင့်ပြုချက်တော
င်းပြီး ခွင့်ပြုပြု မပြုပြု ထောက်ခံကြောင်း သွားရောက် ဆန္ဒပြခဲ့ကြသည်။

"ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတကြီး၏ သဘောထား နှင့် ရပ်တည်ချက်ကို ထောက်ခံပါသည်" ဟူသော ဆိုင်းဘုတ်များကိုင်ဆောင်လျှက် ဆန္ဒပြခဲ့ကြရာ ငါးမိနစ် အကြာတွင် စမ်းချောင်း ရဲစခန်းမှ ရဲအရာရှိများ ရောက်ရှိလာပြီး တားဆီးခဲ့ကာ ဆန္ဒပြ ခေါင်းဆောင်များကို စမ်းချောင်း ရဲစခန်းသို့ ခေါ်သွားခဲ့သည်။

ရဲစခန်းတွင် တရားမ၀င် ဆန္ဒထုတ်ဖေါ်မှုဖြင့် အမှုဖွင့်ထားပြီး အာမခံပေးနိုင်သူရှိသူများကို ပြန်လည် လွှတ်ပေးလိုက်ပြီး အာမခံပေးမည့်သူ ရှာမရသောပုဂ္ဂိုလ်များကိုမူ ဆက်လက် ဖမ်းဆီးထားခဲ့သည်။

ထိုသို့သော အခြေအနေများကို နိုင်ငံတော် သမ္မတရုံး ညွန်မှူး ချူးချော် က FB ပေါ်မှတဆင့် သိရှိသွားပြီး ဦးတိန်းရှိန်သို တင်ပြခဲ့သည်။ သမ္မအကြံပေး ဦးတိုတိုရိုင် ကလည်း "Clean Government, Good Government ကို ဖေါ်ဆောင်နေတဲ့ သမ္မတကြီး တစ်ယောက် အနေနဲ့ သမ္မကြီးကို ထောက်ခံသူများကို သမ္မတကြီးကိုယ်တိုင် သာမန် အရပ်သားတစ်ယောက်လို ၀တ်စားပြီး လုပ်ထုံးလုပ်ငန်းအတိုင်း စာရွက်စာတမ်းအ ပြည့်အစုံယူကာ အာမခံပေးသင့်တယ်" ဟု အကြံပေးခဲ့သည်။

သမ္မတကြီးကလည်း "ဟုတ်တယ်၊ ငါ့ကို ချစ်လို့ ငါ့ကို ထောက်ခံသူတွေကို ငါကိုယ်တိုင် အာမခံပေးမယ်။ သမ္မတ တစ်ယောက်လို မဟုတ်ဘဲ သာမန်အရပ်သားလို လုပ်မယ်။" ဟုဆိုကာ ခေါင်းပေါင်းချွတ်လျှက် အာမခံပေးရန် လိုအပ်သော စာရွက်စာတမ်းများ လိုက်လံစုဆောင်းရေး ပြင်ဆင်ခဲ့သည်။

ပထမဦးဆုံး အနေဖြင့် ရပ်ကွက် အုပ်ချူပ်ရေးမှူးရုံးသို့ သွားပြီး စဗ္ဗူသီရိရပ်ကွက်တွင် နေထိုင်ကြောင်း ထောက်ခံစာ သွားယူခဲ့ရာ ရပ်ကွက် အုပ်ချူပ်ရေးမှူးက ဆယ်အိမ်ခေါင်းဆီ အရင်သွားပါ။ သူက ထောက်ခံပြီးမှ သူ့စာနဲ့ ကျွန်တော့်ဆီ လာခဲ့ပါဟု ပြောကြားခဲ့သဖြင့် ဆယ်အိမ်ခေါင်း ကိုသံချောင်းကို လိုက်ရှာခဲ့ရာ ဘီအီးဆိုင်အတွင်း တွေ့ရှိခဲ့ပြီး ဘီအီးတစ်ပိုင်းဖိုးပေးပြီးမှ လက်ဖြင့် ရေးထားသော စက္ကူစုတ်လေး တစ်ရွက် ရရှိခဲ့သည်။

ထိုစာရွက်ကို ယူပြီး ဦးတိန်းရှိန်မှာ တက်ကြွစွာဖြင့် ကျေး၇ွာ အုပ်ချူပ်ရေးမှူးထံ သွားရောက်ခဲ့သည်။ ကျေးရွာအုပ်ချူပ်ရေးမှူးထံေ၇ာက်သောအခါ အခုအချိန်က ရုံးဖွင့်ချိန် မဟုတ်ဘူး။ ရုံးက ညနေ ၆ နာရီမှ စဖွင့်တာ ညနေမှ လာခဲ့ဟု ဆီးဟောက်ခြင်း ခံလိုက်ရပြန်သည်။ ဦးတိန်းရှိန်ကလည်း "အာမခံပေးရမယ့် ကိစ္စမို့ ညနေဆိုရင် ရမှာ မဟုတ်တော့ဘူး။ အခုချက်ခြင်း သွားမှ ရဲစခန်းက လုပ်ပေးမှာပါ။ ကူညီပါဗျာ။" ဟု တောင်းပန် တိုးလျှိုးလျှက် ပျံကြားရေး ၀ံကြီး ဦးတော်စမ်း ပုံစံဖြင့် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျပြခဲ့ရာ၊ အုပ်ချူပ်ရေးမှူးက ပြာပြာသလဲဖြင့် "ဟေ့ ဒါ မသာအိမ် မဟုတ်ဘူး။ မင်းငိုမယ်ဆို သွား ဟိုေ၇ှ့က ကုက္ကိုလ်ပင်အောက် သွားငို" ဟုအော်ပြန်ပြီး" ဘယ်လိုလူတွေလည်း မသိဘူး။ ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆိုတာကိုတောင် နားမလည်ဘူး။ ဒါ့ကြောင့် ဒီနိုင်ငံ ဆင်းရဲနေတာ" ဟု မကြားတစ်ကြားပြောလေသည်။

ထိုစကားကို ချက်ခြင်း သဘောပေါက်သွားသော ဦးတိန်းရှိန်က အိတ်ထဲတွင် ပါလာသော တစ်ကြိမ်တစ်ခါမှ မပြင်မှာ မသုံးရသေးသော ငွေကျပ် တစ်ထောင်တန် အသစ်ငါးရွက်ကို ထုတ်ပြီး "ဆရာတို့ လက်ဘက်ရည်ဖိုးပါ" ဟုပြောပြီး ကြောက်ကြောက် လန့်လန့် ပုံစံဖြင့် ပေးလေရာ အုပ်ချူပ်ရေးမှူး၏ စာရေးဖြစ်သူက "ဟေ့ ဒါက ဒီမိုကရေစီစနစ်ကွ။ အခုလိုပေးလို့မ၇ဘူး။ သွား A4 စာ၇ွက်ထဲ ညှပ်ပြီးပေး။ ပြီးတော့ A4 စာရွက်လေး ၂ ထုတ်လောက်ဝယ်လာ။" တော်ကြာ ဂျာနယ်ထဲ ပါနေမယ် ဟု ပြောလေသည်။

ဦးတိန်းရှိန်လည်း ချက်ခြင်းပင် လမ်းထိပ်ရှိ စာရေးကိရိယာဆိုင်သို့ပြေး A4 နှစ်ထုတ် နှင့် စာ၇ွက်တစ်ရွက်ကိုဝယ် အဆိုပါ စာရွက်အတွင်း ငါးထောင်တန်အသစ် ငါးရွက်ကိုညှပ်လျှက် အုပ်ချူပ်ရေးမှူးရုံးသို့ ပြန်သွားပြီး စာေ၇းကို ပေးအပ်လေသည်။

စာရေးက ချက်ခြင်းပင် ဆယ်အိမ်ခေါင်းပေးလိုက်သော စက္ကူစုတ်လေးကို တောင်းယူပြီး "ရပ်ကွက်တွင်း နေထိုင်ကြောင်း" ထောက်ခံစာ ထုတ်ပေးလိုက်လေသည်။

အဆိုပါ စာရွက်လေးကို အသက် ၆၇ နှစ်အရွယ်ရှိ ဦးတိန်းရှိန်က တုန်တုန်ရင်ရင်ဖြင့် ယူလျှက် ရဲစခန်း ထောက်ခံစာ ယူရန် ဆိုက္ကားလေးဖြင့် ထွက်ခဲ့သည်။

ရဲစခန်းအ၀တွင် "ကူညီပါရစေ။ (May I Help You.)" ဟု ရေးထားသော စာတမ်းကို ကြည့် တစ်ချက်ပြုံးပြီး ဆိုက္ကားပေါ်မှ ဆင်းခဲ့သည်။

ရဲစခန်းအတွင်း ၀င်လိုက်သည်နှင့် "ဟုတ်ကဲ့.. ကျွန်တော် ဘာများ ကူညီပေးရပါ့မလဲ" ဟု တာဝန်မှူး က မေးမြန်းခဲ့ရာ ဦးတိန်းရှိန်က "ရဲစခန်းမှာ အာမခံပေးဖို့အတွက် ထောက်ခံစာ လာယူတာပါ" ဟုပြောသောအခါ ဒါဆို နောက်က နယ်ထိန်းရုံးခန်းသို့ သွားပါ ဟု လမ်းညွန်လိုက်သဖြင့် စခန်းနောက် အနိမ့်ပိုင်းလေးတွင် သစ်သားစုတ်များဖြင့် အခန်းဖွဲ့ထားသော နယ်ထိန်းရုံးခန်းသို့ ၀င်ရောက်ခဲ့သည်။

ရုံးခန်းအတွင်း ၀င်လိုက်သည်နှင့် စွပ်ကျယ်ခပ်နွမ်းနွမ်းကို ၀တ်ဆင်ထားသော ခပ်၀၀ ပုဂ္ဂိုလ်တစ်ဦးက စာရေးနေရင်း စာကြည့်မျက်မှန်ပေါ်မှ ကျော်ကြည့်လျှက် ဘာကိစ္စလဲ..ဟု ခပ်မာမာ မေးလိုက်သည်။

ဦးတိန်းရှိန်က အာမခံပေးရမှာမို့ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ လာယူတာပါ ဟုပြောလေသောအခါ အဆိုပါ ဂါတ်စာရေးက ခဏလေး ထိုင်ပါဟု ပြောပြီး စာဆက်ရေးနေလေသည်။

ဦးတိန်းရှိန်လည်း သူရေးနေသော စာကို ပြီးသည့်တိုင် စောင့်ရမည်ဟု နားလည်သည့် အားလျှော်စွာ ဆက်လက်စောင့်ဆိုင်းနေသည်။

အဆိုပါ ဂါတ်စာရေးက ဦးတိန်းရှိန်ကို ထိုင်ခိုင်းထားပြီးနောက် ဦးတိန်းရှိန် ရှိနေသည်ဟုပင် မထင်ပုံနှင့် စာတစ်စောင်ပြီး တစ်စောင်ရေးလိုက်၊ ထသွားလိုက် ရေသောက်လိုက် ပုဆိုးစ မြှောက်လိုက်၊ အီးပေါက်လိုက် လုပ်နေပြီး အချိန် တစ်နာရီခွဲကျော် ကုန်ဆုံးစေခဲ့သည်။

ဦးတိန်းရှိန်ကလည်း ကြောက်ကြောက်နှင့် မည်သို့မျှ မပြောရဲဘဲ ဆက်လက်စောင့်နေခဲ့ပြီး အချိန် ၂ နာရီ မပြည့်တစ်ပြည့်တွင်မူ ဂါတ်စာရေးက လူတစ်ယောက်ကို လှမ်းခေါ်ပြီး "ဒီမှာကွာ ထောက်ခံစာ တစ်စောင်ရေးပေးလိုက်ပါ" ဟု ခိုင်းလေသည်။

အဆိုပါ ပိန်ပိန်ပါးပါး လူငယ်လေးက ဦးတိန်းရှိန်ထံမှ ရပ်ကွက် အုပ်ချူပ်ရေးမှူး ပေးလိုက်သော ထောက်ခံစာ တောင်းယူလျှက် ထောက်ခံစာ တစ်စောင်ထပ် ရေးသားပြီးနောက် ဂါတ်စာရေးကိုလက်မှတ်ထိုးပေးရန် ပေးလေသည်။

ဂါတ်စာရေးက ထောက်ခံစာကို လက်မှတ်ထိုးပြီး " VIP ခရီးစဉ် ကျွေးမွေးစရိတ်အတွက် အလှူငွေ ထည့်သွားပါ" ဟု ပြောပြီး ထောက်ခံစာကို ဦးတိန်းရှိန်ထံ ပေးလေသည်။ ဦးတိန်းရှိန်ကလည်း "VIP ခရီးစဉ် အတွက် ဘယ်လောက် လှူရမှာလဲ" ဟုမေးရာ အနည်းဆုံး ငါးထောင်လောက် လှူကြတယ်။ ဟု ဂတ်စာရေးက ဦးတိန်းရှိန် မျက်လုံးကို စိုက်ကြည့်ပြီး ပြောလေသည်။

ဦးတိန်းရှိန်ကလည်း အဆိုပါ ဂတ်စာရေးကို မသုံးရသေးသော တစ်ထောင်တန် ငါးရွက် ထုတ်ပြီး ပေးရာ "လက်ဘက်ရည်ဖိုးလေးရော မပေးချင်ဘူးလား" ဟူသည့် ဂါတ်စာေ၇း နောက်လိုက်၏ စကားအရ နောက်ထပ် သုံးထောင် စုစုပေါင်း ရှစ်ထောင်ပေးပြီး ရဲစခန်းအတွင်းမှ May I Help You. စာတမ်းကို ကြောခိုင်းပြီး ထွက်လာခဲ့သည်။

ရပ်ကွက် ထောက်ခံစာ နှင့် ရဲစခန်းထောက်ခံစာ ရရှိပြီးသော ဦးတိန်းရှိန်က သူ၏ ၇ုံးသို့ ဖုန်းဆက်ပြီး ငါစမ်းချောင်းစခန်းကို အမြန်ဆုံးသွားဖို့ ပုဇင်း စီစဉ်ပေးပါဟုပြောဆိုလိုက်ရာ ချက်ခြင်းပင် ရန်ကုန်သို့ ဦးတိန်းရှိန်ရောက်ရှိခဲ့ပြီး လေဆိပ်တွင် ကားငှါးရန် စောင့်ဆိုင်းနေသည်။

AA**** နံပါတ်တပ် ကားများ ကောင်းလွန်းသဖြင့် ငါးစီးရရင် ကောင်းမယ်ဟု တွေးပြီး AA**** အမှတ်ကား မှန်သမျှ တားခဲ့ရာ မည်သည့် ကားမှ မရပ်ဘဲ ရပ်လာသော ကားတစ်စီးကလည်း ငါက တက္ကစီသမားရုပ်ပေါက်လို့လားကွ။ မှတ်ထား ငါက ဗိုလ်မှူးကြီး ဟုပြောပြီး AA**** ကားကို ဆက်မောင်းသွားခဲ့ရာ သာမန်ပြည်သူ တစ်ဦးအနေဖြင့် လာခဲ့သော ဦးတိန်းရှိန်မှာ ၁၉၈၈ ခုနှစ်ထုတ် SE ဆလွန်းစုတ်လေးဖြင့် စမ်းချောင်းအရောက် ခြောက်ထောင်ကျပ် ပေးပြီး ငှါးစီးလာခဲ့သည်။


စမ်းချောင်းရဲစခန်းေ၇ှ့ရောက်သောအခါ သတင်းထောက်အချို့က ဟိုစုစု ဒီစုစုဖြင့် အတွင်းသို့ ဓါတ်ပုံများ လှမ်းရိုက်နေကြပြီး အပေါက်ဝတွင် ကြည်ဆံ မရှိသော သေနတ်တစ်လက်ကို ကိုင်ထားသော ရဲသားတစ်ယောက် စောင့်နေသည်ကို တွေ့ရလေသည်။

အဆိုပါ ရဲသားက အပေါက်ဝ ၀င်လာသော ဦးတိန်းရှိန်ကို "ဘာကိစ္စ လာတာလဲ" ဟု အသံခပ်မာမာဖြင့် မေးရာ ဦးတိန်းရှိန်က "အာမခံပေးရန် လာခြင်းဖြစ်ကြောင်း" ပြောပြီး ယခင်ရုံးနှစ်ရုံးတွင် ထောက်ခံစာ ယူခဲ့သည့် အတွေ့အကြုံများကို အကျိုးရှိရှိ အသုံးချလျှက် အစောင့်ရဲသားအနား နီးသည်ထက် နီးနီးကပ်ကပ် တိုးသွားပြီး မီဒီယာသမားများ မမြင်အောင် ဘောင်းဘီအိတ်အတွင်း ငွေတစ်ထောင်တန်တစ်ရွက် ထိုးထည့်ပေးလိုက်သည်။

အဆိုပါ ရဲသားလေးက တံခါးဖွင့်ပေးလိုက်သောအခါ အထဲတွင် သူ့အား ထောက်ခံသည့် လူငယ်များ ခုံတန်းပေါ်တွင် ထိုင်ပြီး အာမခံပေးမည့်သူကို စောင့်နေသည်ကို တွေ့ရလေသည်။

သူက မျက်စိတစ်ဖက် မှိတ်ပြပြီး စခန်းမှူးထံ ၀င်သွားခဲ့သည်။ စခန်းမှူးကိုလည်း အာမခံပေးရန် လာခြင်းဖြစ်ကြောင်း ရ၀တ ထောက်ခံစာ နှင့် ရဲစခန်းထောက်ခံစာလည်း ပါလာပါကြောင်းပြောကြားခဲ့သည်။

စခန်းမှူးက ခင်ဗျားမှာ ဘာတွေပိုင်ဆိုင်တယ် ဆိုတဲ့ အထောက်အထား ပါလာသလား ဟုမေးမြန်းခဲ့ရာ အဆိုပါ စာရွက်စာတမ်းများ ယူဆောင်လာရမှန်း မသိသောကြောင့် မပါလာသော ဦးတိန်းရှိန်က ပြာပြာသလဲ ခေါင်းရမ်းပြခဲ့ရာ "ဒါဆို မဖြစ်နိုင်ဘူး" ဟု စခန်းမှူးက ပြန်ပြောလေသည်။

အကြံအိုက်သွားသော ဦးတိန်းရှိန်က ချက်ခြင်း သတိရပြီး စခန်းမှူးကြီးရယ် "လုပ်ပါ စခန်းမှူးကြီးရယ် ဒီကလေးတွေ က ရာဇ၀တ်မှု ကျူးလွန်ထားတဲ့ သူတွေလည်း မဟုတ်ဘူး။ သမ္မတကြီးကို ထောက်ခံတဲ့သူတွေလေ" ဟုပြောခဲ့ရာ "မရဘူး။ ဥပဒေ က ဥပဒေဘဲ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ရမှာဘဲ။" ဟုပြန်ပြောလေသည်။

ခဏကြာလျှင် လူတစ်ယောက်က ဦးတိန်းရှိန်ကို လက်ကုတ်ပြီး လာခေါ်လေသောအခါ ဦးတိန်းရှိန်လည်း အဆိုပါ လူနောက် လိုက်သွားပြီး စခန်းအနောက် ချောင်ထဲတွင် နှစ်ကိုယ်ကြား စကားပြောကြည့်ရာ အဆိုပါ ပုဂ္ဂိုလ်က "ကျွန်တော်က အမှုပွဲစားပါ။ အခုကိစ္စ အာမခံရအောင် လုပ်ပေးမယ် တစ်သိန်းခွဲ ကျမယ်" ဟုပြောလေသည်။

ဦးတိန်းရှိန်ကလည်း သူ့တွင် ငွေကျပ် တစ်သိန်းခွဲ မပါကြောင်း ငွေ ရှစ်သောင်းသာ ပါကြောင်း ရအောင်လုပ်ပေးပါ အဲ့ဒီ ရှစ်သောင်းပေးပါမည့်အကြောင်း တောင်းပန် ခယလေသည်။

ခဏလေးနော် ဟုဆိုကာ အဆိုပါ ပုဂ္ဂိုလ်က စခန်းမှူးရုံးခန်းအတွင်း ၀င်သွားပြီး ၂ မိနစ်အကြာ ပြန်ထွက်လာပြီး "မရဘူးဗျ။ မြို့နယ်မှူးက ငါးသောင်း၊ စခန်းမှူးက လေးသောင်း၊ ကျွန်တော်က နှစ်သောင်း ယူမှဖြစ်မယ်။" ဟု ပြောဆိုသောအခါ ဦးတိန်းရှိန်က "ဒါဆိုငါ့မှာ ပါလာတဲ့ငွေ ရှစ်သောင်းနဲ့ ငါ့နာရီလေး ယူထား နောက်နေ့ ငါပြန်လာေ၇ွးမယ်" ဟုပြောဆိုသောအခါ အဆိုပါ ပုဂ္ဂိုလ်က "ခဏစောင့်" ဟုပြောပြီး ဦးတိန်းရှိန်ထံမှ ထောက်ခံစာများ ယူသွားပြီး စခန်းမှူး ရုံးခန်းသို့ ၀င်သွားလေသည်။

နောက်ထပ် ၂ မိနစ် ကြာသောအခါ ဦးတိန်းရှိန် အား လက်မှတ်အချို့ ထိုးခိုင်းပြီး ပိုက်ဆံ ရှစ်သောင်း နာရီတစ်လုံးတောင်းယူပြီးနောက် ဆန္ဒပြ ခေါင်းဆောင်များကို ပြန်ခေါ်သွားနိုင်ပြီ ဖြစ်ကြောင်း အမှုရုံးချိန်းရက်များတွင် မဖြစ်မနေ ပြန်ခေါ်လာရမည်ဖြစ်ကြောင်း ထွက်ပြေးပါက ဦးတိန်းရှိန်က ထောင်ကျမည်ဖြစ်ကြောင်း ပြောလေသည်။

ဦးတိန်းရှိန်လည်း သူ့ကို ထောက်ခံဆန္ဒပြသော လူငယ်များကို ခေါ်ကာ သူတည်းခိုမည့် မရမ်းကုန်းမြို့နယ် ကုန်းမြင့်သာ သို့ တက္ကစီကားစုတ်လေးဖြင့် ပြန်လာခဲ့တော့သည်။

လမ်းတွင် သူ့ခေါင်းထဲ ၀င်လာသည်က " Clean Government! Good Government! " ဟူသည့် စကားစုများသာ ဖြစ်လေတော့သည်။..

(အဖြစ်အပျက်တစ်ခုကို အခြေခံပြီး ရေးချင်သလို စိတ်ထဲပေါ်လာသည့် အတိုင်း ရေးချလိုက်မိခြင်းသာ ဖြစ်ပါသည်။)

No comments: