Thursday 2 August 2012

ဦးသန့်နေထိုင်ခဲ့သောအိမ်ကို ပြတိုက်ငယ်ဖွင့်လှစ်နိုင်ရန် မိသားစုပြင်ဆင်



ရန်ကုန်-သြဂုတ်၂
၁၉၅၀ပြည့်နှစ်များက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ ၀န်ကြီးချုပ်ကိုယ်ရေးအရာရှိဘ၀က နေထိုင် ခဲ့သော နေ အိမ်အားမကြာမီပြန်လည်ပြုပြင်ကာဦးသန့်၏ဘ၀အစိတ်အပိုင်းနှင့်သူ၏အလုပ်နှင့်ပတ်သက်သည်များကို အိမ်၏ အစိတ်အပိုင်းအချို့တွင် ပြတိုက် ငယ်အဖြစ် ပြုလုပ်သွားမည်ဖြစ်ပြီး၊အိမ်၏အချို့အစိတ်အပိုင်းများတွင် အများပြည်
သူနှင့်ဆိုင်သော ဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချချက်မျာြး ပု လုပ်နိုင်ရန် မိသားစုများက ပြင်ဆင်နေကြောင်း ဦးသန့်၏မြေးတော် စပ်သူ စာရေးဆရာဦးသန့်မြင့်ဦးကသူ၏ ဖေ့ဘွတ်စာမျက်နှာတွင်
် ယနေ့မွန်းလွဲပိုင်းက ရေးသားထားသည်။
ယခင်အစိုးရလက်ထက်ကလျှစ်လျှူရှု့ထားခံခဲ့ရသော ထိုအိမ်သည် အစိုးရပိုင်ဖြစ်ပြီး မိသားစု၏စိတ်ကူးကို အကောင်အထည်ဖော်နိုင်ရန် သမ္မတက ခွင့်ပြုချက်ပေးခဲ့ပြီး လအနည်းငယ်အကြာအချိန်ယူပြင်ဆင်ပြီး အကောင်မထည်ဖော်နိုင်မည်ဟုမျှော်လင့်ကြောင်းလည်းဦးသန့်မြင့်ဦး
ကရေးသားထားသည်။
အဆိုပါအိမ်မှာ အမှတ်(၃၁)၊ ၀င်ဒါမီရာ Garden (ဆာကူရာ Resident နောက်လမ်းမှဝင်ရ) ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင် တည်ရှိသည်။
ဓာတ်ပုံ - U Thant Myint U FB Page

No comments: