Monday 24 September 2012

မောင်သွေးချွန်က ဒေါက်တာ သန်းထွန်း ရဲ့ အမှား တွေကို ထောက်ပြထားတယ်ဆိုတဲ့ စာအုပ်

မောင်သွေးချွန်က ဒေါက်တာ သန်းထွန်း ရဲ့ အမှား တွေကို ထောက်ပြထားတယ်ဆိုတဲ့ စာအုပ် အွန်လိုင်းရောက်လာလို့ “ဘုရား” တ မိပြီး အကြမ်းဖျင်း အမြန် ဖတ်ဖြစ်တယ်..။ သူထောက်ပြတဲ့ အများစု က ရီစရာ ဖြစ်နေသလို ပြန်ဖြေရှင်းတဲ့ အချက်တွေက ပိုပြီး ရီစရာကောင်းတယ်..။ ဒဏ္ဍာရီ၊ ပါးစပ်ရာဇဝင်၊ မင်းကို မြှောက်ရေးရတဲ့ ရာဇဝင် နဲ့ သမိုင်း ဆိုတဲ့ ပညာရပ်သဘော ကို ကွဲပြီး မမြင်နိုင်ခြင်းဆိုတဲ့ အဓိက အကြောင်းကြောင့် ဒီလို ဗုံမဟုတ်၊ ပတ်မဟုတ်စာတွေ ပေါ်လာတာပဲ လို့ ယူဆတယ်..။

ဒေါက်တာသန်းထွန်းက ပုဂံခေတ် ကျောက်စာ အထောက်အထားအရ လက်ဖက် မတွေ့ရဘူးလို့ သုံးသပ်တာမျိုးကို မောင်သွေးချွန်က အလောင်းစည်သူ ဇမ္ဗူ ဒိပ်ကျွန်း တိုင်းခန်းလှည့်လည်တော့ နတ်ဘီလူး (၄) ကောင်က လက်ဖက်စိုက်ဖို့ မျိုးစေ့ ပေးပုံ ရယ်..၊ ပုဂံခေတ် မတိုင်ခေတ် သရေခေတ္တရာ ကတည်းက ဒွတ္တပေါင်မင်းကြီးကို နတ်သား ခုနှစ်ပါးက လက်ဖက်စိုက်ဖို့ နတ်သစ်စေ့ ပေးတာရယ် .. နဲ့ ပြန်ချေဖျက်ထားတာကို ဖတ်ရတာ ဟာသ ရသ တော့ မြောက်ပါပေတယ်။

မောင်သွေးချွန် ရဲ့ ဟိုးအရင်တုန်းက (ဒေါက်တာသန်းထွန်း မဆုံးခင်က) ဒေါက်တာ သန်းထွန်း ရဲ့ စာတချို့ကို ဝေဖန်တာ နှစ်ပုဒ်/သုံးပုဒ် သတိထားမိဖူးတယ်
..။ တခုက ဒေါက်တာ သန်းထွန်း မွေးနေ့ တခု မှာ သူ့ အကြောင်း သူများက ဝိုင်းရေးကြတာတွေရဲ့ အရေးအသား နဲ့ တင်ပြပုံတွေကို သူက ပြန်ဝေဖန်ထားတယ်..။ နောက်တခုကတော့ ဒေါက်တာသန်းထွန်း က အခြား ပညာရှင် တရောက်ရဲ့ ပညာရပ် ဆိုင်ရာ စာတမ်းတခု ကို ပညာရပ်သဘော ဝေဖန်တာကို သူက ပြန် ဝေဖန်တဲ့ စာဖြစ်တယ်..။ အဲ့စာက သရော်စာ စာရေးဆရာ အဘ ကိုကိုကြီး (နောင် အကြည်တော်) ရဲ့ သရော်စာ တပုဒ်လို “ဒေါ်နယ်စိန်အုံး ပြန်လည် သုံးသပ်သည့် အသည်းထဲက ဒဂုန်တာရာ ၏ ‘မေ’ “ အဆင့်ပဲ ရှိတယ်။

သမိုင်းပညာရှင်ဆိုတာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အထောက်အထောက်တခု၊ မြေထဲ သမိုင်း ကို အခြေခံပြီး အသစ်ရှာဖွေ တွေ့ရှိမှု နဲ့ ပညာရှင် ကောက်ချက် ချ မျိုး တွေလုပ်ရတယ်..။ ဒေါက်တာ သန်းထွန်း လုပ်ခဲ့တာ အများစု တကယ့် သုတေသန အလုပ်တွေက အဲ့လို မျိုးတွေပါ..။

ဗမာပြည် အနေအထားအရ သူ့စာတချို့က မင်းသမီး လင်ခဏ ခဏယူတဲ့ သတင်း နဲ့ ဓာတ်ပုံ အဓိကထား ဖော်ပြရတဲ့ ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ရတယ်။ ဒီတော့ မင်းသမီး ဗိုက်ကြီးတဲ့ သတင်း (သို့) ကလေးဖျက်ချရတဲ့ သတင်း အရေးလုပ် ဖော်ပြတဲ့ စာမျိုးအများစု ပါတဲ့ နေရာတွေမှာပဲ တွင်ကျယ်တဲ့ လူတွေရဲ့ မထိတထိ နဲ့ စော်ကားခြင်း၊ တတ်ယောက်ကား လုပ်ခြင်းကို ခံရတာ ထူးတော့ မထူးဆန်းဘူး။

ဒီလို ခေတ်သစ် တခုသွားမယ် ဆိုတဲ့ အချိန်ရောက်တဲ့ အထိ အမျိုးသားရေး သူငယ်နာမစင်တဲ့ သမိုင်းကို ဖက်တွယ်ချင်သူတွေ ကြီးစိုးနေတာ ဝမ်းနည်းစရာပါ။

ပိုဝမ်းနည်းစရာ ကောင်းတာက ကိုယ်တိုင်က အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ဝင်မကန်ဖူးဘဲ နဲ့၊ ဝင်ကန်ဖို့ အရည်အချင်းမရှိဘဲနဲ့ တကယ် ကန်ခဲ့တဲ့ သူတွေကို အပြစ်တင်ချင်တာ..၊ ငါတို့က မရှုံးဖူးဘူး (ဝါ) အမှားမလုပ်ဖူးဘူးလို့ ဆိုချင်တာ ဖြစ်တယ်..။ ဘယ်ရှုံးဖူး..၊ ဘယ်မှားဖူး ပါ့မလဲ..။ တစ်ပွဲမှာမှ မကန်ဖူးကြတာကိုး။

ငြိမ်းချမ်းအေး
၂၂ ၊ စက်တင်ဘာ ၊ ၂၀၁၂
Like · · · 20 hours ago ·

  • Ye Myo Hein မောင်သွေးချွန်က သန့်မြင့်ဦးရဲ့စာအုပ်ကိုလည်းဝေဖန်ထားတယ်။ သန့်မြင့်ဦး ရေးတဲ့မူရင်းစာအုပ်ကိုဝေဖန်တာမဟုတ်ဘဲ မြနှင်းဆီဘာသာပြန်ထားတဲ့စာအုပ် ကိုကိုးကားပြီးဝေဖန်တယ်။ တော်တော်ရယ်ရတဲ့လူ။ သောက်တလွဲတွေချည်းပဲ။ နားမလည်တာက ပိုဆိုးတယ်။ အဲဒါနဲ့များဝေဖန်ရေးလုပ်ချင်သေးတယ်။ မဟာ ဗောဓိမြိုင်ဆရာတော်ကြီးရဲ့စကားတွေ မောင်းသွေးချွန်ပေးပို့ပူဇော်သည်ဆိုတာ လောက်ပဲလုပ်ပြီး ကိုယ့်နဲ့တန်ရာတန်ရာနေသင့်တယ်။ သူ့ဝေဖန်စာတွေဖတ် ပြီးသူ့ရဲ့အသိချို့ယွင်းမှုကိုတွေ့ရ၊ မြင်ရ၊ ရယ်ရတယ်..
  • Phyo Wai Soe နတ်ဘီလူးကျပ်ကောင် က ဟိုး ဘ ၀ က သူ. အဖိုးတွေ ထင်တယ်၊တတ်လို.ရေး လား?ငတ်လို.ရေးလားမေးကြည်.ကြ ပါ ....
  • Nicky Shein ဆရာ ဒေါက်တာ သန်းထွန်း နဲ့ မပြောနဲ့ ၊ အခုဝေဖန်ပြတဲ့ ဆရာ ငြိမ်းချမ်းအေး နဲ့ တောင် ၊ လက်မမျှပါဘူးလို့ ဝင် ပါလိုက်ပါတယ်၊ သွေးလေ တုံး နေတုံး မောင်သွေး (တုံး)
  • Ye Myo Hein ဘာမှလည်းမဆိုင်ပါလား...သွေးချွန်ရေးတဲ့ စာအုပ်နှစ်အုပ်အသိမဲ့တဲ့အကြောင်း ပြောတာကို ဘာမှမဆိုင်တဲ့အကြောင်းအရာနဲ့ချိတ်ဆက်ပြီးလိုရာကိုကောက်ချက်လာဆွဲနေ တယ်။ အဲဒီဆောင်းပါးကို ခင်ဗျားကြိုက်ရင် ကြိုက်တဲ့အကြောင်းရေးလေ။ ကျွန်တော်လည်းကြိုက်ရင်ကြိုက်တဲ့အကြောင်းရေးမယ်။ ဒါပေမဲ့ သွေးချွန်ရေး တဲ့စာနှစ်အုပ် အသိမဲ့ရင်တော့ အသိမဲ့တဲ့ကိစ္စကရေးရမှာပဲ...
  • Taylay Okka MG TWAY CHON= YOU ARE CRAZY!
  • Nicky Shein ညီလေးရေ၊ အသဲဆတ်ဆတ်ခါနာတတ်တာ သွေးချွန် ရေးမှလို့ထင်နေတာကိုက၊ မောင်တို့မယ် နုနယ်လှသကွယ်လို့ တွေးမိတယ်၊ သွေးချွန် မရေးလဲ လူတွေဟာ ကိုယ်စီ သိထားတယ်၊ ဒါပေမဲ့ ငွေတမတ် နဲ့ ငါးကြင်းခေါင်း တက်မကိုင်ကြဖို့တော့ လိုသပေါ့၊ ဒါလေးရေးပြလို့ သမိုင်းဆရာကို ကြိုးဝိုင်းပေါ်တက်စိမ်ခေါ်လောက်အောင် တော့ မလုပ်သင့်ပေဘူးလို့ တွေးမိလို့ ရေးမိသကွဲ့။
  • Nanda Vamsa သမိုင်းကို လက်တွေ့ အထောက်အထားနဲ့သာလက်ခံပါ။ စိတ်ကူးယဉ်ဘုန်းတော်ဘွဲ့တွေနဲ့တော့လက်မခံသင့်ပါ။ အမျိုးဂုဏ် ဇာတိဂုဏ်နဲ့ ကိုးကွယ်ရာဘာသာကိုလဲ အစော်ကားမခံနိုင်ပါ။
  • Soe Thida Wynn ပိုဝမ်းနည်းစရာ ကောင်းတာက ကိုယ်တိုင်က အဆင့်မြင့်တန်းပြိုင်ပွဲတွေမှာ ဝင်မကန်ဖူးဘဲ နဲ့၊ ဝင်ကန်ဖို့ အရည်အချင်းမရှိဘဲနဲ့ တကယ် ကန်ခဲ့တဲ့ သူတွေကို အပြစ်တင်ချင်တာ..၊ ငါတို့က မရှုံးဖူးဘူး (ဝါ) အမှားမလုပ်ဖူးဘူးလို့ ဆိုချင်တာ ဖြစ်တယ်..။ ဘယ်ရှုံးဖူး..၊ ဘယ်မှားဖူး ပါ့မလဲ..။ တစ်ပွဲမှာမှ မကန်ဖူးကြတာကိုး။
  • Nicky Shein တခုတော့ ထောက်ပြပါရစေ၊ ကျွန်တော်တို့ ဗမာလူမျိုး ဗုဓ္ဒ ဘာသာဝင်တွေဟာ ငြိမ်းအေး ဆိတ်ငြိမ်စွာ နေတတ်သူတွေပါ၊ ထိလာရင်(စော်ကားလာရင်) တော့ မြွေပွေးတွေ ဖြစ်ကုန်ကြပါတယ်၊ ဒီနေရာမယ် ကိုယ့်လူမျိုး ဘာသာ သာသနာကို ထိခိုက်လာသူ မည်သူမဆို (ဗုဓ္ဒ ဘာသာဝင် ပါ ) ကို ကျွန်တော်တို့ ခွဲခြားမှု မရှိ တုန့်ပြန်သွားမှာ ဗမာ အများစု ၊ ဗုဓ္ဒ ဘာသာဝင် အများစုက တသဘောထဲပါ၊ တော်ယုံတန်ယုံ ယုတ်တိ မတနိတာလောက်တော့ ချင့်ချိန်တတ်ပြီး သည်းညည်းခံကြတတ်ပါတယ်၊ ဘာမဟုတ် ညာမဟုတ် ရုပ်ရှင်လောက် ရိုက်ပြတာလောက်နဲ့တော့ မပေါက်ကွဲတတ်တာ ဗုဓ္ဒဘာသာဝင်တွေရဲ့ အကြောင်း အကျိုးကို ဆီလျော်အောင် တွေးခေါ်ပေးစေတတ်တဲ့ ဗုဓ္ဒ ရဲ့ အဆုံးအမ ကြောင့်ပဲလို့ ထုတ်ဖေါ် ချီးမွမ်း နေပါတော့တယ်၊
  • Myintzu Zaw ဟုတ်ပါတယ်..ကျမလည်းဖတ်ဖူးပါတယ်..သူဘာကြောင့်ဒေါက်တာသန်းထွန်းကို ဝေဖန်လဲလို့ကျမတို့ငပြိန်းတွေနားမလည်ခဲ့ဘူး...
  • Rectifier Guy လူ့အခွင့်အရေးဆိုတဲ့ စကားတစ်လုံး ပြောတတ်ရုံနဲ့ မြန်မာပြည်ရဲ့ တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနဲ့ ရိုဟင်ဂျာအရေးတွေကို ဘယ်လိုပါဝင်ဖြေရှင်းမှာလဲလို့ မေးလိုက်ချင်ပါတယ်။ (မောင်သွေးချွန်)
  • El Sai Yawnghwe အဟက် အဟက် ပြောမပြောချင်ဝူး....ယိုဒယားနိုင်ငံကိုသွားတိုက်တာ ကြတော့ နယ်ချဲ့ဗမာလို့မခေါ်ဘူးတဲ့... မင်းတရားကြီး ဘုန်းလက်ရုံးဆန့်တန်းတာ ဆိုပဲ။။ ခွီ:D မင်းကိုမြှောက်ရေးတဲ့ ရာဇ၀င်သမိုင်းတွေ အများကြီးရှိဦးမယ် ထင်တယ် ဟွင့်:(
  • Makhin Oo ဒေါက်တာသန်းထွန်းပြောတာကို ရေးတာကို ၉၀%ထောက်ခံတယ်။ ကျောက်စာက ဘုရင်တွေကဘဲ မှတ်တမ်းတင်တာမို့ တချို့ အဖြစ်အပျက်တွေက ဒန္တာရီပု့ပြင်သဖွယ်ဖြစ်ပြီး ပြည်သူတွေက တဆင့်စကားသယ်ဆောင်တာတွေထဲမှာလဲ အမျန်တရားတွေ ရှိနိုင်တယ်။ ဒိလိုပြောလို့ အီယောင်ဝါးမောင်သွေးချွန်ကိုထောက်ခံနေတာ လုံးဝမဟုတ်ပါ။
  • Makhin Oo ကျောက်စာအထောက်အထားမရှိရင်ပယ်ရမယ်ဆိုတာလဲ နဲနဲတော့ ဘုရင်တွေဘက်ကလိုက်နေသလိုဘဲ။ ဘုရင်တွေက သူနဲ့ မသင့်တင့်သူကို သမိုင်းဘယ်တေင်မျာလဲ။
  • ဂါ မဏိ နာမယ်ကြီးချင်လို့ နာမယ်ကြီးတဲ့သူကိုဝေဖန်တာ ကိုယ်ပိန်းမှန်း လူသိသွားရော
  • ကို ထက် မောင်သွေးချွန် နေရာတိုင်းတော့မချွန်ပါ.း)
    အနည်းဆုံးတော့ မြန်မာနိုင်ငံဂုဏ်ကို တတ်နိုင်သမျှ အရောင်တင်ပေးချင်တဲ့ စိတ်ကိုတော့ အသိအမှတ်ပြုပါတယ်။ သူမနိုင်တဲ့ဝန်/နေရာ ဝင်ထမ်းမိတယ်လို့ မြင်မိတယ်။ အထူးသဖြင့် ဒီစာအုပ်ပေါ့။
  • Win Htut ဘယ်ရှုံးဖူး..၊ ဘယ်မှားဖူး ပါ့မလဲ..။ တစ်ပွဲမှာမှ မကန်ဖူးကြတာကိုး။
  • Nyein Soe Oo သမိုင်းပညာရှင်ဆိုတာ လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အထောက်အထောက်တခု၊ မြေထဲ သမိုင်း ကို အခြေခံပြီး အသစ်ရှာဖွေ တွေ့ရှိမှု နဲ့ ပညာရှင် ကောက်ချက် ချ မျိုး တွေလုပ်ရတယ်..။ ဒေါက်တာ သန်းထွန်း လုပ်ခဲ့တာ အများစု တကယ့် သုတေသန အလုပ်တွေက အဲ့လို မျိုးတွေပါ..။
  • Nang Hseing Shwe ဆ၇ာက မ အ , အောင်လို.သမိုင်းသင်တာတဲ. သမိုင်း ရာဇ၀င် ပါးစပ်ရာဇ၀င် ဆိုတာလောက်တော.သိအောင်လုပ်ကြပါ
  • Ko Tar သန့်မြင့်ဦးက “ မင်းတုန်းမင်းသည် ကုန်းဘောင်မင်းဆက်ကို အစပျိုးပြီး နောင် မန္တလေးမြို့တော်ကို တည်ထောင်မည်” (စာ-၂၄၆)
    မင်းတုန်းမင်းဟာ ကုန်းဘောင်ခေတ်နှောင်း မင်းကြီးသာ ဖြစ်ပါတယ်။ ကုန်းဘောင်မင်းဆက်ကို အလောင်းဘုရား ကအစပျိုးခဲ့ပြီး မင်းတုန်းမင်းကိုဆက်ခံတဲ့ သီပေါမင်းဟာ ကုန်းဘောင်မင်းဆက်ရဲ့ နောက်ဆုံးမင်းဖြစ်ပါတယ်။
    http://www.facebook.com/photo.php?fbid=187189531415565&set=a.138593986275120.27522.100003735570627&type=1&theater
  • Moe Myint Myat Aung မြန်မာ့သမိုင်းနဲ့ပတ်သက်ရင် ဒါမျိုးတွေက ရိုးနေပါပြီလေ၊ ခုဟာကတော့ မောင်သွေးချွန်ကြောင်ချက်၊ ဂယောင်ဂတမ်းအကွက်တွေပါ .. အိပ်ရေးပျက်ပါတယ်။ ဒင်းကြီးက သောက်ရူးကြီးသက်သက်ပဲဟာ ..
  • Ko Shwe Aung Thynn သူဟာသူမရှက်လို့ရေးနေတာပါ ကျွန်တော်သူ့ကိုတကြိမ်စိန်ခေါ်ဖူးပါတယ် သမိုင်းပညာရှင်ဟာ ဒေါက်တာသန်းထွန်းလား ချစ်ဦးညိုလားမောင်သွေးချွန်ဖြေပါဆိုတဲ့ဆောင်းပါးပါ သူဘာမှပြန်မပြောရဲပါဘူး သူဟာအလကားလူပါ သူ့ကြောင့်တိုင်းပြည်ရဲ့သမိုင်းတွေကိုနတ်သမိုင်းဆန်ဆန် ပေါက်လွှတ်ပဲစားဖြစ်ခဲ့ရပါတယ် ဗေဒင်လိုလို ဘိုးတော်ယောင်ယောင် ယောင်နေတဲ့အလကားလူဟာမောင်သွေးချွန်ဆိုတဲ့အလကားအချောင်သမားငပေါတကောင်ပါ
  • Nu Nu Win Tin အံ့သြပါရဲ. ဒေါက်တာသန်းထွန်းကဲ့သို.သော သမိုင်းသုတေသီ ဆရာကြီး တစ်ဆူကိုများဝေဖန်ရတယ်လို. ။ ပေါ်ပြူလာဖြစ်ချင်လို.နေမှာပါ။
    · Like · 3
  • Makhin Oo မောင်သွေးချွန်ကားစာသူခိုး လူကြောင်ဖြစ်လေသတည်း။ ဘက်လုပ်ပြောစရြ သိပ်မရှိပါ။ ဒေါက်တာသန်းထွန်းကို ၉၀%ထောက်ခံတယ်။ ငြင်းချင်တာ ၁၀%။
  • Makhin Oo ဒေါက်တာ သန်းထွန်းပြောတာ မပြည့်စုံဘူး။ သမိုင်းကို မ အအောင်သတင်တာဆိုပေမဲ့ သင်တဲ့သမိုင်းက အမှားကြိးတွေဆိုရင်တော.လူတွေဟာ အနေဦးမျာဘဲ။ ဥပမာ--- စစ်အုပ်စုရေါ်စေ-ပြုစုစေသော သမိုင်းများ။ ---၈ျပန်ကိုတိုက်ထုတ်တာ ယခုမြန်မာစစ်တပ်ဆိုတဲ့ သမိုင်းအမှားမျိး။
  • Moe Myint Myat Aung ဟာဒယရွှင်ဆေး တိုက်ကြွေးသူများကလည်း တမှောက် .. ဟီး :p
  • Lin San Letpanpya အထင်ကရပုဂ္ဂိုလ်တွေကို ဖဲ့လိုက်တာမျိုး သက်သက်ဖြစ်ပါမယ်။ ဒေါက်တာသန်းထွန်းတို့လို့ ပညာရှင်တွေရဲ့ စာအုပ်မျိုးကို ဝေဖန်ဖို့ထားပါဦး၊ အချက်အလက်တွေ နားလည်မှတ်သားဖို့ကိုပဲ အချိန်တော်တော်ပေးရမှာပါ။

No comments: