Thursday 2 August 2012

ရခိုင်ပြည်နယ်ပဋိပက္ခ နိုင်ငံတကာရိုက်ခတ်မှုအပေါ် မန္တလေးအခြေစိုက် မြန်မာမွတ်ဆလင်အဖွဲ့ ကြေညာချက် ထုတ်ပြန်


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခမှ တစ်ဆင့် နိုင်ငံ တကာသို့ ရိုက်ခတ်နေသည့် ကိစ္စရပ်နှင့်ပတ်သက်၍ မန္တလေး အခြေစိုက် မြန်မာ မွတ်ဆလင်အဖွဲ့မှ သဘောထားကြေညာ ချက်တစ်ရပ်ကို ဇူလိုင်လ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

မန္တလေးအခြေစိုက် မြန်မာမွတ်ဆလင်အဖွဲ့မှ ဦးမောင်မောင်က ''ကျွန်တော် တို့က
ပြည်တွင်းမှာ အနေကြာလာခဲ့ပြီလေ။

ပဋိပက္ခမျိုးတွေက ရှိတတ် ကျပေမယ်လို့ဖြစ် ကြတဲ့အခါမှာ ညှိညှိနှိုင်းနှိုင်း ဖြေရှင်းခဲ့ကြတာတွေကြီးပါပဲ။ အခုဟာက နိုင်ငံတကာကပါပါလာ နေတော့ အခုဖြစ်နေတဲ့ ပဋိပက္ခတွေ ပေါ်မှာ မြန်မာမွတ်ဆလင် ဘာသာဝင်များရဲ့ သဘောထားကို ထုတ် ပြန်ကြေညာလိုက်တာပါ''ဟု ပြောသည်။

မြန်မာဘာသာဖြင့် ကြေညာချက်ထုတ်ပြန်ပြီး ဖြစ်သည့်အပြင် အင်္ဂလိပ် ဘာသာဖြင့် ထပ်မံ ဖြန့်ဝေ သွားဦးမည်ဟု ၄င်းက ဆက်လက် ဆိုသည်။

''နိုင်ငံခြား သတင်းဌာနတွေကိုပါ ဖြန့်ဝေပေးသွားမှာပါ''ဟု ဦး မောင်မောင်က ပြောသည်။
အဖွဲ့ဝင် ၈ဝဝ ကျော် စုပေါင်းကာ ကြေညာချက်ထုတ်ပြန်ခဲ့မှုတွင် ကျွန်ုပ်တို့ အချင်းချင်းဖြစ်သော ပြဿနာများအတွက် မည်သည့် ပြည်ပအကူအညီမှ မပါဘဲ ကျွန်ုပ်တို့ ဖြေရှင်းနိုင်ပါကြောင်းနှင့် ပြည်ပမှ

ကျွန်ုပ်တို့၏ ပြဿနာများ အတွင်း ဝင်ရောက်စွက်ဖက်မှု ရှိလာသည့်အခါ အစ္စလာမ်ဘာသာဝင်များအ တွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာ ဖြစ်ပေါ်စေခဲ့သော သာဓက များရှိခဲ့ပါကြောင်း ထည့်သွင်း ဖော်ပြထားသည်။

နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများအနေဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သောအကူ အညီပေးအပ်လိုသည် ဆိုပါက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရအဖွဲ့နှင့် လိုအပ်သော
ရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ ငွေရေး ကြေးရေး အကူအညီများ၊ နည်းပညာ အကူအညီ များပေးရန်သာ အ ကြောင်းရှိသည်ဟုလည်း ဖော်ပြပါရှိပါသည်။

''ယခုလုပ်ဆောင်နေသော မြန်မာနိုင်ငံ၏ အကျိုးစီးပွားများအား တိုက်ခိုက် မည်ဟု ခြိမ်းခြောက် ခြင်းသည် မည်သည့်အကျိုးတရားကို မျှရရှိမည်မဟုတ် ဘဲ ပြည်တွင်းမှ အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲကျပ်တည်းသော အခြေအနေတစ်ရပ်သို့ တွန်းပို့ပေးသလို ဖြစ်မည်ကို သတိချပ်သင့် ပါကြောင်းနှင့် အီရန်နိုင်ငံအနေနှင့် မြန် မာနိုင်ငံအပေါ် ကုလသမဂ္ဂတပ် များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေ ပိုမိုဆိုးရွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ကြောင်း၊

ဟစ်ဇ်ဘိုလာအဖွဲ့ သည်လည်း အီရန်နိုင်ငံနောက်မှ သံယောင်မလိုက်သင့်ကြောင်း၊ တာလီဘန်အဖွဲ့အနေနှင့် လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ၊ မြန်မာနိုင်ငံ၏ အကျိုးစီးပွားများ၊ သံတမန် များ၊ အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက် ပိုင်ခွင့်မရှိပါကြောင်းနှင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားထိခိုက်လာပါက ကျွန်ုပ်တို့ကလည်း အသက်ပေးကာကွယ် တိုက်ခိုက်သွားမည် ဖြစ်ပါကြောင်း'' ကြေညာချက် ထုတ်ပြန် ထားသည်။

အစ္စလာမ် သာသနာတော်၏ အဆုံးအမနှင့် ကိုက်ညီမှုမရှိသည့် နိုင်ငံတကာမှ လက်မခံနိုင်သော ပြည်တွင်းနေ လူမျိုးစုံ၊ ဘာသာစုံများမှ လက်မခံနိုင်သော အကျပ်ကိုင် ခြိမ်းခြောက်ခြင်း၊ သတင်းမှား ထုတ်ပြန်ခြင်း၊

သတင်းမှန်ကို ချဲ့ကား ဝါဒဖြန့်ခြင်း၊ နိုင်ငံတော်အလံ နှင့် နိုင်ငံ့ခေါင်းဆောင်ကြီးများအား စော်ကားမော်ကားလုပ်ခြင်းကို ရပ် တန့်ပေးပါရန် မန္တလေးမြို့ မြန်မာ မွတ်ဆလင်အဖွဲ့မှ မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။

No comments: