Sunday 12 August 2012

ပိုက်ဆံ ရှင်းမယ့်သူမရှိလို့ ဆေးကု မပေးနိုင် တာလို့ပြောတဲ့ ပြည်သူ့ဆေးရုံက ဆရာဝန်

by Zegyo Mandalay on Tuesday, 31 July 2012 at 18:51 ·

ဇူလိုင်(၁၇) ရက်နေ့ ည(၁၀)နာရီခွဲ အချိန်လောက်မှာ မိတ်ဆွေ စာရေး ဆရာ တစ်ဦး
ယာဉ်တိုက် မှုဖြစ်ပြီး ဆေးရုံရောက်နေတယ်လို့ သတင်းလာပေးတာကြောင့် ချက်ချင်း ပဲဆေးရုံကို အပြေးသွား ခဲ့ပါတယ်။ ဆေးရုံကိုရောက်တော့ နံရိုးကျိုးပြီး အဆုတ်ကို ထောက်သွား တာကြောင့် အဆုတ်ထဲကိုရောက်နေတဲ့ရေနဲ့သွေးတွေကို ဖောက် ထုတ်ရမယ်။ ခေါင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ် လို့သိလိုက်ရပါတယ်။
ဆိုင်ကယ်ချင်းတိုက်တာလို့သိရတာကြောင့် တစ်ဖက်ဆိုင်ကယ် သမားရဲ့အခြေအနေကိုသွားကြည့်တော့ နားထဲကသွေးတွေထွက် နေပြီး ဒဏ်ရာဒဏ်ချက်တစ်ချို့နဲ့ အန်နေတာကိုတွေ့ရတယ်။ နာမည် ကိုပဲပြောနိုင်ပြီး ဘာကိုမှမေးမရဘူး။ တစ်ချက်တစ်ချက်အန်နေတယ်။
ဆရာဝန်အမြင်နဲ့တော့မပြောတတ်ဘူး။ သာမာန်လူအမြင်မှာတော့ နားထဲကလည်းသွေးထွက်၊ အန်လည်းအန်တယ်ဆိုတော့ အခြေ အနေမကောင်းဘူးပေါ့။ မိတ်ဆွေစာရေးဆရာမှာ ဒဏ်ရာပြင်းတယ်ဆိုပေမယ့် ဓာတ်မှန် ရိုက်ခနဲ့ ဆေးဖိုးဝါးခတွေထုတ်ပေးမယ့်သူရှိတာကြောင့် လိုအပ်တဲ့ ဆေးကုသမှုခံယူရပါတယ်။ ဟိုတစ်ဖက်လူမှာတော့ လူနာကုတင် ပေါ်မှာ တငြီးငြီးတငြူငြူနဲ့ ပြုစုကုသမယ့်သူမဲ့နေရှာတယ်။ အတူရောက်နေတဲ့ မိတ်ဆွေစာရေးဆရာသတင်းထောက်က လည်း "မတော်ပါဘူးဗျာ၊ လူနာရှင်မရှိတာနဲ့ ပစ်ထားကြတယ်။ အတော်သံဝေဂရစရာကောင်းတာပဲ"တဲ့။
စာရေးသူလည်း မနေသာ တော့ဘဲ ဆရာဝန်တွေနားနေခန်းဆီသွားပြီးအဲဒီလူနာကိုဆေးကုသမှု မပေးဘူးလားလို့မေးပါတယ်။ ဆရာဝန်မလို့ယူဆရသူ(အဲဒီထဲမှာရှိတဲ့ နာ့စ်တွေကလွဲရင် ဘယ် သူမှဆရာဝန်ဂျူတီကုတ်ဝတ်မထားလို့ပါ)က " လူနာရှင်မရှိဘူးလေ" တဲ့။ အဲဒီတော့ "လူနာရှင်မရှိတာနဲ့အခုလိုပစ်ထားတော့မှာလားဗျာ" လို့ပြောတော့ အဲဒီဆရာဝန်မကဘယ်လိုပြန်ပြောသလဲဆိုတော့ "ပိုက်ဆံဘယ်သူရှင်းမလဲ"တဲ့။ "ဪသာ် ပိုက်ဆံရှင်းမယ့်သူမရှိလို့ ကုမပေးနိုင်ဘူးပေါ့။ ဟုတ်ပါ ပြီ။ အဲဒီစကားကို Record လုပ်ထားပါ့မယ်။ ကျွန်တော်စာနယ်ဇင်း ကပါ"လို့ပြောပြီး ပြန်ထွက်ခဲ့ပါတယ်။ ခဏလေးနေတော့ "အခုန လေးက စာနယ်ဇင်းဆိုတဲ့သူခဏလာပါဦး"ဆိုပြီး ခေါ်တာကြောင့် ပြန်ဝင်သွားတော့ ဆရာဝန်လို့ယူဆရသူ(ဂျူတီကုတ်ဝတ်မထားသော ကြောင့်)က "ခင်ဗျား အခုနက စာနယ်ဇင်းကလို့ပြောတယ်။ ဘယ် စာနယ်ဇင်းလဲ၊ ခင်ဗျားကို ဝတ္တရားနှောက်ယှက်မှုနဲ့ အရေးယူလို့ရ တယ်"လို့ပြောပါလေရော။ ဒီတော့ "စာနယ်ဇင်းကလို့ပြောရတာ ဆရာကြားတဲ့အတိုင်း ဘယ်သူပိုက်ဆံရှင်းမှာလဲ"ဆိုတဲ့စကားကြောင့် အဲဒီစကားကို Record လုပ်ရမှာမလို့ စာနယ်ဇင်းကဆိုတာ အသိပေးတာပဲလေ"လို့ ဆိုတော့ " အဲဒီစကားမှားသွားတဲ့အတွက် တောင်းပန်ပါတယ်"ဆိုပြီး လူနာကို ပစ်ထားတာမဟုတ်ကြောင်း ရှေ့က သူ့ထက်အရေးကြီးတဲ့သူတွေကို ဦးစားပေးလုပ်နေရတာဖြစ်ကြောင်း ရွှေပြည်အေး တရားဟောပါ တော့တယ်။ ဖြစ်တာက ယာဉ်တိုက်မှု ၊ လိုအပ်တဲ့ ဆေးကုသမှုကို အလျင်မီ အောင်မရရှိတဲ့ အတွက် မဖြစ်သင့်ဘဲ တိမ်းပါးသွားခဲ့ ရင် ကိုယ့်လူမှာ အမှုပိုကြီးသွားနိုင်တာကြောင့်ရယ်၊ လူသားချင်း စာနာတဲ့ စိတ်ရယ် ကြောင့် သွားပြောမိခဲ့တာပါ။ ဝတ္တရားနှောင့်ယှက်မှု ဆိုတာဘာလဲ။
ဆောင်ရွက်ရမယ့် ဝတ္တရား ရှိတာကို ဆောင်ရွက်ခြင်း မရှိလို့ သွားပြောမိတာလေ။ မဆောင်ရွက် တဲ့ ဝတ္တရားနှောင့်ယှက်နိုင်မှာတဲ့လဲ ဆရာဝန်လေးရယ် လို့ပြန်ပြောချင်လိုက်တာ။ လျှာကိုယားနေတာပဲ။ ကိုယ့်လူနာ အတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့အသာလေးပဲပြန်ထွက်လာခဲ့ရတယ်။ ဒီဆရာဝန်လေးတွေ(ဟောက်ဆာဂျင်)ပဲ ရှိတာမဟုတ်လား။ ဘယ်ဆရာဝန်ကြီးတွေမှ လာတာမတွေ့ရဘူးလေ။ သူတို့ငြိုငြင်သွား လို့မဖြစ်တာကြောင့် ပေရှည်မနေတော့ပါဘူး။ ဒါတောင်မိတ်ဆွေ လူနာကိုကူညီနေသူတစ်ဦးက "အဲလိုသွားပြောလိုက်လို့ထင်တယ်။ ခင်ဗျားလည်းထွက်သွားရော ဒီလူနာ(မိတ်ဆွေ)ကို နေပြည်တော်ပို့ရ လိမ့်မယ်လို့ပြောနေပြီ"တဲ့။ "မပူပါနဲ့။ သူတို့က အလုပ်သင်ဆရာဝန်လေးတွေပါ။ ဒီလိုကိစ္စ သူတို့ဆုံးဖြတ်ချက်နဲ့လုပ်ရမှာမဟုတ်ပါဘူး။ ဆရာဝန်ကြီးတွေရှိပါ သေးတယ်"လို့ပြန်ပြောရတယ်။
ဆေးရုံတွေအကြောင်းရေးကြတာ လည်းများနေလို့ အားနာစရာတောင်ကောင်းနေပါပြီ။ ဒီဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်ဖြစ်နေလိမ့်မယ် ထင်တယ်။ ခုလိုဖြစ်စဉ်မျိုး ဆေးရုံမှာ မကြာခဏကြုံတွေ့ရမှာပါ။ ယာယီ အားဖြင့် လူနာရှင်မပေါ်သေးတဲ့အခါ ကျသင့်မယ့်ဆေးကုသစရိတ် တွေကို ဆရာဝန်လေးတွေအနေနဲ့ဘယ်စိုက်ထုတ်နိုင်လိမ့်မလဲ။ ဒါကို ဆေးရုံက ဘယ်လိုအစှီအစဉ်မှချမှတ်မထားဘူးလား။ ဒီလိုပဲ ပိုက်ဆံ ရှင်းမယ့်သူမရှိရင် ပစ်ထားကြတော့မှာပဲလားဆိုတဲ့မေးခွန်းတွေက စာရေးသူရဲ့ဦးနှောက်ကိုအလုပ်ပေးနေပါတော့တယ်။
(စာမူပါအချက်အလက်များနှင့်ပတ်သက်၍တာဝန်ယူပါသည်)
နေခြည်(မကွေး)
31 Jul 2012  | By SHADE Journal
· · Share

  • 96 shares
    • Hla Aung အင်း ပေါက်ပင် ဘာကြောင့် ကိုင်းရတယ် လို့ပဲ ပြောရတော့မှာပဲဗျာ။ စိတ်လေပါတယ်။ :(
      31 July at 19:23 via Mobile · · 1
    • Ye Kyaw ဒီလို ကိစ္စတော် ဆေးရုံတိုင်းမှာ ခဏခဏဖြစ်နေကြပါ ရဲမှုခင်း ဖြစ်ရင်ပိုဆိုးပါတယ် ရဲမလာမချင်းလည်း ဘာမှလုပ်မပေးပါဘူး မလိုအပ်ပဲ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးမှုတွေ ရှိလာပါတယ်။ တဖက်လူ ကျန်ရစ်တဲ့သူမှာလည်း အသက်ဆုံးရှုံးသွားရင် အမှုပိုကြီးသွားပါတယ်။ ရေးထားတဲ့ ဆိုင်းဘုတ်ကတော့ စရိတ်မျှပေး ပြည်သူ့ဆေးရုံ တဲ့ ဘာကုသမှုမပါတဲ့ အရက်ပြန်နဲ့ ဆေးကြောသန့်စင်ပေးခြင်းတောင် မလုပ်ပါဘူး။ ဒီအတိုင်း လူနာခုတင်ပေါ်ပစ်ထားတာပါ။
      31 July at 19:30 · · 4
    • Ye Kyaw ရှယ်သွားပါတယ်ခင်ဗျာ
    • August Nat Khat ကျနော်တစ်ခုလောက် မသိလို့မေး ပါ့ရစေနော် . . . ဘာစိတ်ညာစိတ်တော့မရှိပါဘူး . . .တကယ်လို့ အကိုတို့သာ အဲဒီနေရာက ဆရာဝန် တစ်ယောက်ဆိုရင် ဘယ်လို လုပ်မလဲ ဟင်. . . တင်ထားတဲ့ ပိုစ်ကိုဖတ်ပြီးလူနာရှင်ဖက်က ကျနော်ကိုယ်တိုင်လဲ စိတ် မကောင်းဖြစ်မိပါတယ်. . . ကျနော်တို့ ဆရာဝန် ဘက်က ပြန်တွေးကြည့်ရအောင်ဗျာ. . . ( တိုင်ပင်ဆွေးနွေးတာပါ ) :)
      31 July at 19:37 · · 2
    • Soe Myat Aung ဒီခေတ်မှာက ဆရာဝန်ဖြစ်နေလဲပဲ ပတ်ဝန်းကျင်ကို လေ့လာနိုင်မှု ကိုယ်ပိုင်ဆုံးဖြတ်နိုင်မှုနဲ့ ထိုးထွင်သိမြင်နိုင်မှု အားနည်းလွန်းလှပါတယ်။ ငယ်စဉ်ကတဲက ကျောင်းစာကလွဲပြီး တခြားဘာကိုမှအချိန်မပေးနိုင်တဲ့ လူငယ်တွေပဲ ဆရာဝန်တွေဖြစ်လာတော့ ဒီလိုရလာဒ်တွေထွက်လာတာပေါ့ဗျာ။
      31 July at 19:44 · · 5
    • Ye Kyaw ဆ/မ လက်မှတ်ကြီး ပြန်အပ်သင့်တယ်လို့ မြင်ပါတယ်။ သင်ထားတဲ့ပညာကို အသုံးချခွင့် လွတ်လွတ်လပ်လပ် မရှိလို့ပါ။ စနစ်မကောင်းတောင် လူတော်လူကောင်းဆရာဝန်လေးနဲ့တွေ့တော့ လူနာ ရဲ့စိတ်ထဲတစ်မျိုးတော့ အားရှိမှာပါဗျာ။ စေတနာလေး နည်းနည်းထားစေချင်တာပါ။ ပြောတာဆိုတာက အစပေါ့။
      31 July at 19:51 · · 1
    • နတ် ဆိုး လူပျင်းလေး သနားညာတာ စာနာထောက်ထားကြပါလား ...
    • Thun Phyo Sae ပေါက်ပင် ဘာကြောင့် ကိုင်းရတယ်လို့ ပဲ ပြောရတော့ မှာပေါ့ ...အားလုံးအရင်အတိုင်းပါပဲ ဗျာ...စိတ်ပျက်ပါတယ်...
    • Kyaw Min Tun မဆောင်ရွက် တဲ့ ဝတ္တရားနှောင့်ယှက်နိုင်မှာတဲ့လဲ ဆရာဝန်လေးရယ်
      လို့ပြန်ပြောချင်လိုက်တာ။ လျှာကိုယားနေတာပဲ။ ကိုယ့်လူနာ အတွက်အနှောင့်အယှက်ဖြစ်မှာစိုးလို့အသာလေးပဲပြန်ထွက်လာခဲ့ရတယ်။ :)
      31 July at 21:35 · · 1
    • Aungban Kabyar တကယ်တော့ ငါတို့ တွေက အယဉ်ကျေးဆုံးလို့ပြောပေမဲ့ ခေတ်ကမတူတော့တာလားတော့ မသိဘူး.. ဆရာဝန်တွေကလည်း နော် .. လူတိုင်းကြုံနေရတဲ့ အရာတွေ ..
    • Ko Yoe Say
      ‎" လူနာရှင်မရှိဘူးလေ" တဲ့။ အဲဒီတော့ "လူနာရှင်မရှိတာနဲ့အခုလိုပစ်ထားတော့မှာလားဗျာ" လို့ပြောတော့ .......................... ဖြစ်တာက ယာဉ်တိုက်မှု ၊ လိုအပ်တဲ့ ဆေးကုသ
      မှုကို အလျင်မီ အောင်မရရှိတဲ့ အတွက် မဖြစ်သင့်ဘဲ တိမ်းပါးသွားခဲ့ ရင် ကိုယ့်လူမှာ အမှုပိုကြီးသွားနိုင်တာကြောင့်ရယ်၊ လူသားချင်း စာနာတဲ့ စိတ်ရယ်...................................................Consent ယူရမဲ့အခါ ဆွေနီးမျိုးရင်း မရှိခဲ့ရင် Procedure လုပ်ဖို့ အခက်ကြုံနိုင်ပါတယ်။ အတူပါလာသူက တာဝန်ခံပေးရင်ဖြစ်ဖြစ်၊ အသက်ကယ်ဖို့ မလွဲသာမရှောင်သာ လုပ်ရမဲ့ အခြေအနေမှာဖြစ်ဖြစ် Duty and responsibility အရ Procedure လုပ်ပေးနိုင်ပါတယ်။Strong indication ရှိရပါမယ်။
      31 July at 22:09 · · 5
    • Kyaw Min Naing သူတို့က money ပဲမြင်နေတာ
    • Myo Min Tun အပေါ်က ရေးထားတာတွေဖတ်ရတာ တစ်ဖက်သတ် ဆန်လွန်းသဗျ။ ခက်တာကလည်း ဆရာဝန်ဆိုတာ လူထဲကလူဆိုတာ မသတ်မှတ်ဘဲ ထိုးနှက်စရာ လူတန်းစားတစ်ရပ်လို ပြဿနာ တစ်ခု ဖော်ထုတ်လိုက် အားလုံး ဝိုင်းဆဲလိုက် လုပ်နေကြတော့တာပါပဲ။ မီဒီယာ ဆိုတာကလည်း နာမည်ခံလိုက်ရုံနဲ့ပဲ ဇာတ်လိုက်ကြီး တစ်ယောက်လို ထင်ရာ မြင်ရာ ရေးခွင့်ရကုန်ကြရောလား။ ကိုယ်ရေးတဲ့ အပိုင်းမှာ ကိုယ်ကျွမ်းကျင်မှု မရှိဘဲနဲ့ ကိုယ့်အမြင်က အမှန်ပဲ ဆိုတာနဲ့တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။
      31 July at 22:49 · · 4
    • Mandalay Way မြို့ ပတ်ရထားအကြောင်းမပြောချင်တော့ပါ... နောက်ဆုံးတော့ ဒီဘူတာပဲ စိုက်မှာပဲ...
    • Catharine Hninsi They don't have humanity
    • Myo Min Tun လောဘ ဒေါသ မောဟ မစ္ဆရိယ ကင်းရှင်းနိုင်ကြပါစေ။
      31 July at 22:52 · · 3
    • GaRa GaaRa
      အဟတ် ... အဟတ် ... မန်းနီးဘဲ မြင်တယ်လို့ ဆိုချင်သူများ ... >>> သုံးရမယ့် ဆေး ဆေးပစ္စည်းတွေကို ဘယ်သူက စိုက်ပေးမတုန်းးး နိုင်ငံတော် စရိတ်တွေ စရိတ်မျှပေးတွေ လာမပြောနဲ့ ... ရိုးနေပြီ ... ဆေးရုံမှာ အလကားရတာဆိုလို့ ဆရာဝန်ဘဲရှိတာ ... ကျန်တာကတော့ ...
      ... ... ကိုယ့်စရိတ်နဲ့ကိုယ်ဘဲ ... မကြင်နာတတ်ဘူးလို့ဘဲ ဆိုချင်ဆို ... နိုင်ငံတော် စရိတ် FOC လိုချင်ရင်တော့ ရပ်ကွက် ထောက်ခံစာတို့ ဆင်းရဲကြောင်းထောက်ခံစာတို့ ဘာညာလိုသဗျ ... စိတ်ဝင်စားရင်တော့တင်ပေါ့ဗျာ ... လူနာ expired မဖြစ်ခင်ရရင် ကံကောင်းသဗျ ...
      31 July at 23:01 · · 8
    • Ko Si Thu
      အော်ရေးတယ့်လူကလည်း သူများစိုက်ထုတ်ပေးလိုက်သလားလို့... သူများကို လိုက်အပြစ်ပြောမနေပါနဲ့ဗျာ... ပိုက်ဆံမတတ်နှိုင်တိုင်း house surgeon တွေက အကုန်စိုက်ပြီး ကုပေးရမယ်လို့ ခင်ဗျားတို့ ထင်နေတာလား... ward ရဲ့ အရန်ငွေဆိုတာ FA ကပဲကိုင်ရတာ.... ဆေးရုံမှ
ာ အလကားရတာ ဆရာဝန်ပဲရှိတယ်... သူနာပြုလိုချင်ရင်ငှားရတယ်... တွန်းလှည်းလိုချင်ရင် အလုပ်သမားကို ပိုက်ဆံပေးရတယ်... ဆရာဝန်ကတော့ ည သန်းခေါင်သွားနှိုးလည်းလိုက်ကြည့်ပေးကြတာပဲ.... ပိုက်ဆံပဲမြင်တယ် ဟုတ်လား.... ခင်ဗျားတို့ရော ပိုက်ဆံအတွက် အလုပ်လုပ်နေကြတာပဲ မဟုတ်ဘူးလား... ဆရာဝန်ငယ်လေးတွေလည်း သူတို့ရဲ့ duty and responsibility ကို တာဝန်ယူနှိုင်အောင် လေ့ကျင့်ခံထားရတယ့် သူတွေချည်းပဲ... သူပိုက်ဆံမရလို့ ကုမပေးတာလည်း မဟုတ်ဘူး... humanity မရှိဘူးဟုတ်လား.... အဲလို ပြောတယ့်သူကရော တခြားလူတွေ ပိုက်ဆံမတတ်နှိုင်တယ့်လူတွေကို ဘယ်လောက်ကူညီဖူးလဲ... စရိတ်မျှပေး... ဟုတ်လား... ရှိပါတယ်... လုပ်ပါတယ်.... အထက်ဆရာဝန်က ထောက်ခံပေးလိုက်ရင် ဆေးဖိုးရယ့် အစိတ်အပိုင်း တချို့ကို ဆေးရုံက ကျခံပေးပါတယ်.... တာဝန်ခံရယ့် အမိန့်မရရင်တော့ ဘာမှလုပ်လို့ မရဘူး.... ဆောင်ရွက်သင့်တယ့် ဝတ္တရား ဟုတ်လား.... ဆေးရုံမှာ procedure အရ သွေးလိုရင် HS လက်မှတ်နဲ့ မရဘူး... x-ray HS လက်မှတ်နဲ့ မရဘူး... CTဆိုလို့ကတော့ ဝေးရော....
      31 July at 23:31 · Edited · · 10
    • Lin Htet Aung ရဲမှုခင်းဆို ဆရာဝန်ပါ အမှုပတ်သေးသဗျာ ။ လာသမျှလူနာအလကားစိုက်ပြီး ဘယ်ဆရာဝန်က ကုပေးနိုင်ပါ့မလဲ ။ AS ဆိုရတာက မှ ၁ သိန်းကျော် ဘယ်လိုလုပ်မလဲ ။
      31 July at 23:13 · · 1
    • Thura Tun
      ‎"သူတို့က money ပဲမြင်နေတာ" "They don't have humanity" ဆိုတဲ့သူများခင်ဗျား.. ခင်များပြောတဲ့ သူတို့ဆိုတဲ့အထဲမှာ Injection လိုက်တဲ့အချိန် ပိုက်ဆံမရှိလို့ ဆေးဝယ်မထားတဲ့အတွက် ကိုယ့်အိတ်ထဲကစိုက် ဆေးဝယ်ခိုင်းပြီး ထိုးပေးခဲ့တဲ့ ဆရာဝန်တွေ၊ အရေးပေါ်လ
ူနာလာရင် ကြိုတင်ဝယ်ထားတဲ့ Emergency ဆေးတွေကို ပြန်ရ မရ မတွေးပဲ အသက်ကယ်ဖို့သုံးခဲ့တဲ့ ဆရာဝန်တွေ။ Ward တစ်ခု ပြောင်းတိုင်း ကိုယ်တာဝန်ကျခဲ့တဲ့ Ward အတွက် လိုအပ်တဲ့ Instrument တွေ ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဝယ်လှူခဲ့တဲ့ ဆရာဝန်တွေ။ အစိုးရပေးထားတဲ့လစာကလွဲလို့ အပိုတစ်ပြားမှမရတဲ့ ပြည်သူ့ဆေးရုံကလူနာတွေကို ၀မ်းရေးအတွက် ပြင်ပဆေးခန်းထိုင်ပြီးတဲ့အချိန် သူများတွေ အိမ်မှာ အေးအေးဆေးဆေး အနားယူနေတဲ့ညအချိန်မတော် အိမ်ပြန်ခါနီးမှာ Ward ထဲကို ၀င် Round လှည့်တတ်တဲ့ ဆရာဝန် တွေ၊ ကိုယ့် ဗိုက်ထဲကကလေး။ မွေးထားတဲ့ကလေး၊ အိမ်ကမိသားစုကို ဂရုမစိုက်အားပဲ ကျရာတာဝန်ကို နေ့၊ ည ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ ပါသွားတယ်ဆိုတာ သိပါသလား? တစ်ယောက်မကောင်းရင် မကောင်းတဲ့ တစ်ယောက်ကို ပြောပါ။ အကုန်လုံးကို သိမ်းကျုံးမပြောပါနဲ့။ သင်တို့ကိုယ်တိုင်ရော မဖြစ်စလောက်ရှိတဲ့ Resources, Facilities တွေနဲ့ ၀န်နဲ့မမျှတဲ့ Service ကို အကောင်းဆုံးဖြစ်အောင်ပေးခဲ့ဖူးပါသလား။ လက်ရှိ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ပင်မပြဿနာကို မြင်အောင်ကြည့်ပါ။ ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ဝေဖန်ဆန်းစစ် ပါ။ ဒါမှသာအမှန်တကယ် ကူညီရာ ရောက်နိုင်ပါမယ်။ ဆရာဝန်တွေကို ဒီလို ၀န်ဖန်လိုက်ရုံနဲ့ အကုန်ကောင်းသွားနိုင်မယ်ဆို ကျွန်တော်တို့ လူစုပြီး လာအဆဲခံပါ့မယ်။ မဟုတ်ရင်တော့ စနစ်ကို ပြောင်းလဲနိုင်မယ့်သူကိုသာ ဖြစ်သင့်တဲ့ နည်းလမ်းတွေကို အပြုသဘော ဝေဖန် ပိုင်းခြားပြပါ။
      1 August at 00:00 · · 18
    • Moe Min ကိုယ်တိုင်လုပ်ဆောင်တဲ့သူကလည်း သူ့အခက်အခဲနဲ့ သူပါ ။ မြင်ခဲ့ရတဲ့သူအတွက်ကလည်း သူအတွေးနဲ့ သူပါ။ အရင်းစစ်ရင် အမြစ်မြေကပါ။ ဒီလိုပြောတော့လည်း ဘာပဲဖြစ် အစိုးရပဲ ပုတ်ခတ်တယ် အပြောခံရလိမ့်မယ်ထင်တယ်။
      1 August at 00:47 · · 1
    • Sanay Mgmg
      တနိုင်ငံလုံးရဲ့ကျန်းမာရေးအသုံးစရိတ်ကနည်းနေသေးတာရဲနောက်ပြီးRTAလိုcasrတွေမှာပြည်သူ့ဆေးရုံတစ်ခုတည်းကိုအားကိုးနေရတာရယ်သွေးပုလင်းများကိုချက်ချင်းမပေးနိုင်တာရယ်ဒါတွေကနံပါတ်တစ်ပြုပြင်ရမယ့်အရေးပါ။ဘယ်ဆရာဝန်မ လူနာကိုမသတ်ပါဘူး။ငွေကစကားပြောတာဆိုနတာကလည်
းASလစာ၂သိန်းမပြည့် house surgeonချီးမြင့်ငွေ၅သောင်းလောက်ကလူနာတယောက်ဆေးကုသဖို့အိပ်သွန်ဖာမှောက်သုံးလိုက်ရင်ကျန်လူနာတွေက ငုပ်တုတ်မေ့မှာပေါ့ ကိုဂျာနယ်လစ်ရေ။ခင်ဗျားတိုကိုတောင်သတင်းရေးလိုရအောင်လုပ်ကျွေးနေတဲ့ဆရာဝန်တွေလေ။ခင်ဗျားတို့မပြစ်မှားကောင်းပါဘူး။ခင်ဗျားတို့ရဲ့အရေးသားတစ်ရပ်က ပြည်သူလူထုရဲ့အသက်ပေါင်းဘယ်လောက်များကယ်ခဲ့ဘူးလဲဆိုတာ မကြာခင်ကဖြစ်တဲ့အရေးခင်းတွေမှာကြည့်တာနဲ့ခင်ဗျားတို့ဂျာနယ်လစ်တွေသိမှာပါ။
      1 August at 01:14 via Mobile · · 5
    • Lapino Aung Thint အဲဒါလား...လူမျိုးချင်းရိုင်းပင်းတယ်ဆိုတာ...အများမြင်ရင် ရှက်ဖို့ တောင်ကောင်းတယ်..အဲဒါနဲ့ များ M.B.B.S ဆိုတဲ့ ဘွဲ့ ယူထားပြီး ဆရာဝန်ဖြစ်နေတာအံသြတယ်။
    • Shein Thu Han
      ‎"သူတို့က money ပဲမြင်နေတာ" "They don't have humanity" "အများမြင် ရှက်ဖို့ကောင်းတယ်" နောက်အဲလို လူနာတွေတွေ့ရင် ခင်များတို့ လှူရအောင် ဖုန်းနံပတ်လေး လိပ်စာလေး ပေးခဲ့လေ ခများတို့ များများလှူလေ လူနာအတွက်ကောင်းလေပဲ ဆရာဝန်ကမန်းပီးကုတာမဟုတ် ဆေးနဲ့
      ကုတာဆိုလေးတော့ နားလည် အခုခေတ်ဆေးတွေဈေးနှုံးနားလည်မှ ဆက်ပြော ကျနော်ဆရာဝန်ပါဆိုပီး ဘယ်ဆေးမှ အလကားသွားတောင်းလို့မရဘူး အခုဒါကိုရေးတဲ့ သတင်းထောက်တောင် အဲဒီလူနာအတွက်ဆိုပီး ဘယ်လောက်များလှူသွားသလဲ သောက်ပိုတွေပြောတာတာ့ လူတိုင်းတတ်တယ် ဆရာဝန်ဆေးမရှိရင် မန်းပီးသွေးတိတ်အောင်လုပ်လို့မရဘူး
      1 August at 02:30 · · 2
    • ဘရာဇီး ငှက်ရိုး လိုက်ခ်မနှိပ်ဘူးဗျာ... ခင်ဗျားက ဒီတခုလေးပဲ မြင်တာပါ... ဒီထက်အကျိုးပြုမဲ့ ပို့စ်မျိုးရေးသင့်တယ်...
      1 August at 03:25 · · 1
    • Tay Za နာမည်ရေးပြီးဖော်ပြရမှာဒါမှစကား
      ကိုနောက်မဆင်မချင်မပြောရဲမှ
    • Ko Hmine ပြောရရင်လည်း ဒီဘူတာပဲဆိုက်မှာပါ...ဆေးကုစရိတ်..ဘယ်လိုလုပ်ကြမလဲ..ဆေးရုံကရော ဘယ်လိုလုပ်စီမံနိုင်ပါ့ မလဲ..ဆေးရုံက ဘယ်သူ့ အုပ်ချုပ်မှုအောက်မှာလဲ..ဒီမေးခွန်း နဲ့  ဒီအဖြေတွေ ဘယ်အထိ သံသရာ ရှည်နေကြဦးမလဲ..ရင်မောခဲ့ ရတာ ကြာပြီ..ကြာဦးမည်....
    • Little Kid's Heart
      emergency patient တစ်ယောက်ရောက်လာရင် လုပ်ပေးသင်.တဲ့ treatment မှန်သမျှ အကုန်လုပ်ပေးပါတယ်။တကယ်လို. မလုပ်ပေးလိုက်မိရင် မိမိကြောင်.လူနာ တစ်ခုခုဖြစ်သွာမလားဆိုတဲ့စိတ်က အမြဲရှိကြပါတယ်။လူနာနဲ့ ပက်သက်တဲ့နောက် အရေးကြီး ကုသမှုတွေက ဆရာဝန်အငယ်တွေ ပေါ်က
      ဆရာကြီးတွေက ဆုံးဖြတ်ပါတယ်။နောက်တစ်ခုက ပြည်သူ.ဆေးရုံဆိုတာမျီုးက တစ်ချိန်မှာ လူနာတစ်ယောက်ထဲရောက်လာတာမဟုတ်ပါဘူး။အရေးကြီးတယ်။ပိုအရေးကြီးတယ် ဆိုတာရောက်လာတဲ့ လူနာတွေရဲ့အခြေအနေ အရယှဉ်ပြီးလုပ်ပေးရပါတယ်။လူနာရှင်တွေကလည်း မိမိလူနာကိုပဲဂရုစိုက်စေချင်ကြတယ်။တခါတလေ အဲလိုအဖြစ်မျီုးတွေကနေ ဒီလိုတွေဖြစ်လာတာပဲ။နောက်ပြီး ပိုက်ဆံမရှိရင် မကုပေးဘူးဆိုတဲ့ ပြည်သူ.ဆေးရုံတွေအပေါ်အမြင်က တစ်ဖက်သတ်အမြင်ဆန်လွန်းပါတယ်။အဲလို အမြင်မျီုးတွေကင်းရှင်းစေဖို. ဆေးရုံကတာဝန်ခန်းထဲမှာ စာနယ်ရှင်းသမားဆိုတဲ့သူတွေကို တစ်ရက်လောက် လာနေပါလို.ပြောချင်ပါတယ်။နွမ်းပါးတဲ့လူနာတွေကို သူနာပြုဆရာမတွေရော၊ဆရာဝန်အငယ်။ဆရာကြီးတွေရော မိမိတို.ရဲ့ငွေကြေးစိုက်ပြီးကုသပေးနေတယ်၊ခွဲစိတ်ကုသစရိတ်တွေကိုတတ်နိုင်သမျှ လျှော.ပေးနေတယ်ဆိုတာတွေအရင်လေ.လာပါဦး။ခုကိစ္စက စကားပြောမှား တာပါ။အဲဒီအတွက်တောင်းပန်တယ်ဆိုတာ လူနာဆရာဝန် relationship အရ စကားပြောအမှားကိုပြန်တောင်းပန်တာပါ။မည်သူမျှရွှေပြည်အေးတရားမဟောပါ။နားလည်သဘောပေါက်အောင်ပြောပြချင်းမျှသာ။ဆရာဝန်တွေ နဲ့ ပြည်သူ.ဆေးရုံတွေကို ပိုက်ဆံဆိုတဲ့ အမြင်နဲ့ မမြင်ပါနဲ့၊ပြည်သူတွေကို ပြည်သူ.ဆေရုံ=ဆရာဝန်=လူနာ=ပိုက်ဆံ၊ဆိုတဲ့အမြင်မျိုးဖြစ်အောင်လည်းမရေးပါနဲ့။အဲလိုမြင်ရင်တော. အကြီးအကျယ်လွှဲမှားသွားမှာပါ။နောက်ပြီး အပြန်အလှန်နားလည်မှုရှိမှသာ လူ.အဖွဲ့အစည်းဆိုတာက ရှေ.ဆက်သွားတာပါ။ဆရာဝန်အငယ်တွေရော။ဆရာကြီးတွေရော လူထဲက လူတွေပါပဲ။ နောက် စာတစ်ပိုဒ်၊တစ်ပိုဒ်၊စာတစ်ကြောင်းက အများအတွက်အဆိပ်အတောက်ဖြစ်စေလား။အကျိုးဖြစ်စေလား ဆိုတာ စာနယ်ရှင်း သမားတွေပိုသိမှာပါ။ခု ဒီစာရဲ. ရည်ရွယ် ချက်က စကားပြောဆင်ခြင်သင်.တယ်ဆိုတာဆိုရင် မှန်ပါတယ်။ပြည်သူ.ဆေးရုံ=ဆရာဝန်=လူနာ=ပိုက်ဆံ ဆိုရင်တော. အကြီးအကျယ် မှားယွင်းပါတယ် ခင်ဗျာ။
      1 August at 08:52 · · 5
    • Htay Lwin
      ဟုတ်ပါတယ်။တကယ်တော်ပြီးလူနာအသက်ကယ်တဲ့ဆရာဝန်တွေလဲအများကြီးရှိပါတယ်။ကျွန်တော့ဉီးလေးနှလုံးရောဂါဖောက်ပြီးမန်းလေးဆေးရုံင်တင်တော့အရေးပေါ်ခန်းမှာအသက်လုရတော့တာဝန်ကြတဲ့ဆရာဝန်မကြီးကုသမှုူကောင်းလို ဟုတ်ပါတယ်။တကယ်တော်ပြီးလူနာအသက်ကယ်တဲ့ဆရာဝန်တွေလဲအများ
      ကီးရှိပါတယ်။ကျွန်တော့ဉီးလေးနှလုံးရောဂါဖောက်ပြီးမန်းလေးဆေးရုံင်တင်တော့အရေးပေါ်ခန်းမှာအသက်လုရတော့တာဝန်ကြတဲ့ဆရာဝန်မကြီးကုသမှုူကောင်းလို့အသက်ပြန်ရှင်လာတာပါ။သွေးကြောကပိတ်နေပြီအသက်ကယ်ဆေးထိုးရတော့မယ်တလုံးရှစ်သောင်း၂လုံးထိုးရမယ်တဲ့။ဆရာမပိုက်ဆံမရှိသေးဘူးဆိုတော့လဲသူ့သဘောနဲ့သူထိုးပေးပြီးလူနာအသက်ကယ်ခဲ့တယ်။ဒီလိုဆရာဝန်လဲရှိပါတယ်။့
      1 August at 10:04 via Mobile · · 4
    • Meemalay Mee အာ................... လေပါတယ်ကွာ
    • Kham Nom ဆရာဝန်အကြောင်းဆရာဝန်ပဲ သိတယ်.....ပြောနေတဲ့လူတွေ ဆရာဝန်လာလုပ်ကြည့်ကြပါ 24hr duty တစ်ရက်လောက်ပဲ...
      1 August at 14:14 · · 5
    • Sumon Winaung စာနယ်ဇင်းသမားတွေရေးစရာစာမူမရှိတိုင်းသူများအပြစ်သတင်းလုပ်ရေးနေတော့မှာလား။မင်းတို့တွေက ဆရာဝန်လဲ ဆရာဝန်မို့လို့အပြစ်ပြော အင်ဂျင်နီယာ လဲ အင်ဂျင်နီယာ မို့လို့ အစိုးရ လဲ အစိုးရမို့လို့ အဆိုးမြင်နဲ့ပဲ ကြည့်နေမှတော့ ဘယ်လာအကောင်းမြင်တော့ပါ့မလဲ။အပိုတွေပြောနေမယ့်အစား မင်းလှူခဲ့လိုက်ပါလားကွ။ဝန်ထမ်းတွေဘယ်လိုဖြတ်သန်းနေရလဲသိချင်ရင် မင်းတရက်လောက် on duty လာလုပ်ကြည့်ပါလား။နောက်ဆို အရေးအသားလေးတွေဆင်ခြင်ကြ။
      1 August at 15:09 via Mobile · · 6
    • Chen Yun Cheng ကိုယ်ပြုတဲ့ကုသိုလ်အကုသိုလ်ကိုယ်ဘဲပြန်ခံစားရမှာပါ အမှန်ဟာအမှန်ပါဘဲ လူတိုင်းသိပါတယ်. တရားရဖို့ကောင်းနေပါပြီ ခုထိအသိတရားမရှိကြသေးဘူး
    • Aung Lay အခုလိုတင်ပြပေးတဲ့ ဆရာနေခြည် -မကွေး ကို ကျေူးဇူးတင်ပါတယ်ခင်ဗျာ ။ကျွန်တေ
    • Aung Lay ကျွန်တော်တိုးအောင်ပါ
    • Aung Lay အခုလိုတင်ပြပေးတဲ့ ဆရာနေခြည် -မကွေး ကို ကျေူးဇူးတင်ပါတယ်ခင်ဗျာ ။ကျွန်တေ
    • Han Zaw Tun
      သြစတေးလျနိုင်ငံရဲ့ကျန်းမာရေးစောင့်ရှောက်မှူစနစ်အကြောင်းလေ့လာကြည့်ပေါ့။အဲဒီမှာနိုင်ငံသားတိုင်းက ကျန်းမာရေးအတွက်ဘတ်ဂျက်ကိုလစဉ်အချိုးကျထည့်ဝင်ရတယ်။အဲဒီတော့အစိုးရဆေးရုံတိုင်းမှာ အခမဲ့ကုသခွင့်ရှိတယ်.။ဒါပေမယ့်ဓာတ်မှန်ရိုက်ဖို့လို ကိစ္စမျိုးမှာ တန...See more
      2 August at 11:38 · · 3
    • Aung Nyan Tun
      ဒီစာရေးတဲ့လူကိုကျွန်တော်တစ်ခုပြန်မေးချင်တယ် ... ခင်ဗျား တစ်ပတ်မှာ ၇ရက်၊ တစ်ရက်မှာ 24 နာရီလုံးလုံး အလုပ်လုပ်ရမယ်ဆိုလုပ်မလား ... HIV, အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး ရှိတဲ့လူနာရဲ့သွေးနဲ့ထိရမဲ့အခြေအနေဆို ခင်ဗျားကိုင်မလား ... အညစ်အကြေး၊ ချွဲတွေ
      နဲ့ပေကျံနေတဲ့ လူနာဆိုခင်ဗျား ကိုင်မလား ... အချိန်မတော် ညကြီးသန်းခေါင် (ပိတ်ရက်ဖြစ်ဖြစ်) ဆေးရုံကို လာခွဲရမယ်ဆိုလာမလား ... ခင်ဗျားနဲ့သွေးမတော် သားမစပ်၊ တစ်ခါမှလည်း မမြင်ဘူး၊ ပေးလိုက်ရင်လဲပြန်ရမှာမဟုတ်တဲ့ လူတစ်ယောက်အပေါ် ခင်ဗျားဘယ်လောက်စဉ်းစားပေးဘူးလဲ ... အပေါ်က comment တစ်ခုမှာပြောသွားသလိုပဲ လူနာတွေအနေနဲ့ ပြည်သူ့ဆေးရုံမှာ အလကားရတာ ဟောက်ဆာဂျင်ပဲရှိတယ် ... ကြိုက်တဲ့အချိန်မှာသူတို့ကို သွားခေါ်ခွင့်ရှိတယ် ...
      2 August at 16:25 · · 8
    • Thant Htaik Tun အဲဒါဘယ်ဆေးရုံလဲတော့ မသိဘူး။ ကျွန်တော်တို့ လုပ်နေတဲ့ ဆေးရုံတွေမှာတော့ အဲ့လိုမျိုးမရှိပါဘူး။
      2 August at 20:32 · · 1
    • Mg Mg Soe ကျန်းမာရေးအသုံးစ၇ိတ်တွေ ထုတ်ပေြး့ပီလားတော့ မသိပါ။ထုတ်ပေးရင် ဘယ်အိပ်ထဲ ရောက်သွားလို့လဲပဲ မသိပါ ။ကျန်းမာရေးအသုံးစရိတ် မြှငိ့တငိပေးဖို့ အစိအစဉ်ရှိမရှိ မေးခွန်းကို တငိပါသည် ခငိဗျား...
      3 August at 17:00 · · 1
    • May Thinn Khine
      First of all.....is this real???......which hospital??? U can share the name of it..if u dare,about the truth....

      Second.....မိတ်ဆွေစာရေးဆရာမှာ..... ဓာတ်မှန် ရိုက်ခနဲ့ ဆေးဖိုးဝါးခတွေထုတ်ပေးမယ့်သူရှိ....ဆးကုသမှုခံယူရပါတယ်။ ဟိုတစ်ဖက်လူမှာတော့
      ..... ပြုစုကုသမယ့်သူမဲ့....."မတော်ပါဘူးဗျာ၊ လူနာရှင်မရှိတာနဲ့ ပစ်ထားကြတယ်.....in this case,i dont believe too much,ah i dont say u r lying,just saying i dont believe....
      coz when a new pt comes,treatment r given by EMO/AS/FA. So,when they arrive at the same time,the on-duty Dr. will see them both and give treatment. There is no such Dr. who just ignore patients without attendant. And,about Xray,u dont need money. It can be done FOC.(in some hospital,HO even can sign FOC forms,eg.M1 of YCH)....

      Third......ဆရာဝန်လို့ယူဆရသူ(ဂျူတီကုတ်ဝတ်မထားသော ကြောင့်)..yeah, i admit almost all dont wear it. Imagine to wear duty coat under the heat of 25-sometimes40(at summer) degree F. If the one who wrote it can do this every day,then why cant we do this too. Let me know the answer. If not,its fair,i think. Oh,one condition,if we got air.conditioner in the hospital,we can wear duty coat every place where the AC present.

      Fourth.......ယာဉ်တိုက် မှုဖြစ်ပြီး.....then the two patients was expected to be at the emergency.....at emergency,on-duty is never HO alone. There willl be EMO. So,ဒီဆရာဝန်လေးတွေ(ဟောက်ဆာဂျင်)ပဲ ရှိတာမဟုတ်လား။ ဘယ်ဆရာဝန်ကြီးတွေမှ လာတာမတွေ့ရဘူးလေ.....this sentence...isn't that strange?? And,how u know that person is HO???

      To sum up all.....all i wanna know is....is this real?????? at all????
      5 August at 17:23 · · 2
    • May Thinn Khine about Aung Nyan Tun's comment......လူနာတွေအနေနဲ့ ပြည်သူ့ဆေးရုံမှာ အလကားရတာ ဟောက်ဆာဂျင်ပဲရှိတယ် ... ကြိုက်တဲ့အချိန်မှာသူတို့ကို သွားခေါ်ခွင့်ရှိတယ် ......like...its true ...
      5 August at 17:30 · Edited · · 1

No comments: