Thursday 2 August 2012

ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ခ်ျ အစိုးရက အမိန့်ချမှတ်


မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မွတ်စလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ခ်ျ အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။

အဲဒီအဖွဲ့တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေးအဖွဲ့နဲ့ ဗြိတိန် အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ပါတယ်။

ဒီအဖွဲ့တွေဟာ မြန်မာနယ်စပ်အနီး Cox's Bazaar ခရိုင်တွင်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေတာကို ဆိုင်းငံ့ဖို့ အစိုးရက ပြောတာလို့ ဒေသ အုပ်ချုပ်ရေးမှူး Joymul Bari က AFP သတင်းဌာနကို ပြောသွားပါတယ်။

RFA Burmese

No comments: