Thursday 16 August 2012

တပ်မတော်ကို ဖြိုခွဲနေသော ဗိုလ်ချုပ်ကြီးများ - အပိုင်း (၂)

ဆောင်းပါးရှင် - ဗိုလ်မှူးအောင်လင်းထွဋ်

ယခုဆောင်းပါးအား www.photayokeking.org မှ ကူးယူဖော်ပြပါသည်။
မူရင်းသတင်းအား http://www.photayokeking.org/truewords/open-letters/537-tat-madaw-ko-hpyu-hkoi-nay-daw-bochuk-gyi-mya တွင်သွားရောက်ဖတ်ရှုနိုင်ပါသည်။
ယခုသတင်းကို www.facebook.com/pofpage မှ တင်ပြပေးလိုက်ပါသည်။
အပိုင်း (၁) ကို http://www.facebook.com/photo.php?fbid=467186689972701&set=a.461791470512223.111442.196599900364716&type=1&theater တွင်ပြန်လည်လေ့လာနိုင်ပါသည်

ဗိုလ်ချုပ်မြင့်အောင်နဲ့ ဗိုလ်ချူပ်ကျော်ဘကတော့ လိုင်းပေါင်းစုံပါတယ်။ ငွေ၊ မိန်းမ အစုံဘဲ။ အိမ်က မိန်းမတွေကိုတော့ ရုံးမှာအလုပ်များလို့ ညဘက် ရုံးမှာ ညအိပ်ရမယ်လို့ ဝန်ကြီး တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောထားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ရုံးက ညကျောင်းပြန်တာနဲ့ မိန်းမငယ်တွေအိမ်ကို အသီးသီး ရောက်သွားကြပါတယ်။ ဗိုလ်ချုပ် မြင့်အောင်ဆို နောက်ပိုင်း ဘယ်လောက် ဆိုးလာသလဲဆိုရင် သမီးအရွယ် ရုပ်ရှင် မင်းသမီးလေးတွေပါ မကျန် ငွေနဲ့ လုပ်ပိုင်ခွင့်ပေးပြီး နှာဘူးထခဲ့ပါတယ်။ စကားမပီတဲ့ မော်လမြိုင်သူ မင်းသမီးလေးဆိုရင် ဗိုလ်ချုပ် မြင့်အောင်ရဲ့ ကိုယ်ရေးအရာရှိကို ရှင့်အဘကိုလည်း ဆေးတိုက်ဦးလို့ ရိသဲ့သဲ့ပြောတယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မြင့်အောင် ရုံးခန်းမှာ အဲ့ဒီရုပ်ရှင်မင်းသမီးနဲ့ သကြားပါမစ်ကိစ္စ အပေးအယူ လုပ်နေချိန်တွင် P.A ဗိုလ်မှူးမိုးအောင်ချောက တခြားဧည့်သည်တွေကို ၀န်ကြီး နေမကောင်းလို့ ဘယ်သူ့ကိုမှ အတွေ့မခံဘူးလို့ ပြောခဲ့ပါတယ်။ အဲဒီတုန်းက တိုက်တိုက်ဆိုင်ဆိုင် တပ်မတော်နေ့စစ်ရေးပြ တပ်မတော်သားများအတွက် သကြားပါမစ်ကို စစ်ကြောင်းများက လျှောက်ထားရာမှာ ဗိုလ်ချုပ် မြင့်အောင်က ထုံးစံမရှိဘူးလို့ ပယ်ချခဲ့ပါတယ်။

ကိုယ်ရေးအရာရှိ လုပ်သူက သူသွားလေရာ အိပ်လေရာ နေရာတိုင်းမှာ အတူအိပ်ဖို့ မိန်းမရှာထားရပြီး မလုပ်ထားရင် သောင်းကျန်းတော့တာ ပါဘဲတဲ့။ အဲဒီလို လိုင်းပေါင်းစုံ သောင်းကျန်းတာ ကမ်းကုန်လို့ အရေးယူခံရပြီး ပုလဲမြို့သစ်မှာရှိတဲ့ ဗိုလ်ချုပ်မြင့်အောင်ရဲ့သမီး ပိုင်ဆိုင်သော ရေသန့်စက်ရုံကို အသိမ်းခံရရာ စိတ်ထိခိုက်ကာ အတည်ပြုဆဲ သတင်းအရ ဆေးသောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။

ဗိုလ်ချူပ်ကျော်ဘကတော့ နည်းနည်းညက်တယ်။ အကောင်းစားလေးတွေကိုဘဲ လူမသိ သူမသိရွေးတယ်။ လေးလပတ် အစည်းအဝေးတက်ဖို့ ရန်ကုန်ကို ဆင်းလာချိန်မှာ စတန့်ထွင်ပြီး ရထားစီးကာ လောပန်သူဌေးများနဲ့ ဖဲရိုက်တမ်း ကစားရင်း ငွေများကို ရယူခဲ့ပါတယ်။ သူဌေးတွေက လုပ်ပိုင်ခွင့်ရဖို့ အရူံးခံ ဖဲရိုက်ပေးကြတာပါ။ ဗိုလ်ချုပ်မောင်သင့်ကတော့ ညီအစ်မအရင်း နှစ်ဦးကို တပြိုင်နက် ယူခဲ့ပါတယ်။ ဗိုလ်ချုပ်ကျော်ဘနဲ့ ဗိုလ်ချုပ်ထွန်းကြည်တို့ဟာ ထရိတ်ဒါး ဟော်တယ်မှာလည်း ကိုယ်ပိုင်အခန်းများသဖွယ် ဘွတ်ကင်ယူထားကြပြီး မော်ဒယ်ဂဲလ်များနဲ့ ဇာတ်လမ်းရူပ်ခဲ့ပါတယ်။ ဒါ့အပြင် ရေပေါ်ဟော်တယ်လို့ခေါ်တဲ့ သင်္ဘောဟိုတယ်ဖွင့်ပွဲမှာ ဗိုလ်ချုပ်ထွန်းကြည်က ဖွင့်ပွဲအပြီးတွင် မော်ဒယ်ဂဲလ်များနဲ့ ရှုပ်ချင်လို့ ထောက်လှမ်းရေးများအား မောင်းထုတ်ခဲ့ဖူးပါတယ်။

အဲဒီဗိုလ်ချုပ်တွေနဲ့ ပတ်သက်ခဲ့တဲ့ မိန်းမတွေကို အဲဒီတုန်းက ရန်ကုန် သမိုင်းမှ သတင်းတပ်ဖွဲ့ရုံးရှိတဲ့ အမျိုးသား ထောက်လှမ်းရေးဝင်းထဲမှာ နေ့ည စစ်မေးခဲ့ကြပါတယ်။ နာမည်ကြီး သရုပ်ဆောင် အမျိုးသမီးတွေပါ အစစ်ခံရတဲ့ နေရာဖြစ်လို့ ပွဲတော်တော်စည်ပါတယ်။ အမျိုးသမီးတွေ တော်တော်များများ စစ်ကြောရေးစခန်းမှာ ဝန်ခံခဲ့ကြပါတယ်။ ငြင်းလို့မရတဲ့ အထောက် အထားတွေကလဲ ရှိနေခဲ့တာကိုး။ စစ်ကြောချက် မှတ်တမ်းတွေကိုစုပြီး စာအုပ်တစ်အုပ်ရေးရင် ကမ္ဘာကျော်သွားနိုင်ပါတယ်။ အဲဒီလို စစ်ကြော မေးမြန်းချက်တွေကို စုစည်းပြီး ဗိုလ်ချုပ်ကြီးများ၏ စစ်စည်းကမ်း ဖေါက်ဖျက်မှု၊ အဂတိလိုက်စားမှု၊ မသမာမှု၊ ကာမသောင်းကျန်းမှု၊ ဥပဒေကျူးလွန်မှုများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ အစီရင်ခံတဲ့ အခါမှာတော့ မင်းတို့ထောက်လှမ်းရေးက ဒီကောင်တွေကို ဘာမှမလုပ်နဲ့ ပြန်လွှတ်ပေးလိုက် ဆိုတဲ့အမိန့်ကို ပေးလိုက်လို့ ကြားရသူများအဖို့ အံ့ဩသွားခဲ့ပါတော့တယ်။

သိပ်မကြာလိုက်ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရုံးမှနေ၍ စစ်ထောက်လှမ်းရေး အနေဖြင့် တပ်မတော်အရာရှိကြီးများနှင့် ဝန်ကြီးများအား စုံစမ်းခြင်း၊ မေးမြန်းခြင်း၊ ထောက်လှမ်းခြင်းကို ကကကြည်း၏ ခွင့်ပြုချက်မရဘဲ မလုပ်ရဟူသော အမိန့် ထွက်လာပါတော့တယ်။

ဗိုလ်ချုပ်မြင့်အောင်နှင့် ထွန်းကြည်တို့အား အရေးယူဖို့ အလားအလာ များနေချိန်မှာ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက သူတို့ရဲ့ စည်းစိမ်ဥစ္စာကို သိမ်းပိုက်ခဲ့ပြီး ဖြစ်တာမို့ ထောင်ကျအရေးယူဖို့ မသင့်တော်ဘူးလို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ပြောကြားခဲ့ရာ Report အား အကောင်အထည် မဖော်တော့ဘဲ ဒီအတိုင်းဘဲ ထားလိုက်တာကြောင့် ဗိုလ်ချုပ်ခင်ညွှန့်အနေနဲ့ အတော့်ကို မကျေမလည် ဖြစ်သွားခဲ့ရပါတယ်။

အပိုင်း (၃) ကို ဆက်လက် ဖော်ပြပါမည်။

No comments: