Wednesday 15 August 2012

သိန်းစိန်အစိုးရရိုက်တဲ့ကုလားကားဇတ်ညွှန်းပြောင်းသွားပြီ


ဒီကနေ့ ခုနကလို ကမ္ဘာကြီးကလည်း ကျဉ်းမြောင်းသွားပြီ ရွာကြီးတစ်ရွာလိုဖြစ်နေတယ်။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ မှာလဲ လူအခွင့်အရေးဆိုတဲ့ ကိစ္စ ကို ရှေ့တန်းတင်ပြီးတော
့ ပြောကြားလာတယ်။ အားလုံး လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ လူအခွင့်အရေးဆိုတာကို ကျွန်တော်တို့ ခုနကလို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။

၄၈ခုနှစ် မတိုင်ခင်ကနေပြီးတော့ ရောက်လာတဲ့ မိဘတွေကမွေးဖွားတဲ့ Third Generation က မြေးတို့ဘာတို့ ရောက်လာတဲ့အခါမှာ နိုင်ငံသားအဖြစ်နဲ့ အခုနကလို အသိအမှတ်ပြု ပေးဖို့ဆိုတဲ့ ဥပဒေထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ ဒီဥပဒေကို ပီပီပြင်ပြင်နဲ့ ပြန်ပြီးတော့ အသုံးချပြီးတော့ အနာဂတ်မှာ လူအဖွဲ့အစည်းတွေဟာ ခုနကလို သင့်သင့် တင့်တင့်ဖြစ်အောင် လူသားတွေဆိုတဲ့ အမြင်မျိုးရှိလာအောင် လူ့အခွင့်အရေးတွေကို ခုနကလို ရှေ့တန်းကနေ ဦးစားပေးပြီးစဉ်းစားတတ်လာအောင် ဒါတွေက ကျွန်တော်တို့ အချိန်ယူပြီးတော့ လုပ်သွားရမှာဖြစ်တယ်

တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။ ဟိုးတုန်းကရှိနေတဲ့ သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ် ။ အိမ်ထောင်စုတစ်စု ဆိုရင် ခုနှစ်ဆယ်၊ ရှစ်ဆယ်လောက်ရှိပါတယ်။

ဒီပြသနာတွေကို ကျွန်တော်တို့ မကြီးထွားစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။ ဒါတွေက လူသားချင်း စာနာမှု အမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။

သိန်းစိန် ဗွီအိုအေ အင်တာဗျူးကောက်နုတ်ချက်

No comments: