Monday 13 August 2012

ငြိမ်းချမ်းရေးကို မရ ရအောင်ရယူလိုသော ရည်ရွယ်ချက်

Union-level Peace-making Working Committee meeting (1/2012)

[ ကြေးမုံုံသတင်းစာ _ ၁၃-၈-၂၀၁၂ _ စာမျက်နှာ ၃ ]
--------------------------------------------------------
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက အမှာစကားပြောကြား ရာတွင်

ငြိမ်းချမ်းရေးကို မရ ရအောင်ရယူလိုသော ရည်ရွယ်ချက်မှာ

ငြိမ်းချမ်းသာယာပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်ပင် ဖြစ်ပါကြောင်း၊

နှစ်ပေါင်း ၅၀ ကျော်ကြာ ဖြစ်ပွားခဲ့သော
လက်နက်ကိုင်ပဋိပက္ခကြောင့် ငွေကုန်လူပန်းဖြစ်ခဲ့ကြကြောင်း၊

မြန်မာနိုင်ငံသည် သဘာဝသယံဇာတပေါမျာြးွကယ်ဝပြီး လူ့
စွမ်းအားအရင်းအမြစ်၊ လူဦးရေ သင့်တင့်မျှတစွာရှိသည့် နိုင်ငံ၊
တစ်ချိန်က အာရှတွင် စီးပွားရေးထိပ်တန်းက ပါဝင်ခဲ့သောနိုင်ငံမှ
ယခု စီးပွားရေးချွတ်ခြုံကျပြီး ကမ္ဘာ့ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ LDC
ဖြစ်နေရသည်မှာ ငြိမ်းချမ်းရေးမရရှိခဲ့သည့် အချက်တစ်ချက်
ပါဝင်နေပါကြောင်း။

ပကတိအခြေအနေအရ နိုင်ငံတော်၏ ကံကြမ္မာသည်
ငြိမ်းချမ်းရေးရရှိမှု၊ မရရှိမှုအပေါ်တွင် လုံးဝမူတည်နေသော
သဘောပါရှိနေသည့်အတွက် ငြိမ်းချမ်းရေးကို မည်သို့ပင်ဖြစ်စေ
ရအောင်ယူမှ ဖြစ်မည်ဖြစ်ပါကြောင်း၊

ငြိမ်းချမ်းရေးမှလွဲပြီး အခြားရွေးစရာလမ်းမရှိ ဖြစ်နေပါကြောင်း။

တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးသည် နိုင်ငံ၏စီးပွားရေး
ဖွံ့ဖြိုးတိုးတက်မှုနှင့် တိုက်ရိုက်အချိုးကျနေပါကြောင်း၊ ဥပမာ
အားဖြင့် တိုးတက်နေသော အိမ်နီးချင်း အာဆီယံနိုင်ငံများ၊ အာရှ
နိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်နိုင်သကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ
သည် စီးပွားရေးချွတ်ခြုံကျမှုနှင့်လည်း တိုက်ရိုက်အချိုးကျနေသည်
ဟု ယေဘုယျအားဖြင့် ပြောဆိုနိုင်ပါကြောင်း၊ ဥပမာအနေဖြင့်
စစ်ဖြစ်နေသော အာရှဒေသတွင်းနိုင်ငံ၊ အာဖရိကနိုင်ငံများကို
ကြည့်မည်ဆိုလျှင် သိရှိနိုင်မည်ဖြစ်ပါကြောင်း

No comments: