Thursday 16 August 2012

NGO အဖွဲ့ အစည်းတွေနဲ့ ပတ်သက် ပြီး ဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့  အဆို

ဒီနေ့ ပြည်သူ့ လွှတ်တော်မှာ ဦးသိန်းညွှန့် က သူတင်သွင်းတဲ့ NGO အဖွဲ့ အစည်းတွေနဲ့ ပတ်သက် ပြီး ဥပဒေအသစ် ပြန်လည်ရေးဆွဲဖို့  အဆိုကို ဥက္ကဌကြီးက မဲခွဲပြီးသာ ဆုံးဖြတ်စေခဲ့ရင် မာရ်နတ်ရဲ့  အသင်းအပင်းဝင် အမတ်အများစုက "သင်တန်းပေးထားတဲ့အတိုင်း" ကန့် ကွက်မဲ စက်ခလုပ်ပေါ် လက်တင်အုံးမယ်ဆိုတာ သိလို့  သူတင်သွင်းတဲ့အဆိုကို "အရင်နေ့  ကလို မဲခွဲမဆုံးဖြတ်စေပဲ ဥက္ကဌကြီး(ဦးရွှေမန်း)ရဲ့  အဆုံးအဖြတ်ကိုပဲ ကျွန်တော် ခံယူပါမယ်" ဆိုပြီး ပြောကြားကာ ပညာရှိနည်းနဲ့  အနိုင်ယူသွားခဲ့ ပါတယ်!!


ဦးရွှေမန်းကြီးကလဲ ဒီအဆိုကို မဲခွဲမဆုံးဖြတ်စေပဲ ဥပဒေရေးရာနဲ့  ပတ်သက်တဲ့ ကော်မတီတွေကို ပြန်လည်သုံးသပ် ပြီး ခေတ်နဲ့  မလျော်ညီတော့တဲ့ အချက်တွေကို ပြင်ဆင်သင့်တာ ပြင်ဆင်ဖို့ ၊ ပယ်ဖျက်သင့်တာတွေ ပယ်ဖျက်ဖို့ ၊တာဝန်ပေးအပ်. ခဲ့ပါတယ်!! ကန့် ကွက်မဲ စက်ခလုပ်နှိပ် သင်တန်းဆင်း. အောင်လက်မှတ်ရ အမတ်များမှာ စက်ခလုပ်မနှိပ်လိုက်ရတာကို မကျေနပ်လို့  သူတို့ ရဲ့  မွေးရာပါ ခလုပ်တွေကိုပဲ အသံတိတ် အစားထိုးပြီး နှိပ်ခဲ့ရတယ်လို့  သိရပါတယ်!!(မှတ်ချက်.မွေးရာပါ ခလုပ်ဆိုတာ တောက်ခေါက်တာကို ပြောတာဖြစ်တဲ့အတွက် မြင်ယောင် နေတဲ့ ခလုပ်အမြင်ကို ချက်ချင်း ပြောင်းလိုက်ကြပါ) :)

ကို တိုးခိုင်
· · 7 minutes ago ·


  • Aung Gyi Gsc and 13 others like this.

    • Upi Myohate သတင်းဟာသ(မွေးရာပါခလုတ်)
      3 minutes ago ·

    • Myo Sam ‎.မွေးရာပါ ခလုပ်ဆိုတာ တောက်ခေါက်တာကို ပြောတာ...
      3 minutes ago · · 1

    • Ko A Naw ဖြစ်ရမယ်
      2 minutes ago ·

    • Khin Kalayah Soe နာ အဲ့သတင်းကို နားထောင်တုန်းက ရီလိုက်ရတာ အူကို တက်နေတာပဲ။ သတင်းထဲမှာ အရင်တုန်းက လွှတ်တော်တွင်းမှာ ပြည်ခိုင်ဖြိုးက အင်အားများလို့ မဲအသာနဲ့ နိုင်ခဲ့ပေမယ့် အခုအကြိမ်ဟာ ပထမဆုံး အကြိမ် ဦးရွှေမန်းက လက်ခံပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်တဲ့။ :D
      2 minutes ago · · 1

No comments: