Sunday 26 August 2012

တရုပ်နှင်ဦးပိုင်သိမ်း လယ်ယာမြေများအတွက် တောင်သူတွေ ယနေ့တိုက်ပွဲဆက်။


Eleven Media Group
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ရွာခံ ၂၆ ရွာမှ လျော်ကြေးမရရှိဘဲ သိမ်းခံရသည့် လယ်ယာမြေ ဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများက သြဂုတ်လ ၂၄ ရက်နေ့က ဆန္ဒဖော်ထုတ်မှု ပြုလုပ်ခဲ့ရာတွင် အဆိုပါစီမံကိန်းမှ လုံခြုံရေး တာဝန်ယူနေသော ရဲတပ်ဖွဲ့ဝင်များက ဒိုင်းများကို ရာဘာတုတ်ဖြင့် ရိုက်ပြီး အသံဖြင့် လူခွဲစေခဲ့သည့်အပေါ် ဒေသခံများမှ မကျေမနပ်ဖြစ်ခဲ့ကြောင်း သိရသည်။ ယင်းကဲသို့ မကျေနပ်မှုကြောင့် သြဂုတ်လ ၂၅ ရက်နေ့ မွန်လွဲ ၂ နာရီ ၅၂ မိနစ်အချိန်တွင် ဒေသခံ ဦးရေ ၁၀၀၀ ၀န်းကျင်ခန့်က အဆိုပါ စီမံကိန်း ဧရိယာအတွင်းသို့ မောင်းများတီး၍ ဆန္ဒဖော်ထုတ်မှုတပ်ရပ် ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

Photo - Eleven Media Group

  • 48 shares
    • Suu Suu Han အဲ့ဒီကောင်တွေက ဘာကိစ္စဒီလို သေနတ်တွေ ဒိုင်းတွေ ဆောင်ထားရတာလဲ ??? ပြည်သူတွေက လက်နက်မဲ့တွေလေ။။ ဘာကို ဒီလောက်ကြောက်လို့ လက်နက်တွေအသင့်ဆောင်ထားရတာလဲ??? အဓိပ္ပာယ်မရှိလိုက်တာ။။ဘာလဲ အထက်က အဖေတွေက ပစ်မိန့်ပေးရင် ရက်ရက်စက်စက်ပစ်သတ်ကြဦးမယ်ပေါ့။။ကျက်သရေတော်တော်တုန်းတာပဲ။။
      19 hours ago · · 7
    • Khun Win Maw ကုလားကိုကြောက်သလောက် အချင်းချင်းကျ သေအောင်နိုင်တဲ့ ... မြန်မာ တွေ....အိမ်ကျယ်...
      19 hours ago · · 4
    • Koko Nyinyi ပြည်သူ့ရဲကို ခုတုံလုပ် စီပွာဖြစ်တော့စစ်ခေါင်ဆောင်။ ပါစပ်ကတော့ပြည်သူ့အသံကိုနားထောင်ပါတယ်ပြော။အလကားကောင်တွေ၊
      18 hours ago · · 1
    • Aung Aung Mdy ကဲအစီုးရကိုဆန့်ကျင်တာလည်းမဟုတ်လယ်သိမ်းလို့ဆန္ဒပြတာရဲကသေနတ်နဲ့ဆိုတရုတ်နဲ့ဦးပိင်စီးပွားရေးကာကွယ်မှာလားပြည်သူဘက်ကရပ်မှာလားသိသာနေပြီဒီလိုခေတ်ကုန်ပြီ
      17 hours ago · · 1
    • Win Min Htun တိုင်းပြည်အတွက် ဆန်ကုန်မြေလေးတွေ။
      15 hours ago ·
    • ကို ကိုးဥ အဲတောင်သူလယ်သမားတွေက မြန်မာနိုင်ငံကပြည် ၆၅ သန်းလောက်ကိုကျွေးထားး၇တာ သဘောပေါက်ကြစမ်းပါ
      15 hours ago ·
    • AllStar Sai ရဲတယောက်တော့ပြုံးပြုံးလေးပ
      14 hours ago ·
    • Zaw Naing ကူညီပါရစေ တဲ့ ဘယ်သူ့ ကိုလဲဗျာ
      13 hours ago ·
    • April Sai Ngae ကိုယ့်စခန်းမှာမနေပဲ အဲဒီမှာအင်အား ၃၀၀ လောက်က ထမင်းလည်းကျွေး ပိုက်ပိုက်လည်းရနေတော့ လုပ်ပြနေရတာဆိုလားပဲ....
      12 hours ago ·
    • Useinwin Seinwin ကိုယ့်လူမျိုကျပစ်ပြပါလိမ့်မယ်။ ဒိုပုလိပ်တွေ တရုတ်အတွက်တာဝန်ကျေပြပါလိမ့်မယ်။
    • Konay Min kham bwar what are they?

No comments: