Tuesday 9 October 2012
ထူးကုမ္ပဏီရဲ့ အကြီးအကဲဖြစ်သူ ဦးတေဇရဲ့ တူယာဉ်တိုက်မှုကို ရဲစခန်းမှာ ကာကွယ်ပေး
ခွန် ဒီးယမ်
ထူးကုမ္ပဏီ၏ အကြီးအကဲဖြစ်သူ ဦးတေဇရဲ့တူက ဆေးကျောင်းသားတစ်ဦးကို ကားနဲ့ သေစေရန် ရည်ရွယ်၍ တိုက်မှုမှာ ရဲစခန်းက ကားနဲ့တိုက်သူကို ဦးတေဇရဲ့တူဆိုတာ ဖျောက်ဖျက်ထားပြီး သတင်းသမားတွေ သတင်း သွားယူတဲ့အခါမှာ ဦးတေဇရဲ့ဝန်ထမ်းက တိုက်တာပါဆိုပြီး ကာကွယ် ပေးပြောဆိုခဲ့ပါတယ်။
“ဦးတေဇရဲ့တူက ၈၈မျိုးဆက်ခေါင်းဆောင် ကိုဌေးကြွယ်ရဲ့တူကို ကားနဲ့တိုက်တယ်ဆိုတဲ့ သတင်းကို မရမ်းကုန်းရဲစခန်းမှာ သွားယူတယ်။ ရဲစခန်းက ကားတိုက်တဲ့သူက ဦးတေဇရဲ့ဒရိုင် ဘာပါ။ ဦးတေဇရဲ့ဝန်ထမ်းပါ ဆိုပြီးပြောတယ်။ ဘာမဟုတ်တဲ့ အမှုလေးကိုတောင် မရိုးသားဘူး။တဖက် ကလည်း သားသမီးချင်းစာနာပြီး ကြေအေးလိုက်တာပါ။ အဲ့ဒီအပေါ် မှာတော့ရိုးသားဖို့လိုပါတယ်။” လို့ အပတ်စဉ်ထုတ်သတင်းဂျာနယ်တစ်ခုမှ သတင်းထောက် တစ်ဦးကဆိုပါတယ်။
ဒီကားတိုက်မှုနဲ့ပတ်သက်ပြီး ကားဖြင့်တိုက်ခံရသူဆေး ကျောင်းသားရဲ့ ဦးလေးတော်သူ NLD လွတ်တော်အမတ် ကိုဖြိုးမင်းသိန်းကလည်း ....
“ကားနဲ့ တိုက်ခံရတဲ့ ဆေးကျောင်းသား မောင်ဝေအောင်က ကျွန်တော့်ရဲ့တူပါ။ တိုက်တဲ့ သူကလည်း ထူးကုမ္ပဏီက ဦးတေဇရဲ့တူဆိုတာ ဟုတ်ပါတယ်။ ဦးတေဇရဲ့ အစ်မ ကိုယ်တိုင်က ကျွန်တော်တို့ ဆီမှာ လာပြီး တောင်းပန်လို့ကျွန်တော်တို့ဘက်က အမှုကို ကြေအေး လိုက်တာပါ။ ဘာနစ်နာကြေး တစ်စုံတစ်ရာကိုမှ လက်မခံဘဲ ဒီကလေးရဲ့ရေရှည်အနာဂတ် အတွက် ကြည့်ပြီး ကြေအေးဖို့သဘောတူခဲ့တာပါ။ ဒီတစ်ပတ်ထွက်တဲ့ ဂျာနယ်ကြီးတစ်စောင်မှာ သုံးထားတာ ကတော့ ဦးတေဇရဲ့ဝန်ထမ်းဆိုပြီး သုံးထားတာ တွေ့တယ်။ ဒါက ဘယ်လိုဖြစ်ပြီး ဒီလို သုံးထားလဲ ဆိုတာတော့ ကျွန်တော် နားမလည်ဘူး။” ကိုဌေးကြွယ်က ပြောပြခဲ့တာပါ။-(ယုဇန)
Like · · · 20 hours ago ·
  • Ya Tha ကလိမ်ကကျစ်တွေ ... ငွေနဲ့ ဘာမဆိုဖြစ်မယ်ထင်နေကြတယ်။
  • Myatsu Aung အကျင့်တွေကိုက.....
  • Si Thu Htet ခရိုနီတွေကတော့ဒီလိုပဲပြည်သူတွေကိုအနိုင်ကျင့်ချင်သလိုကျင့်နေကြတာ။
  • Soe Win Naingြ­မန်မာ မီဒီယာတွေ သတင်းရေးနည်း ကလဲ အံ့သြကုန်နိုင်ဖွယ် ပါလား။ ကိုဌေးကြွယ်နဲ့ ကြို­ဖိုးမင်းသိန်း ကို တစ်ယောက်တည်း ထင်ရအောင် ရေးတတ်ပလေ။
  • Arr Gyi ငွေနဲ့ ပေါက် လူတကာစိတ်ဓါတ်ဖျက်ဆီးကြတဲ့  အကောင်တွေ လူ့ အသိုင်းအ၀ိုင်းက ဖယ်ကျဉ်ဖို့ တော့ လိုနေဘီ ....ဒီ ...ဗိုင်း၇ပ်စ် ကပ်ညိသူ တွေနဲ့  ဆက်ဆံေ၇း မလုပ်သင့် ပါ...စိတ်ဓါတ်ပျက်အောင်ငွေနဲ့ ဖျားယောင်းလို့ လူတကာ အနက် အသိတ၇ားနဲသူသာ သူတို့ သားကောင်ဖြစ်ကြမှာ...အသိရှိသူတွေဖြူစင်မှုမရှိတဲ့ ငွေတွေနဲ့  ကို့ သိက္ခာမလဲမိပါစေနဲ့  ....။
  • Mi Mi Khin Let me share,please.
  • Htet Wai Yan ကိုဌေးကြွယ်ရဲ.တူလို.လဲပြောတယ်။ ဦးလေးတော်သူကိုဖြိုးမင်းသိန်းလို.လဲရေးထားသေးတယ်နော်။ သတင်းထဲမှာ။ ဒါမှမဟုတ်ကိုဖြိုးမင်းသိန်းနဲ.ကိုဌေးကြွယ်နဲ. အမျိုးများတော်လို.လား။ ကျွန်တော်မသိလို. ၊ သတင်းဖတ်ရတာမရှင်းလို.မေးတာပါ။
  • Ko Kyaw ဒီတစ်နေရာထဲ မဟုတ်ဘူးဟေ့
    မြန်မာပြည်ရဲ့ နေရာတော်တော်များများကို
    အာဏာဖြန့်ထားတာကွ လွှတ်တော်ကအစ
    ရဲစခန်း နဲ့ ဘောလုံးကွင်း အဆုံးပဲ
    သေချင်းဆိုးနဲ့ သေမယ့်ဟာတွေ။
  • Saw Poe ခွေးရဲတွေဗိုက်ဆံဘယ်လောက်ပေးထားမှမသိတာကိုယ်ချင်းစာစိတ်မရှိတဲ့ခွေးမျိုးတေဇ
  • Tawtate Yetsann ဒီကောင်တွေကပိုက်ဆံရှိတယ်ဆိုပြီ လုပ်ချင်ရာလုပ်နေတဲ့ကောင်တွေဗျ မိုက်ရိုင်းတယ်
  • Wai Moe Aung ငွေများတရားနိုင်တဲ့ခေတ်ကမပြီးသေးဘူးဥပဒေစိုးမိုးမှုမရှိတာဒါဘဲ
  • Aungnaingh Htay ကို ဌေးကြွယ် ညီမ ယောက်ကျား က ကိုဖြိုးမင်းသိန်း ဗျ။
  • Shane Thu Aung ယောက် ဖ တော် တယ်လေဗျာ။ ဦးဌေး ကြွယ် နဲ့ ဦး ဖြိုးမင်း နဲ့  က....
  • Master Peace လူငယ်တွေဖြစ်ကြတာ လူကြီးလုပ်သူက မဖြစ်သင့်တာ မဖြစ်ရင်တော်ပြီပေါ့ ဘာကွယ်ဝှက်စရာလိုလဲ ရိုးသားမှုကိုမရှိဘူး မရိုးသားပဲ ကြီးပွားတာအံ့ပါရဲ့ဗျာ
  • Saw Poe ခွေးမျိုးလေ
  • Happyboy Kgkay နအဖ..စစ်အုပ်ချုပ်ရေးမဟုတ်တော့ဘူး..။ဒီမိုကရေစီအုပ်ချုပ်ရေးလို့..ပြောင်းနေတာကို..ဥပဒေကိုင်နေတဲ့..ရဲဝန်ထမ်းတွေက..လက်မခံသေးဘူးလား..။ဒါလိမ်လည်မှုဘဲ..။ဝန်ထမ်းကလိမ်ရင်..စာရိတ္တပျက်ပြီ..။စာရိတ္တပျက်တဲ့သူဟာ..၀န်ထမ်းနေရာနဲ့မထိုက်တန်ဘူး..။လိမ်တာဟာ..အဂတိ..လိုက်စားတာဘဲ..။(၁)ဆန္ဒာဂတိ(၂)ဒေါသဂတိ(၃)ဘယာဂတိ(၄)မောဟဂတိ..တို့ဟာ..အဂတိများဖြစ်သည့်အတွက်..စံပြအရေးယူသင့်ပါတယ်..။
  • Willy Skeleton ဒီနေ့ weekly eleven မှာလည်းထူးထရေးဒင်းက
    မီဒီယာတွေကိုက အဲလိုဆိုတော့...
  • Suu Sanda မရိုးသားတာကငွေနဲ့ လိုက်ရှင်းလို့ တိတ်နေတဲ့သူတွေပါ။တေဇဘက်ကကြည့်ရင် သူတိုက်တာလည်းမဟုတ်ဘူး။သူ့ သားလည်းမဟုတ်ဘူး။အဲဒီကောင်ကိုဘဲနရင်း သွားအsub=်တော့။အမေလည်းသနားပါတယ်။Face Book မှာပါမှရက်အတော်ကြာမှသတင်းစာထည်းပါတာလေ။ရက်စွဲကိုကြည့်ပါလား
  • Jakamm Wp မပြောင်းလဲသေးတဲ့ ဥပဒေ ရှိသေးတာပဲ။
  • Jakamm Wp အခွင့်ထူးခံလူတန်းစား လည်းရှိသေးတယ်။ မြန်မာပြည်မှာဥပဓေအမျိုးမျိုးရှိတုန်းပဲလား။ဥပဒေ တစ်မျိုးတည်းမရှိသေးသရွေ့ တော့ ပြည်သူတွေ ခံတဲ့ဖက်ကနေပြောင်းလဲ အုံးမှာမဟုတ်ဘူး
  • Soe Win ဒီအတိုင်းပါပဲ ဒီအတိုင်းပဲ
  • Artist Aung Min ဗန္ဓုလလဲအချိန်တန်သေတာဘဲ၊
    ဇောတိကလဲအချိန်တန်သေတာဘဲ၊
    အချိန်ကျပြီဆို----
    မသေခင်လေး မှာ. - --
  • Thitsar Phyo ဘာမှမပြောင်းလဲသေးပါ
  • Khin Lay Yi လူကိုခင်ရင်မူကိုပြင်တယ်၊ဆိုတဲ့စကားကမူမမှန်တဲ့လူတွေအတွက်ပါ။
  • Shwethwe Aung သေစေရန် ရည်ရွယ်ပြီးကားနဲ့တိုက်တာကို ကြေအေးလို့ရလားဗျ။ မသိလို့ပါ
  • Kal Nuuzeke Nuuzeke they can't change their bad habbit.
  • Aung Kyaw Oo ဦးအာဏာပိုင်တို့ ရေဘာလုပ်သင့်သလဲဆိုတာသါလောက်ပါပြီနော်။
  • Ko Hla Ko သဘောပေါက်
  • Kyaw Kyar သတင်းထောက်ရေးတာမွှားသွားလို့ နေမှာပါ။ ရဲတွေလည်းမွှားသွားလို့ နေမှာပါ။ ဘယ်သူလိမ်လိမ် ကိုယ်မလိမ်ပြီးတာပဲ။ ဟုတ်ဘူး...ဟုတ်...။
  • Justi Fy သတင်းထောက်ဆိုတဲ့ကောင်တွေကပါ ရောလိမ်ပေးတာပေါ့
  • Aye Aung မြန်မာပြည်တွေက ရဲတွေကတော့ လက်ရှိမှာလည်း ပြည်သူ့ချဉ်ဖတ်.. သေရင်လည်း အဝီစိ..
  • May Lei Phyu စိတ်ပြတ်စရာပဲနော်..U .တေဇကလည်းဒီချိန်ထိ
  • Oaker Kyaw အကျင့်ပျက်၊အဂတိလိုက်စားတဲ့ ရဲတွေကို အရေးယူပေးဖို့က သမ္မတကြီးနှင့် အစိုးရအဖွဲ့မှာ တာဝန်အရှိဆုံးပါ။
    ကျွန်တော်တို့ ပြည်သူတွေကလည်း မတရားမှုတွေ ကိုလက်ပိုက်ကြည့်မနေကြပါနဲ့ဗျာ!!!
  • Nwe Hey Wan လွဲနေသေးတယ်။ကျနော်တော့မရှင်းသေးဘူး။ခွန်ဒီးယမ်.......................
    ဒီအမှုမှာ .............ကားဖြင့်လိုက်တိုက်သူ.......ဦးတေဇတူ................
    .......................ကားဖြင့်တိုက်ခံရသူ.........ကိုဖြိုးမင်းသိန်းတူ.........လား
    ........................ ကိုဋေးကြွယ်တူလား။။။။။။။။။။။။။။။။အဲဒီမှာရှုပ်နေတယ်
  • Ko Zaw ကိုဌေးကြွယ် ညီမ ရဲ့ ယောင်္ကျား က ကိုဖြိုးမင်းသိန်း ပါ ဆို ရှင်းပြီ လား ?
  • Kokoradio Koko ဘာမှမဟုတ်ပဲ နဲ့ တေဇလို့သုံးပါ
  • Thanhtike Aung တေဇလို့အသံကြားတာနဲ့ BY THE PEOPLE FOR THE PEOPLE MEDIA ဆိုတဲ့သူတွေ ကြောက်နေပြီလား
  • Ma Oo သူတို့နံမယ်ပျက်မှာ အတော်စိုးရိမ်တာကိုး။
  • Mg Naing ဟိုးရှေးရှေးတုန်းကဘုရင်ကြီးတစ်ကောင်ကသမက်ခွေးတစ်ကောင်မွေးထားသတဲ့!!!!!!!!!!!
  • Aye Zaw Tun Commet တက်တဲ့သူတွေများတယ် ဘယ်သူဘယ်ဝါလဲ မသိရဘူး လေးစားရမယ့် အကြောင်းအရာများ တွေ့ ခဲ့ရင် ဘယ်လိုလေးစားရမှန်း မသိဘူး ဖြစ်နေတယ်ဗျ၊အမြင်ပြောရရင် ပုဆိုးခြူံထဲက လက်သီးပုန်း ပြနေကြတာနဲ့ မတူဘူးလားဗျာ ။ကျွန်တော်ပြောချင်တာက အမှားသည် ဘယ်သောအခါမှ မမှန်၊မှန်တဲ့အကြောင်းအရာအားလုံးသည် လည်း သေသွားပြီးသည့်တိုင်အောင် မှန်နေဆဲပါပဲ။တူးဝေး သွားနေတဲ့ လောကရဲ့ သဘောနဲ့သဘာဝကျလှတဲ့ အမှန်နဲ့အမှားအကြောင်း ကောင်းတယ် မမှန်ဘူး၊ မှန်တယ် မကောင်းဘူး၊ ၊ကောင်းတယ် မမှားဘူး၊မှားတယ် မကောင်းဘူး၊အမှန်ရဲ့နောက်မှာ အမှားပါလာစမြဲ ၊အမှားရဲ့နောက်မှာ အမှန်ပါလာစမြဲပါ။မည်သူ မှားတယ် မှန်တယ်ဆိုတာကို သစ်ပင်ပေါ်က မြောက်ကြီး စီမံပါလိမ့်မယ်၊ဘာမှမပူကြပါနဲ့ သစ်ပင်ပေါ်မှာ မြောက်ကြီးရှိပါတယ်။သူကအားလုံးကိုကြည့်နေပါတယ်။
  • Yadanar Aung (“ကားနဲ့ တိုက်ခံရတဲ့ ဆေးကျောင်းသား မောင်ဝေအောင်က ကျွန်တော့်ရဲ့တူပါ။ တိုက်တဲ့ သူကလည်း ထူးကုမ္ပဏီက ဦးတေဇရဲ့တူဆိုတာ ဟုတ်ပါတယ်။ ဦးတေဇရဲ့ အစ်မ ကိုယ်တိုင်က ကျွန်တော်တို့ ဆီမှာ လာပြီး တေ...See More
  • ဘယ်သန် ဘမှန် တချို့ ကလည်း ပို့ စ် နဲ့ မန့်  နဲ့  ဘာမှလည်းမဆိုင်ဘူး ပြောချင်ရာပြောကြတာပဲ
  • 傅明汉 ဆဲချင်ရာလည်းဆဲကြတာပဲ......
  • Nagani Sanaye စာနယ်ဇင်းတွေမှန်နေပြီထင်တာဖားလို့ရရင်ဖားစားလို့ရတာစားဆိုတော့သတင်းမှန်ဖတ်ရဖို့လိုဦးမယ်ထင်တယ်နော်
No comments: