Tuesday 9 October 2012

ဂျပန်တွင် ကျင်းပမည့် Miss International 2012 ပြိုင်ပွဲ မြန်မာနိုင်ငံ ကိုယ်စားပြု မနန်းခင်ဇေယျာနှင့် တွေ့ဆုံခြင်း

တွေ့ဆုံမေးမြန်းသူ - စိုးလင်းထွန်း

ဂျပန်နိုင်ငံ အိုကီ နာဝါတွင် ကျင်းပမည့် (၅၂) ကြိမ်မြောက် Miss International Beauty Pageant 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု၍ ဝင်ရောက် ယှဉ်ပြိုင်မည့် ပအိုဝ့် တိုင်းရင်းသူ မနန်းခင် ဇေယျာအား ပြိုင်ပွဲ ဝင်ရောက်ခွင့် ရပုံနှင့် ပြိုင်ပွဲ အခြေ အနေ
များကို တွေ့ဆုံ မေးမြန်းပြီး ဖော်ပြ လိုက်ပါသည်။

မေး - ကိုယ်ရေးအကျဉ်းလေး မိတ်ဆက်ပေးပါဦး၊

ဖြေ - ကျွန်မ နာမည် မနန်းခင် ဇေယျာပါ၊ အသက်က ၂၃ နှစ်၊ ပညာ အရည်အချင်းက LL.B ဥပဒေဘွဲ့၊ လူမျိုးက ရှမ်းပအိုဝ့် ဖြစ်ပြီး ဂျာမန်- အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်ပါတယ်။

မေး - ပြိုင်ပွဲ ဝင်ဖြစ်ပုံလေး ပြောပြပါ။

ဖြေ - ၂ဝ၁၂ ခုနှစ် မတ်လက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်က ကျင်းပတဲ့ Miss Myanmar International 2012 ပြိုင်ပွဲမှာ Miss Myanmar International Crown ဆုရရှိခဲ့ ပါတယ်။ အဲဒါနဲ့ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် ကနေတစ်ဆင့် ဂျပန်မှာ ကျင်းပတဲ့ ပြိုင်ပွဲဝင်ဖို့ ဖြစ်ခဲ့တာပါ။

မေး - ပြိုင်ပွဲဝင်ဖို့ ကြိုတင် ပြင်ဆင်မှု အနေနဲ့ ဘာတွေလုပ်ထား ပါသလဲ။

ဖြေ - ပြိုင်ပွဲဝင်ဖို့ စက်တင်ဘာ ၂ ရက်နေ့က ကမ်းလှမ်းခံရ ပါတယ်။ စက်တင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ဗီယက်နမ် နိုင်ငံ ဟိုချီမင်း မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် International Travel Expo ခရီးသွား ပြပွဲဖွင့်ပွဲ အခမ်း အနားလည်း မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ဖျော်ဖြေခဲ့ရ ပါသေးတယ်။ ကြိုတင် ပြင်ဆင်ဖို့ အချိန်တော့ အရမ်းနည်း ပါတယ်။ ဒါပေမဲ့ ကျွန်မက ဂျာမန်နဲ့ အင်္ဂလိပ် ဧည့်လမ်းညွှန် လုပ်တော့ ကိုယ့်မြန်မာ နိုင်ငံ သမိုင်းကြောင်း၊ မြန်မာ့ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာရေးက အစ နိုင်ငံခြားသား တွေကို ရှင်းပြရတဲ့ အလုပ် လုပ်တာ လေးနှစ်ကျော် ငါးနှစ် ရှိခဲ့လို့ သိပ်တော့ မစိမ်းပါဘူး။ ဘဝ ရပ်တည်ရေး အတွက် ပညာရပ်တွေ လေ့လာ ဆည်းပူးတာတော့ အဆက်မပြတ် လုပ်ခဲ့ပါတယ်။

မေး - ပြိုင်ပွဲမှာ ဘယ်လို ပုံစံမျိုးနဲ့ ဝင်ပြိုင်မလဲ။

ဖြေ - ပြိုင်ပွဲမှာ မြန်မာ့ ယဉ်ကျေးမှု ဝတ်စုံနဲ့ ဆွမ်းတော်အုပ် ပိုက်ပြီးပြိုင်မယ်။ ပြီးတော့ ရှမ်းသီချင်းနဲ့ ဖျော်ဖြေမယ်။ ညနေခင်း ဝတ်စုံကိုတော့ ကချင်ရိုးရာ ဝတ်စုံ ဝတ်ပြိုင်မယ်။ ပြိုင်ပွဲဝင် ဝတ်စုံတွေ ကိုတော့ ပြည်စိုးအောင်၊ မမမဉ္ဇူ (Zu Zu Collection) နဲ့ မသွင်စုထွေး တို့က ပံ့ပိုးပေးထား ပါတယ်။

မေး - ပြိုင်ပွဲဝင်ဖို့ ဘယ်သူတွေ ပါသေးလဲ။ ဂျပန်မှာ ကျင်းပမယ့် ပြိုင်ပွဲအခြေ အနေလေး ပြောပြပေး ပါဦး။

ဖြေ - ကျွန်မ တစ်ယောက်တည်း သွားရမှာပါ။ ဂျပန်မှာ တစ်လလောက် Camp ဝင်ရဦးမယ်။ Camp ထဲ ဘယ်သူမှ ဝင်ခွင့် မရလို့ တစ်ယောက်တည်း သွားမှာပါ။ ပြိုင်ပွဲကို နိုင်ငံပေါင်း ၅ဝ ကျော်က ပြိုင်ပွဲဝင် ၇ဝ ကျော် ဝင်ရောက် ပြိုင်မယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံကတော့ ကျွန်မ တစ်ဦး တည်းပဲပေါ့။

မေး - ဆုရဖို့ရော နီးစပ် နိုင်ပါ့မလား။

ဖြေ - ဆုရတာ မရတာ ကတော့ ကံတရားပေါ့။ ကျွန်မကတော့ အစွမ်းကုန် ကြိုးစားမှာပါ။ ကိုယ့်ကြောင့် ကိုယ့်နိုင်ငံ သိက္ခာ မကျစေရ ပါဘူးလို့ အာမခံရဲ ပါတယ်။ ကိုယ့်နိုင်ငံ Image တက်အောင် အတတ်နိုင်ဆုံး ကြိုးစားမှာပါ။ ပြိုင်ပွဲက ရုပ်ရည် လှပရုံသာ မက ဗဟုသုတ အရည် အချင်းပါ ပြည့်ဝရမယ့် အပြင် ပရိသတ် တွေရဲ့ မဲပေး ရွေးချယ်မှု ကလည်း အရေး ပါတာမို့ ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အချက်တွေကို www. miss International.org မှာ ဝင်ရောက် လေ့လာပြီး ကျွန်မကို မြန်မာပြည် ကနေ မဲပေး ကြပါလို့ မေတ္တာရပ်ခံ ပါရစေရှင့်။

http://myawady.com.mm/index.php/all-news/local-news/--miss-international-2012-----

ယခုပြိုင်ပွဲတွင် ထူးခြားသည့် ဆုတခုမှာ Miss Internet ဆုဖြစ်ပြီး အဆိုပါဆုအတွက် အွင်လိုင်းပေါ်တွင် မိမိကြိုက်နှစ်သက်သော သူကို ရွေးချယ် မဲပေးရမည်ဖြစ်ပြီး မဲအများဆုံးရသည့် အလှမယ်မှာ ၎င်းဆုကို ရရှိမည်ဟုသိရသည်။ (Poll Link – http://poll.pollcode.com/u7r1ht )
— with Moe Myint, Aung Thu, Purewhite White, Nang Leng Noom, Thu Ya Maung and Thet Tin Kha.

  • Myoe Chit Shwebo ဒါလာမြန်မာ..အရှက်မရှိ ..
  • Lin Aung သူများကို အဲလိုမပြောပါနဲ့..
  • Zaw Lwin အောင် မြင်ပါ စေ
  • Rota Chua ဘယ်မှာ လူနည်းစု တိုင်းရင်သားတွေ အဖိနှိပ်ခံနေရလို့လည်းကွယ်....
  • ပန်းနွယ်က စိမ်း ဘာအရှက်မရှိဘူးတုန်း နိုင်ငံတကာနဲ့ယှဉ်နေတာ အလေလိုက်နေတာမဟုတ်
    ဘူးလေ ....။
  • Thida Oo နိုင်ငံတကာကကျင်းပတဲ့ပြိုင်ပွဲကိုသွားပြိုင်ရမယ့်သူမှာ သူတို့နိုင်ငံရဲ့ပြိုင်ပွဲစည်းကမ်းအတွေ/အချက်လက်တွေအတိုင်းပြိုင်ပွဲဝင်ရမှာပါ တစ်ဖက်သက်တော့အပြစ်မမြင်စေချင်ပါဘူး။ရေကူးဝတ်စုံဝတ်လို့အရှက်မရှိဘူးလို့ပြောတာဆိုရင် မြန်မာနိုင်ငံမှာအခုအဒါမျိုးတွေ/အဲဒီထက်မကဆိုးတာတွေအများကြီးပါ။(တောင်းပန်တယ်နော် ) အနုပညာရှင်တွေထဲမှာကို ယိုသူမရှက်မြင်သူရှက် တွေ အခုဆိုရင်တောင်လိုပုံနေပါပြီ၊နိုင်ငံကိုယ်စားပြုပြီး သွားယှဉ်ပြိုင်မဲ့သူကို အားမပေးချင်နေပါ /အဆိုးတော့မမြင်စေချင်ပါဘူး၊(မြန်မာနိုင်ငံမှာအခုဆိုရင် သိကြမှာပါလေ ပြောနေစရာတောင်မလိုလောက်ပါဘူး မိန်းကလေးတွေဖော်မှလှတယ်ထင်ပြီးဖော်နေကြတဲ့ခေတ်ဆိုတာလေ) ဖော်တာချင်းအတူတူ နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ပွဲသွားပြီးဖော်တာကို အပြစ်တင်မစောကြပါနဲ့လို့။
  • Pyar Tho နိုင်ငံဂုဏ်ကိုဆောင်နိုင်ပါစေ ၊
  • Kalay Lu အင်တာဗျူဝါ က မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ဘာအခက်အခဲတွေရှိလဲဆိုတဲ့မေးခွန်းလေးပါပါရင်ကောင်းမှာ။အောင်မြင်ပါစေ
  • Kyithar Soe အောင်မြင်ပါစေ နိုင်ငံကိုယ်စားပြုပေါ့။
  • Soulz Breakz vote point 4144 phyit twar par p
  • Ma Theint Theint မြန်မာအမျိုးသမီးတယောက်အနေနဲ့ အောင်မြင်ပါစေရှင်
  • AK Thaw ဘယ်မှာ မဲသွားပေးရမှာလဲ ပြောပြပေးပါလား
  • Myat Pwint Aye အားပေးပါ့မယ်....ညီမအတွက်လည်း ဂုဏ်ယူပါတယ်...ကြိုးစားထားပါ....မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေပိုက်ပြီး ဂုဏ်ယူစွာနဲ့ပြန်လာနိုငပါစေလို့..ထပ်ဆင့် ဆုတောင်းပေးလိုက်ပါတယ်
  • မင်း မိုးခိုင် ဆု မရရင်နေပါစေ မြန်မာ ကိုကဗ္ဘာကသိရင် ကြိုစားရကျိုးနပ်ပါစေ
  • Nay Min ဒီမှာ မဲပေးပါ http://poll.pollcode.com/u7r1ht
  • Mgmg Ayethar ပေးပြီးသွားပြီ..
  • Naytoe Waizaw အမိမြန်မာကိုဆုတံဆိပ်ပိုက်ပြီးပြန်လာနိုင်ပါစေ...!
  • Zaw Oo နိုင်ငံကိုယ်စားပြုကမ္ဘာရင်ဘောင်တန်းပြီးဝင်ပြိုင်နိုင်တာကိုဘဲဂုဏ်ယူနေပြီ ဆက်ပြီးကြိုးစားပါ ဆုပိုက်ပြီးပြန်လာမယ်ဆိုတာသိတယ်
  • Prince Jali မြန်မာလူမျိုးတွေမှာဘယ်လောက်အရေအချင်းရှိိတယ်ဆိုတာ. ပြလိုက်စမ်းပါ.
  • Htun Than မျှော်လင့်နေမယ်
  • Swezin Win တော်လိုက်တာ ကောင်မလေးရယ်
  • Nay Wyun 100% Vote .. ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် .. ဆုမရလည်း အားပေးတယ် .. ဆုရရင်တော့ အတိုင်းထက်အလွန်ပေါ့ ..
  • Nialler's Love သူများကအရည်အချင်းရှိလို့နိုင်ငံတကာနဲ့သွားပြိုင်ရမှာလေ...အရှက်မရှိတာကဘယ်သူဆိုတာကိုယ့်ဘာသာသိရင်ကောင်းမယ်ထင်တယ်...btw,i'll vote u sis...
  • Aung Thu ဂုဏ်ယူပါတယ် မနန်းခင်အတွက်
    နိုင်ငံ ဂုဏ်ကိုမြှင့်တင်ပေးပါ
  • Right Raw Fighting.........
  • Wathan Hlaing အားပေးနေမယ်နော်...........
  • Win Win Thu Zar ဆုရတာမရတာနောက်ထား ခုလိုဝင်ပြိုင်နိုင်တာ နည်းတဲ့အနေအထားလားနော့...တို့မြန်မာတွေ Vote ကြတာ..5071 votes ရှိပြီ..မျိုးချစ်စိတ်နဲ့အားပေးကြတာ ဘယ်လောက်တောင် ၀မ်းသာ အားရဖို့ကောင်းလိုက်သလဲလို့... :))
  • Maungmaung Thargyi ကမ္ဘာနဲ့ ယှဉ်တာမို့  မေ့သင့်တာကိုမေ့ထားရမှာပဲ။

    အိမ်သာတက်ရင်ရော ထိုင်မသိမ်းဝတ်ပြီးတက်ရမဲ့ပုံ
  • တစ်ကိုယ်တော် ရေးတဲ့ အေဘီစီဒီ အောက်လိုက်တဲ့ အတွေးပဲ ဝါးလုံးခေါင်းထဲ လသာပီး မနာလိုတာ သိသာတယ်
  • သူသူ ကို တော်လိုက်တာအဆင်းကောအချင်းပါရှိမှပြိုင်ရတာပါလားဆုတစ်ခုသေချာပေါက်ရမှာပါ မြန်မာနိုင်ငံကိုယ်စားဂုဏ်ယူပါတယ်
  • Inlay Mg အောင် မြင် ပါစေ ဗျား
  • Min Min အရှက်မရှိ ဘူးလို့ ပြောတဲ့ကောင်က အဆင့်မှမရှိတာ
  • Khunmetta Taunggyi ဆုတစ်ခုခုတော့ ရခဲ့မယ်လို့ ယုံကြည်ပေးပါတယ်ဗျာ..
  • ကိုကို ဂျူနီယာ မြန်မာနိုင်ငံကိုယ်စားပြုMissတစ်ယောက်အတွက်ဂုဏ်ယူပါတယ်။အောင်မြင်ပါစေလို့လည်းဆုတောင်းပေးပါတယ်။:))
  • တပ်ရှုပ်ကြီး ဂျူနီယာ Myoe Chit Shwebo ဒါလာမြန်မာ..အရှက်မရှိ ..
    6 hours ago · Like · 1 <<< ဟိုးအရင်တုန်းကဆို မြန်မာအမျိုးသမီးဆိုတာ ရင်စည်းတောင် မရှိဘူး ... မိုက်မိုက်ရိုင်းရိုင်းပြောရရင် နို့က ဒီအတိုင်းကို ဘလဗိုင်လိုက်နေတာ ... အဲ့ဒါရော အဆင့်အတန်းရှိ ယဉ်ကျေးတဲ့ မြန်မာလား ... မြန်မာဆိုတာ လူနေမှု အဆင့်အတန်း မြင့်မားခဲ့တဲ့ အမျိုးလား ... လူသားမဆန် ၀ါးလုံးနဲ့ တံကျင်းလျိုပြီး ကားစင်တင် မသေမရှင်ကိုမှ မီးရှို့သတ်တာ ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားတာလား ... ခွက်ကြီး မှောက်မထားစမ်းပါနဲ့ ရွှေဘိုသားရယ် .... ဟစ် ဟစ်
  • La Yaoung အောင်မြင်ပါစေဆုတောင်းပေးပါတယ်
  • Genie Mary vote hma myanmar a myar sone bae kyi lite kya bar own
  • Genie Mary arr pay bar tal
  • Ko Nyi Nyi ပြန်ရောက် ရင် ရွှေဘိုသနပ်ခါးတုံး လက်ဆောင်ပေးမယ်
  • Khun Yewin a wot ba lar nea. Pon ko tway. Daw. nang ko mone: mi twar dar a man bel dar pay mea. Nan ko chit bar dal .ae/ dar gyi online por ma tin tin. Boo kwar
  • Genie Mary http://www.flickr.com/photos/64086169@N03/sets/72157631640709082/ the vote will start on 8 oct 8 am and end on 19 oct 10 pm plsss vote for her
  • Zi Za War Lovely girl. Be successful !
  • Khant Khant Ko Good I proud for you.
  • Khun Myo ရှမ်းလားပအိုဝ်းလား မကွဲပြားဘူးဗျာ..".မြန်မာတိုင်း"မှာရေးထားတာ ရှမ်း..တဲ့ Face book မှာတော့ ပအိုဝ်းတဲ့...ခုလည်း"မြဝတီ"မှာ ရှမ်းပအိုဝ်းတဲ့...ရှပ်နေတာဘဲဗျာ..."ပအိုဝ်း"ဆိုတာကို ဘယ်တော့မှရဲရဲဝံ့ဝံ့ပြောကြရေးကြရမလဲမသိတော့ဘူး...
  • Takanori Horoshi မေးတဲ့လူကလဲဆုရဖို့နီးစပ်နိုင်ပါ့မလားတဲ့ ,, ဖနောင့်နဲ့ပေါက်ခြင်စရာကြီး !!!! မူးပေးအောင်မြင်ပါစေ :)
  • Yamin Eizali ဒီပုံကိုကြည့်ခြင်းဖြင့်မြန်မာမိန်းခလေး တွေကျန်းမာေ၇း.အလှပလိုက်စားဖို့အတုယူ သင့်တာပေါ့။
  • ဗညား ခမ်းလှိုင် နန်းခင်လေးကို miss myanmar internationl မှာ တကည်းက သတိထားမိတယ်၊ အင်္ဂလိပ်စကား ကျွမ်းကျင် ပိုင်နိုင်စွာ ပြောနိုင်သည် တော်တယ်။ ရုပ်ရည်လည်း ချစ်စရာ ကောင်းတယ်။ ဒီလိုမျိုးပွဲ မြန်မာတွေ ပြိုင်ခွင့်ရတာ နည်းတဲ့ အဆင့်လား အပြည့်အ၀ အားပေးတယ် ဆုတစ်ခုခု ရပါစေဗျာ။ 'ဆုရဖို့ရော နီးစပ်နိုင်ပါ့လား" တဲ့ အင်တာဗျူး မေးပုံက သိပ်မဟုတ်သေးဘူး .....။ ဒါပေမယ့် ဖြေသွားပုံလေး သဘောကျတယ် ဒီလိုပဲ ဖြစ်ရမယ် ဘယ်သူတွေ ဘာပြောပြောပါ ကြိုးစားပါ မြန်မာ ဆိုတာ လူတွေ သိသွားအောင် လုပ်ပြလိုက်စမ်း နန်းခင်လေး .... :)
  • War War Chan Congulation sister!
  • ခိုင် ရတီ ဆုရဖို့ရော နီးစပ် နိုင်ပါ့မလား။
    Wrong Question................
  • Si Hom fighting ... Nang Khin Zayar ... we will vote for you ... :)
  • Nay Chi ဆုမရရင်လဲအတွေ.အကြုံပေါ. မြန်မာကိုတော.နိုင်ငံတကာကသတိထားမိတာပေါ.နော် အကောင်းဆုံးတော.မျှော်လင်.ကြ အဆိုးဆုံးတွက်လဲပြင်ဆင်ထားကြပေါ.ဟာ အားပေးရမှာကမြန်မာနိုင်ငံသားတိုင်းရဲ.တာဝန်ပါ
  • San San Myint လေးစားပါတယ်ညီမလေး..ဆက်ကြိုးစားပါ
  • Heineinaung Love www. miss International.org မှာဘယ်လိုမဲပေးရမှာလဲ လူပိန်းနားလည်အောင်ရှင်းပြပေးပါ။ကျေးဇူးပြုပြီးပြောပေးပါ။မဲပေးချင်လို့ပါ။
  • Chit Thinzar Phue Wai http://poll.pollcode.com/u7r1ht မှာမဲပေးလို့ရပါတယ်
  • Zar Ni အားပေးတယ်ညီမ.....ဆုရရ မရရပါ....မြန်မာနိုင်ငံမှလည်း မယ်နိုင်ငံတကာ၂၀၁၂ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အရည်အချင်းမှီတဲ့ မယ်ရှိတယ်ဆိုကတည်းကိုကနိုင်ငံအတွက်အတော်လေးကိုဂုဏ်ယူဖို့ကောင်းနေပါပြီ......ဘာဆုစကားတွေပြောနေကြတာလဲ.....အဲ့လောက်တောင်ဆုကိုမက်မောနေကြရင် ကိုယ် ကိုယ်တိုင်အရည်အချင်းမှီအောင်အရင်လုပ်ပြီး သွားပြိုင်ကြဟ......ဒီအချိန်မှာသူစိတ်ချမ်းသာအောင် ညီမရေ ဆုမရခဲ့ရင်လည်းစိတ်ထဲမှာမထားပါနဲ့ပြုံးပြုံးလေးသာနေဆိုပြီး အားပေးရမှာကို ဘယ်နှယ့် Pressure တွေချည်းပေးနေကြတာတုန်း.
  • မြ၀တီ ယခုပြိုင်ပွဲတွင် ထူးခြားသည့် ဆုတခုမှာ Miss Internet ဆုဖြစ်ပြီး အဆိုပါဆုအတွက် အွင်လိုင်းပေါ်တွင် မိမိကြိုက်နှစ်သက်သော သူကို ရွေးချယ် မဲပေးရမည်ဖြစ်ပြီး မဲအများဆုံးရသည့် အလှမယ်မှာ ၎င်းဆုကို ရရှိမည်ဟုသိရသည်။ (Poll Link – http://poll.pollcode.com/u7r1ht )
    poll.pollcode.com
    ‎1. Myanmar - 3,085 votes2. Guatemala - 774 votes3. Philippines - 416 votes4. Po...See more
  • Paing Ye Thu ကြိုးစားပါမမ
  • Paing Ye Thu ဂုဏ်ယူပါတယ်
  • Ko Win ဂုဏ်ယူပါတယ် နန်း
  • Snow Queen ဆုရပါစေလို့...ဆုတောင်းပေးနေမယ်နော်..
  • Nannkhinmar Soe အားပေးဦးမှာ.....ညီမှာလေးရေ...ဂုဏ်ယူတယ်...
  • Hlwan Moe ညီမလေး လို့ လုပ်ပါဟာ ... >_<
  • Ko Ohnthein ဘု၇ားပါ၇င်အားလုံးအောင်မြင်တယ်မမေ့နဲ့ နော်
  • Nannkhinmar Soe white lie ကိုသိလား.....
  • Hlwan Moe တိဘူးတိဘူး ဓါတ်ဘူးကိုပဲ တိဒယ် .... >>>> Nannkhinmar Soe<<<<
  • Yu Yu Khaing Myanmar girl's beauty and talent! We proud for you Nang. ♥ ya.
  • Nilar Tun Look so sweet , beauty n talent. Proud for u. Want to be my sis.
  • Thin Thin Su confident သိပ်ရှိတယ်။ အားပေးနေပါတယ်။ Fighting!
  • Myo Min Cheer Miss !!! 12623 voted to you out of 14309 voting.....
  • Nang Shwe Thein Fighting Miss Myanmar!!!
  • Thida Dae We fighting!my fri........
  • Chothe Cho good luck nan.
  • Nyoblue Black တို.၇ှမ်းပြည်တို.လူမျိုး
  • Paw Htun Min very pretty girl
  • Kaung Khant Kyaw Si Thu ဒီဗွီဒီယိုကိုကြည့်ကြည့်ပါ ထိုင်းဘုန်းကြီးနဲ့ စစ်သားကိုပါသေနပ်နဲ့ ပစ်တဲ့ ခွေးကုလားတွေ။

    http://www.youtube.com/watch?v=hAMtsY8tWmg&feature=youtube_gdata_player
  • Sun Oscar have a good result in competition! great good luck will touch on you! Have a wonderful time in Japan.
  • Myo Myint Oo ဂုဏ်ယူပါတယ်..
  • Sandar Myint ဆုရအောင်ကြိုးစားပါ။အားပေးနေမယ်ညီမလေးနန်း။
  • Sa Do hi lovely.

No comments: