Sunday 23 September 2012

လှိုက်လှဲသော အပြုံးများ

အခြားသော ပြည်သူလူထု အပေါ် မည်သို့ဆက်ဆံပြုမှုနေပြီ ဆိုသည်ကို အသေးစိတ်တော့ မသိပါ။ ကျနော်တို့ပေါ် ဆက်ဆံမှုကတော့ ရဲစခန်း ရောက်နေသည်ဟုပင် မထင်ရအောင် ဖေါ်ရွေလှပါသည်။ မြို့နယ်မှူး ကိုယ်တိုင်ပင် လှိုက်လှဲသော အပြုံးများ ဖြင့် ကြိုဆိုပါသည်။ ဘယ်လိုပြောပြော အရင်ကနှင့် မတူတော့သော ခေတ်သစ် အတွက် ပြည်သူ့ရဲတပ်ဖွဲ့ အဖွဲအစည်းသည်လည်း ပြောင်းလဲမှုများဖြင့် အသွင်ပြောင်းလာလိမ့်မည်ဟု မျှော်လင့်ပါသည်။


  • Wai Lin မရလို့ပါ....
  • ကီမို သက် အဲလိုမျိုးရဲတပ်ဖွဲ့ကိုနေရာတိုင်းမှာမြင်ချင်လှပါပြီ
  • Kyar Ni Kan ချီးကျုးမစောသင့်ပါ ကိုနေမျိုးရေ၊အောက်ခြေကျောမွဲတွေကိုတော့ ဒီလိုမဆက်ဆံပါ။
  • Ko Thar Ngel ခရက်ဒစ်ပေး မစောစေချင်း-)
  • Aung Khant ဘာပဲဖြစ်ဖြစ် ဒီသတင်းကြားရတာ စိတ်ချမ်းသာစရာပါ..
  • Lay Maung Khin အဲ့ ဒီ စာရွက် ကြည့်ပြီးရီရတယ် မြို့ ကလဲ Blank တရားသူကြီးနာမည်
    ကလဲ blank, Any way you are safe for now!
  • အဂ္ဂမဟာ မဏိဇောတဓရ သိကြားမင်း အမြဲတမ်းပြုံးနေလိုက်ပါ ~~~~ ရဲမှုးကြီး မင်းမျက်နှာ ~~~~ ဘယာကြော်သည် မမှီနိုင်ဘူးကွာ~~~~~~
  • အဂ္ဂမဟာ မဏိဇောတဓရ သိကြားမင်း အရင်က ရန်ကုန် မန္တလေး ကားစီးရင် တပ်ကုန်း စစ်ဆေးရေးဂိတ်မှာ ခရီးသည်တွေ ကားအောက်ဆင်းပြီး မှတ်ပုံတင်ပြကြရရှာတယ်။ အခုတော့ စစ်ဆေးရေးမှာ ကားပေါ်ကဆင်းစရာမလိုတော့ဘူး ကားပေါ်တက်ပြီး ရိုရိုသေသေ နဲ့ဗျ။ ဘာတွေဖြစ်ကုန်ပြီလဲ ဟဟဟ
  • Yin Latt ကော်ဖီတိုက်လိုက်သေးလားအစ်ကို
  • Peace Myanmar ရယ်ပီးရင်စားတော့မယ်လေ...ငိုစား..ရယ်စားတဲ့
  • Arr Gyi ပိုက်ဆံ ကုန်တာမှတ်လို့ အားလုံး ခပ်ပြုံး ပြုံး နေထိုင်ဆက်ဆံ ကြ၇င် မင်္ဂလာ ရှိ တာပေါ့ ဗျာ...အနိုင်ကျင့် ...၇ဲစခန်းကိုလဲ ..တဆိတ်ရှိ ခဏခဏမခေါ်နဲ့ ဗျာ ..နောင်ကြီးက လူမှုေ၇း လုပ်ဆောင်ချက်ခပ်များများ မို့ လို့ ပါ....
  • Peace Myanmar ခြောက်စား..ဟောက်စားတွေလည်းရှိတုန်းပါ
  • Prince Akarit ပြုပြင်ပြောင်းလဲဖို့ကြိုးစားနေတာ ကြိုဆိုကြရအောင်ဗျာ...
  • Zaw Neing Linn ရဲကသိနေတယ်..ဒီပုံတွေFBပေါ်ရောက်မယ့်ဆိုတာကို...လ္ဘက်ရည်းဖိုးတောင်းမရဲဘူး....ဟိ...ဟိ..FBကလူတွေထောင်မှာကြောက်နေတာ.....
  • Fuyuan Ke မီးစင်ကြည့်ကတယ်ဆိုရင် ပိုမှန်မှာပေါ့။
  • Ladyaye Aye အရင်ကလဲလာနေကြ အခုလဲလာပြန်ပြီ် နောက်လဲထပ်လာအုန်းမယ်ဆိုတော့ ဖော်
    ရွေတာပေါ့်
  • Dollar Man အကို ရှေ့နှာပဲ ပြုံးပြီး နောက်ကွယ်မှ နော် သတိတော့ထား take bro
  • Zawlatt Phyo ကျွန်တော်အမြင်နဲ့ အကိုအနေအထားကြောင့်လို့ဘဲမြင်တယ်...လူတိုင်းကိုအဲဒီလိုဖြစ်စေချင်ပါတယ်..ကောင်းကောင်းမွန်မွန် စုံစမ်းမေးမြန်းပြီး အပြစ်ရှိတဲ့သူ အပြစ်ရှ်သလောက်.အရေးယူပါ..လက်ခံပါတယ်.။အခုဖြစ်နေတာက မှန်သည် မှားသည် မဟုတ်ဘဲ သူ့နေမြေမှာလူစုရင် ပြသာနာတက်မှာ သူအထောင်းခံရမှာစိုးလို့ လုပ်တဲ့အဆင့်ဘဲရှိတယ်...သူကရောဘာလို့ကြောက်လဲဆိုရင်တော့ အထက်ကဆိုတာကြီးကြောက်လို့ပါဘဲ....
  • Peace Myanmar https://www.facebook.com/honeyhoneymelody/posts/346612165428072?ref=notif&notif_t=share_comment ကျွှန်တော်တို့လည်းသာဓုခေါ်ပါတယ်၊ဒါပေမဲ့ တူညီဝတ်စုံနဲ့ စီတန်းလှည့်လည် ဖို့ခွင့်ပြုမထားရင်၊ စာမတင်ရင် ဥပဒေအရ အရေးယူရမှာလို့ ပြောချင်ပြောနေဦးမှာ..
  • Nan Da ဒီမိုကရေစီစနစ်ကိုအကောင်ထည်တည်ဆောက်ရာမှာကောင်းသော
    ပြုပြင်ပြောင်းလဲတာတွေကိုကြိုဆိုပါတယ်။အဓိကကပြောင်းလဲရဲဖို့ပါ
    ကွက်ကြားမိုးတော့မဖြစ်ဖို့လိုတယ်…အားလုံးတန်းတူပေါ့…
  • David Aung ဒီ ခလေး အော်လို့ငို။
    နို့ဆာလို့ ဆို။
    အော် ပြန်ပြီ ဒီခလေး။
    နို့ဆာလို့လေး။
    အော်ဘာ နဲ့ ခလေး ရယ်။
    မေကြီး ရိုက်လိမ့်မယ်။
    အော် မှာဘဲ။ ငိုမှာဘဲ။
    မေကြီး နို့ဖျော်ဆဲ။ ။ (ဒေးဗစ်အောင်)
  • Aungmyo Tun Nay Myo Zin ရေ..။ ခင်ဗျားတို့ အပေါ် ပြုံးပြုံးရယ်ရယ် ဆက်ဆံလိုက်တာနဲ့  တပြည်လုံးကို ပြုံးပြတော့မယ်လို့  သိမ်းကျုံး မမှတ်ယူစေချင်ဘူး။ ကောက်ချက်တွေ အစွဲ မလွန်စေချင်ဘူး။ သတိထားပါ။ စစ်ဝါဒီတွေရဲ့  ခွဲခြားဆက်ဆံတတ်ခြင်း ဖြားယောင်းမြှူဆွယ်တတ်တဲ့ ပရိယယ်အောက်မှာ နွံနစ်မသွားစေချင်ပါ။
  • Inter Thet ပျော်နေတာ အမှန် ၊ ကျွန်တော်ဖြေတာ အကန်၊
  • Arr Gyi ၇ဲတွေဘယ်လောက်ထိ ဆက်ပြုံးနိုင်ကြမလဲ....ရုန်းတဲ့ သူတွေကတော့ ..ရုန်းကြမှာနော့ ...တစ်ဖက်နဲ့ တစ်ဖက် တော့  အမြင်မစောင်းကြဘဲ ..တာဝန်အ၇ လုပ်ထာပါဆိုပြီး ...အနိုင် တော့ မကျင့် ကောင်းပါဘူး.....See More
  • Myint Ko Ko Mg လူပေါ်လိုက်ပြီး ပြောင်းလဲကျင့်သုံးတဲ့ ရဲကျင့်ပါအကို ကျွန်တော့်အဖိုးက ရဲအုပ်စခန်းမှူး နဲ့ အငြိမ်းစားပါဗျာ ပိုသိပါတယ် ရဲအကျင့်
  • Nay Myo Zin ကျနော်ပြောတဲ့အထဲမှာ သာမန်ပြည်သူများအပေါ်ကိုပါ ဒီလို ပြုမူဆက်ဆံလာစေချင်တဲ့ ဆွဲဆောင်မှု ပါပါတယ်။ ဒီလို ခွဲခြားဆက်ဆံတတ်တဲ့ ရ/ဲကျင့် ရဲကြံစိတ်ကိုပါ ပြောင်းလဲ ပစ်နိုင်အောင် မီဒီယာ နည်း လူထုနည်းတွေနဲ့ ကျနော်တို့ ဆက်ကြိုးစားသွားမှာပါ
  • David Aung တစ်တောဝင်။တစ်ရောင်ပြောင်း။
    ပုတ်သင် ညို၊ ဖိုးဉာဏ် ကောင်း။
    ညောင်မြစ်တူး။ညောင်မြစ်လှန်။ဥဘာမချန်။
    မူကိုလှန် ၊ လူကို ချန် ။
    စံနစ် မှန် ၊အသစ် ဖန်။ဥပဒေ ပြဋ္ဌာန်း။
    ပြည်သူ တို့တွက် ဒီမို ကရေစီ လမ်း ။ ။ (ဒေးဗစ်အောင် )

No comments: