
မနက်ဖြန် နေ့လည် နှစ်နာရီကျော်တွင် ကျနော် နေမျိုးဇင်အား နောက်ထပ် ထပ် ဖိတ်ဖေါ်လာသော ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ခံ ပြည်သူ့ရဲတပ်ဖွဲ့ ရဲစခန်း ငါးခုအား သွားရောက်တွေ့ဆုံရပါအုံးမည်။ မငြိမ်းချမ်းသေးသော ငြိမ်းချမ်းရေး လှုပ်ရှားမှု နောက်ဆက်တွဲ အဖြစ် ဆယ်ခုမြောက်သော ရဲဌာနများ သို့ အလည်တခေါက် စီ ရောက်သွားပါအုံးမည်။
မိမိတို့သည် တိုင်းပြည်အတွက် ဆူး ။ ညှောင့် ခလုပ်ကန်သင်း မဟုတ်ပါ။ ပြည်သူလူထု တရပ်လုံး အတွက် အစွမ်းရှိသမျှ ပေးဆပ်ကြိုးပမ်း မျိုးဆက်သစ်တို့ တိုးတက် အမြင့်လှမ်းနိုင်ရေး လုပ်ဆောင်နေသူများသာ ဖြစ်ပါသည်။
မနက်ဖြန် နေ့လည် နှစ်နာရီ ၀န်းကျင်တွင် ဗဟန်း ရွှေဂုံတိုင် ရဲစခန်းတွင် ငြိမ်းချမ်းရေး နေ့ လှုပ်ရှားမှု အတွက် ခေါ်ယူစစ်မေး တရားစွဲဆိုရန် ဆင့်ဆိုစာ လက်မှတ် ခံဝန် ကို ထိုးရန် သွားရောက်ရမည်ဖြစ်ပါသည်။
ထို အချင်း အရာများကို လေ့လာသုံးသပ်ပြီး မြန်မာပြည်ဧ။် ယနေ့ ခရီးသည် ငြိမ်းချမ်းခြင်း မရှိသေး၊ ငြိမ်းချမ်းခြင်း မရသေ။ ငြိမ်းချမ်းရေးသို့ လှမ်းချီမည့် ခရိးစဉ်တွင် ဟန့်တားနှောင့်ယှက်လိုသူများ ရှိနေသေးကြောင်း အလိုလို ဖေါ်ပြနေသကဲ့သို့ ရှိပါတော့သည်။
မနက်ဖြန် စက်တင်ဘာလ 26 တွင် ငြိမ်းချမ်းရေး တောင်းဆိုမိသော အမှုဖြင့် ဗဟန်း ရဲစခန်း အပါအ၀င် အခြား စခန်း လေးခု မှ တာဝန်ရှိသူများနှင့် တွေ့ဆုံရေး သွားရောက်ပါမည်။
No comments:
Post a Comment