Monday 24 September 2012

မြန်မာနိုင်ငံမှ ဂရု Rapper နှစ်ယောက်ရဲ့ ချဉ်းကပ် ရပ်တည်ပုံချင်း ကွာခြားပုံ......



ဇေယျာသော်ရဲ့ ချဉ်းကပ်ရပ်တည်ပုံကို ကျွန်တော် ကိုဖိုးတရုတ် အပြည့်အ၀ ထောက်ခံအားပေးပါတယ်။ ဒါကြောင့် ဒီပုံကို Like လုပ်ပါတယ်။ ထောင်ချခံရကာ နေပြည်တော်မှာ NLD အမတ်အဖြစ် သတ္တိရှိရှိ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သူ့ရဲ့ ပေးဆပ်အနစ်နာခံ ကြိုးစားအောင်မြင်ခဲ့တာကို လေးစား ဂုဏ်ယူလို့ မဆုံးပါဘူး။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ချဉ်းကပ်ရပ်တည်
ပုံကို ကြည့်ရတာ ရွှေဥာဏ်တော် ဆူးရောက်သွားတာလား၊ တခါစား အိယောင်ဝါး မေးပြော ခေါ်ထူးလား၊ ငါးသားလောက်လို ပေါင်းစားချင်လို့လား အစရှိသဖြင့် တွေးတောစရာတွေ ရှိပါတယ်။

ကြုံတုံး စိုင်းစိုင်းဘေးနားက နေရွှေသွေးအောင် (ခ) ဖိုးလပြည့်အကြောင်း ကျွန်တော့် ကိုယ်တွေ့ ပြောပြပါဦးမယ်။ သူငယ်ငယ်က ကျောင်းတက်တဲ့ ပြည်လမ်းရှိ ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးကျောင်း (မြန်မာ့အသံ ရုပ်မြင်သံကြားရှေ့) က အဖြစ်အပျက်လေးတွေပေါ့။ သီတင်းကျွတ်မရောက်ခင် အထက်တန်း ဂ/၉/၁၀ တန်းတွေရဲ့ အတန်းလိုက် ဘောလုံးပြိုင်ပွဲ ကျင်းပပါတယ်။ အဲဒီအချိန် ဘောလုံးကွင်းနားက မိုးလုံလေလုံ အားကစားကွင်းနားမှာ ကျောင်းအုပ်ဆရာကြီးနဲ့အတူ ကျွန်တော် ထိုင်နေပါတယ်။ ရုတ်တရက် အဲဒီ ဖိုးလပြည့် ရောက်လာပါတယ်။ ဘေးနားမှာလည်း ခုံမရှိပါဘူး။ ကျွန်တော်က ကျောင်းအုပ် ဆရာကြီးရဲ့ အခြေအနေကို အရိပ်အခဲ မျက်ခြေမပြတ် စောင့်ကြည့်နေပါတယ်။ ဖိုးလပြည့်က ဟိုကြည့် ဒီကြည့်နဲ့ ထိုင်ခုံရှာတာဘဲလား၊ ဒါမှမဟုတ် သူ့အတွက် ခုံဘဲ ယူပေးရမလားဆိုတဲ့ အနေအထားလေးနဲ့ လှုပ်ရှားနေစဉ် ကျောင်းအုပ်ဆရာကြီးက ရုတ်တရက်ထပြီး သူထိုင်တဲ့ခုံကို ဖိုးလပြည့်ဆီ တန်းပေးလိုက်ပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်တော်လည်း ကျောင်းအုပ်ဆရာကြီးကို လုံးဝ လေးစားမှု မရှိတော့တဲ့အပြင် ဖိုးလပြည့်ရဲ့ ပါဝါကိုလည်း လက်ခံသွားခဲ့ရပါတယ်။

ဇေယျာသော်နဲ့ စိုင်းစိုင်းတို့က သူစိမ်းတွေ မဟုတ်ပါဘူး။ ၂၁ ရာစု မြန်မာနိုင်ငံမှာ Hip Hop ဂီတကို စတင်မိတ်ဆက် သီဆိုခဲ့ကြတဲ့ Rapper တွေ ဖြစ်တဲ့အပြင် သူငယ်ချင်း အရင်း ခေါက်ခေါက်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အမြင်အယူဝါဒတွေ ကွဲပြားခြားနားတဲ့အတွက် နောက်ပိုင်း အချင်းချင်း အခေါ်အပြော အမေးအမြန်းတောင် မရှိသလောက် တော်တော် ရှားပါးသွားပါတယ်။

သူငယ်ချင်းတို့ရော ဘယ်သူ့ရဲ့ ချဉ်းကပ်ရပ်တည်ပုံကို သဘောကျလဲ။ ဇေယျာသော်ရဲ့ အမေစုထံ ချဉ်းကပ်ပုံကို သဘောကျ အားပေးတယ်ဆိုရင် Like လုပ်သွားဖို့ မမေ့ပါနဲ့။ တကယ်လို့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ချဉ်းကပ်ရပ်တည်ပုံ အားကျမယ်ဆိုရင်တော့ Comment မှာ ပေးခဲ့ပေါ့။
— with Shizuka Honey, Bdc Burma, Millie Moon and 47 others.

  • 136 people like this.
  • Ko Myoe aww... sai sai Dane Daung.....!!!!!!
  • Chitthuco Coco တိုင်းပြည်ကိုအကျိုးပြုတဲ့အနုပညာရှင်နဲ့စားဖားအနုပညာရှင်
  • May Kyi ဓါတ်ပုံတွဲရိုက်တာကိုကြည့်ပြီးလူတစ်ယောက်ကိုဝေဖန်တာတော်တော်လေးစိတ်ပျက်စရာကောင်းတယ်လို့မြင်ပါတယ်
  • Than Too Sai Sai is big pussy !!! Even he dose not have quality to be a Singer and he's the big copy artist. Even he got the fans from his faggot face ..
  • ငထွဋ် ကြီး လူပြိန်းကြိုက်လေးတွေ့
  • Aung Zaw Bo စိုင်းစိုင်းအဖိုးက ရှမ်းစော်ဘွားဆိုလား...
  • Nay Zaw Htet ဓါတ်ပုံတောင်သိပ်မရိုက်ရဲတော့ဘူး တော်ကြာဘေးနားမှာ ခရိုနီ ပုံပါလာလို့ပိုးစိုးပက်စက်အပြောခံနေရဦးမယ် (စိုင်းစိုင်းကိုမကြိုက်ပါ)
  • Thu Maung မဆိုင်တာတွေလျှောက်မရေးသင့်ဘူးနော်
    လူဆိုတာ ကိုယ့်ခံယူချက်နဲ့ကိုယ် ရပ်တည်ကြတာပါ.. စိုင်းစိုင်းခမ်းလှိုင်က
    ဒီပုံကိ ၀တ်မှုံရွှေရည်မွေးနေ့မှာ ရိုက်ထားလေ...သိရဲ့သားနဲ့
    ကိုယ်တစ်ဦးတစ်ယောက် ထင်မြင်ချက်နဲ့ သူတပါး ထိခိုက်အောင်မလုပ်ဖို့
    တောင်းဆိုချင်ပါတယ်... ကိုယ်တင်ပုံကိ ကိုယ်တာဝန်ယူနိုင်လို့လား
    ဘာလို့ အကုန်မတင်ပဲနဲ့ ဖြတ်ပီးတင်တာလဲ......
  • Thu Maung သများဝက်ဆိုက်က ကူးယူတာပဲဖြစ်ဖြစ်.. ကိုယ်တိုင်ဖန်တီးတာပဲဖြစ်ဖြစ်
    ကိုယ့် facebook ကို လူကြီးများဖို့တစ်ခုတည်းဆို၇င်တော့ ခင်ဗျား တော်တော်လေးကိုမှားသွားပီနော်
  • Naing Myint honesty is the best policy..ဘာလို့ အကုန်မတင်ပဲနဲ့ ဖြတ်ပီးတင်တာလဲ......
  • Xeno Eno right Thu Maung ...အဲ့လိုအတင်းအဖျင်းတွေမလုပ်ပါနဲ့...တကယ့်သတင်းဆိုလုပ်ပါ...
  • Chaw Su အခြေအနေတစ်ခုအရ ဓါတ်ပုံတွဲရိုက်တာကို တစ်ခြားသူတွေအတွက်အထင်လွဲစရာဖြစ်ကောင်းဖြစ်နိုင်ပါတယ် လူတစ်ယောက်စာရိတ္တမကောင်းဘူးထင်ရင် မပတ်သတ်တာအကောင်းဆုံးပါ ဘယ်သူပဲဖြစ်ဖြစ်နေရာတစ်ခုမှာ မမှန်ကန်ရင်ဘယ်တော့မှကြာကြာမရပ်နိုင်ပါဘူး ကိုဇေယာသော်ကို အရမ်းကိုလေးစားသလို အရမ်းလည်းဂုဏ်ယူမိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ
  • Hlinn Kyawnaing တက်ဖက်မနင်းမပါနဲ့ မှားသွားလိမ့်မယ်
  • Aung Ko Ko မဆိုးဘူးကျုပ်တို့မြန်မာတွေ စဉ်းစားတက်သွားပြီ
  • Nyein Lin Nay ငပေါကြီးThu Maung ငပေါကြီးThu Maung
  • Phota Yoke ဖြတ်ပြီးတော့လည်း မတင်ပါဘူး။ မူရင်းပုံက http://www.myanmarcelebrity.com/2009/01/myanmar-celebrity-gossip-myanmar.html ဒီမှာပါ။ အဲဒီပုံကို ရိုက်ကူးတာက နေရွှေသွေးအောင်၏ ၁၆ ပြည့်နှစ် ေ

No comments: