Sunday 30 September 2012

တပ်မတော်သား သူငယ်ချင်းတွေနဲ့ စကားလက်ဆုံ

သူတို့သာလျှင် တိုင်းပြည်မှာ အတော်ဆုံး ၊ မျိုးချစ်စိတ် အရှိဆုံး လို့ ကြွေးကြော်ထားတဲ့ တပ်မတော်သား
သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကြတော့ သူတို့ တကယ်တော်မတော် စမ်းကြည့်ဖို့ သတ္တိရှိလားလို့
မေးကြည့်တယ် ။

သူတို့က ဘယ်လို စမ်းကြည့်ရမလည်းလို့ မေးတယ်ဗျာ ။
လွယ်ပါတယ်ကွာ .. စစ်တပ်ကထွက်ပြီး အပြင်မှာ ထွက်အလုပ်လုပ်ကြည့်ပါလို့ ပြောလိုက်တယ် ။
လူတော်သာမှန်ရင် ဘယ်နေရာမဆို အလုပ်မရှားတဲ့ အပြင် မင်းတို့ လက်ရှိရတဲ့ လစာထက်တော့
အများကြီးသာပါတယ်လို့ ပြောတော့ အဲဒီကောင်တွေ အကုန် ပါးစပ်ပိတ်ကုန်တယ် ။

တိုင်းပြည်ဘဏ္ဍာကို အလကား ထိုင်စားပြီး ပြည်သူလူထုကို လက်နက်အားကိုး အနိုင်ကျင့်ဗိုလ်ကျ
အခွင့်ထူးမှန်သမျှ အကုန်ခံစားရတာကို သူတို့ကိုယ် သူတို့ သိပ်တော်တယ်လို့ အခုချိန်ထိ
ထင်ထားတုန်းဘဲဗျာ...by..Burma Thwe's

No comments: