Sunday 30 September 2012

သားရွှေအိုးထမ်းလာသကဲ့သို့


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဒီမိုကရေစီအရွေ့ကို အဓိက ဦးဆောင်ခဲ့သူနှစ်ဦးဖြစ်သည့် နိုင်ငံတော်သမ္မတကြီးနှင့် ငြိမ်းချမ်းရေးနိုဘယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ လေဘာတီခရီးစဉ်အတွင်း တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကို မောင်နှမအကျိုးစီးပွားအတွက် စိတ်ကောင်းစေတနာကြီးစွာ၊ ရိုးသားဖြူစင်ပွင့်လင်းမှုတို့ဖြင့် တာဝန်ကျေပွန်စွာ ဆောင်ရွက်ခဲ့မှုကြောင့် အိုဘားမားအစိုးရအနေဖြင့် မြန်မာ့သွင်းကုန်ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးမှုကို ကြားသိရခြင်းမှာလည်း သားရွှေအိုးထမ်းလာသကဲ့သို့ပင်ဖြစ်ခဲ့ရပါသည်။


ပုဂ္ဂလိကခံစားမှုအနေဖြင့် သန်း ၆၀ သောပြည်သူများနည်းတူ ပြည်ထောင်စုကြီးတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်ပင်သာယာဝပြောရေး၊ လူမှုစီးပွားဘ၀ဖွံဖြိုးရေးတို့အတွက် ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ အဖွဲ့အစည်းအစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲမရှိပဲ ရပ်တည်ချက်မတူပဲ ရည်မှန်းချက်တူသူများအချင်းချင်း ညီညွတ်စွာ အတူလက်တွဲဆောင်ရွက်နိုင်ခြင်းကို အားပြုသော Status များ၊ Comment များရေးသားအကြံပြုသည့်အတွက် စစ်ခွေးဘက်လိုက်၊ လက်ရှိအစိုးရအကြိုက် ဖားသောသူ၊ အန်အယ်လ်ဒီဘက်တော်သား အစရှိသဖြင့် အမျိုးမျိုးသော မက်ဆေ့လ်များ
ဖြင့် ဆဲဆိုခြင်း၊ နင်ပဲငဆ ပြောဆိုခံခဲ့ရမှုများကို ယနေ့တိုင်းပြည်ခေါင်းဆောင်များ၏ စည်းလုံးညီညွတ်မှုများကြောင့် ဖြစ်ပေါ်လာရသော ပီတိများက အစားထိုးခြေဖျက်နိုင်ခဲ့ပါသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် ဖြစ်ပေါ်ခဲလှသော ထူးခြားအံအားသင့်ဖွယ် နိုင်ငံရေးအပြောင်းအလဲများကို ဦးဆောင်အကောင်အထည်ဖော်ခဲ့ကြ သော နိုင်ငံတော်သမ္မတကြီး၊ ပြည်သူ့လွှတ်တော်ဥက္ကဌ ကြီးနှင့် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တို့ သုံးဦး၏ စေတနာပါပြီး လက်တွေ့ကျသော ဦးဆောင်မှုများအောက်တွင် တိုင်းပြည်၏ အရေးတကြီးလိုအပ်ချက်များဖြစ်သော ကချင်ပြည်နယ်ငြိမ်းချမ်းရေး၊ ရခိုင်ဒေသအရေး၊ ဆင်းရဲမှုပပျောက်ရေး၊ ပညာရေးနိမ့်ကျနေမှုကို ပြန်လည်မြှင့်တင်ရေး၊ တိုင်းရင်းသားပြည်သူများရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အာမခံနိုင်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရှာဖွေပေးနိုင်ရေး၊ တောင်သူလယ်သမားများကသာ လယ်ယာမြေပိုင်ဆိုင်ရေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများနှင့် မသန်မစွမ်းဖြစ်သူများကို အပြည့်အ၀စောင့်ရှောက်ပေးနိုင်ရေး၊ အစရှိသော တိုင်းရင်းသားမိဘပြည်သူများ၏ လူမှုစီးပွားများ ပြောင်းလဲတိုးတက်ရေးကြိုးပမ်းဆောင်ရွက်မှုများတွင် ကျွန်တော်တို့အားလုံးက မျှတသော တွေးခေါ်မျှော်မြင်မှု၊ ဥာဏ်ပညာရှိပြီး စေတနာပါသော လုပ်ဆောင်ပြောဆိုမှု၊ ရင့်ကျက်တည်ငြိမ်သော စိတ်ထား၊ ရိုးသားသော လုပ်ရပ်၊ စစ်မှန်သော ပြည်ထောင်စုစိတ်ဓာတ်များဖြင့် နောက်လိုက်ကောင်းများပီသစွာ အာရှတိုက်ရဲ့ ပြန်လည်ထွန်းတောက်လာမည့် ကြယ်တစ်ပွင့်ကို ပြုစုပျိုးထောင်တည်ဆောက်ကြပါစို့ဟု ဆန္ဒပြုရင်း ……
— with Junior Chan Chan and 46 others.
Like · · · about an hour ago ·

No comments: