Wednesday 3 October 2012

ထူးဆန်းထွေလာပြည်မြန်မာ -အပိုင်း ( ၁ )


Monday

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။


(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော
အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော
စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်
ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။

(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် 
(Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်။

(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍
ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။

(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ်သည်။


(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။


(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော
စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။

တိန်...အပိုင်း ၁....ပြီး၏။..ဟိဟိ

  • Lon Ely‎, ‎သံလွင် ငယ်‎, ‎Ko Ko Oo‎ and ‎‎199‎ others‎ like this.
  • Lon Ely မဆဲနဲ့နော်....ဟီးဟီး..ဟာသ..အနေနဲ့ပါတင်လိုက်တာပါ
  • Min Kha ခင်ညားဂျာ
  • Min Kha ဘာယို့ အမှန်ကြီးပြောရတာလဲ
  • Min Kha ရီရဘူး
  • Takin Oo ဟဟဟဟဟဟဟဟညည
  • Htet Aung ဆဲပါဝူးးး အပိုင်းနှစ်အမြန်မလာရင်တော့ ......ဒါလည်း အဆဲပါဝူးးးးးးဂျ
  • ကို သိ င်္ခ ကျုပ်လိုဂိုကြီးယူလို့ပါလား ... ဟားဟား ခင်ဗျား အတော်ဆိုးတဲ့လူဗျာ :)
  • သံလွင် ငယ် ကိုလုံ....ဇာတ်သိမ်းပိုင်းထိ ဖတ်ချင်တယ်နော်.......
  • Zaw Lin အပိုင်း (၂) မြန်မြန်တင်ဗျို့...
  • Min Kha ထုံးစံအတိုင်းပါပဲဇတ်သိမ်းပိုင်းရောက်ရင် အကြီးအကဲ သားသမီးနဲ့ သူဌေးကြီးတို့ရဲ့သားသမီးညားကြလေသတည်းပေါ့ စိန်တွေ လက်ဖွဲ့ခံချင်ကြတာလေ
  • Wyut Mhon နံပါတ် ၄ ဂျာပန် လူမျိုးများ လဲ နောက်ဆုံး စာမျက်နှာမှ စ၍ ဖတ်ကြ သည်
  • ခွန် ကိုကို တိုကြီး..ကြာလေ မိုက်လေ မိုက်မိုက်လာတယ်ဗျာ....
  • အချစ် နတ်ဆိုးမလေး ၀ိုးးးးးဒို့ တိုင်းပြည်တိုးတက်နေတာငါအရင်ကမသိပါလားနော်...ကျေးဇူးးးးပြောပြလို့ေ်ေ်....
  • အလွမ်း နတ်သားလေး ထောက်ခံပါဒယ်ဗျို့.
  • Lily Htut အပိုင်း (၂) မြန်မြန်
  • Nyinyi Lwin မြန်မာပြည်တွင်facebook စတင် အသုံးပြုသူမှာ ကိုလုံဖြစ်သည်
  • Austin Phyo ရှဲပါသည်။
  • Phyo Wai Than ကမ္ဘာပေါ်တွင်ဘာမှမပြောမဆိုပဲကမ္ဘာ့အချမ်းသာဆုံးဖြစ်သွားသူမှာလည်းမြန်မာနိုင်ငံကပင်ဖြစ်သည်
  • Soe Thu Ko Lon Ely သူငယ်ချင်း ခင်ဗျားစာများများဖတ်ဗျာ။ သူတထူး ကို အပုဒ်ချချင်ရင် ခင်ဗျား သူ့ထက်တော်အောင် တတ်အောင် ကျိုးစား။ ခင်ဗျား နိုင်ငံတကာ ဗဟုသုတ နည်းတာ ၀န်ခံ။ အာရပ်သတင်းစာ နောက်ကစဖတ်တယ်။ ကျူးဘား သမ္မတ ကက်စထရို ဟာ နိုင်ငံသာတွေမျိုးချစ်စိတ် ဓါတ် တက်ကြွဖို့အတွက် ဆောင်ပုဒ် ၁၀၀၀ ကျော်ရေးပြီး အမေရိကန်ရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို တန်ပြန်ခဲ့တယ်။ ( အကိုးအကား ကျွန်တော်ခုမပြနိုင်သေးဘူး။ ခင်ဗျားဖာသာ ၇ှာဖတ်) ကျုပ်အား၇င် တင်ပေးမယ်၊ရှင်းလား) ။ မြန်မာပြည်မှာလို ၀ါးမရှိလို့ ကွန်ကရစ်တုံးနဲ့တားနေတာ အီရန်၊ ရုရှား၊ အီရတ်၊ မက္ကဆီကို(ဘိန်းရာဇာများခြေရှုပ်တဲ့ တိုင်းပြည်၊ ခင်ဗျားသိအောင်ကျုပ်ပြောပြတာ၊ ၀ိကီပီးဒီးယား ရှာမနေနဲ့)၊ သီရိလင်္ကာ(တမီးလ်သူပုန်သတ်လို့ ဘုရင်စနစ် တောင်ပျက်တဲ့နိုင်ငံ)။ ကျုပ်တို့မြန်မာတွေ သောက်စည်းကမ်းမရှိလို့ အိမ်သာမှာ အဲဒီလိုရေးတာ ခင်ဗျားရှက်သင့်တယ်။ အစိုးရအပြစ်မဟုတ်ဘူး..ကျုပ်လူဖြစ်လို့မြန်မာကိုယ်စား ရှက်တယ်။ မြန်မာပြည်လောက်လုံခြုံရေး စိတ်ချရတာ ဘယ်ကဓါးပြ မြို့ပေါ်မှာရှိမလဲ။ ငွေစက္ကူအထပ်လိုက် ကြွတ်၂ အိပ်ထဲထဲ့ပြီး မြို့ထဲ လမ်းလျှောက်လို့ရတာ မြန်မာပြည်ဘဲ ရှိတယ်ဆိုပြီး။ နိုင်ငံခြားသားက ချီးကျူးသွားတာ ခင်ဗျားသိလား။ ခင်ဗျား ခွေးခြေရာထဲမှာ နေပြီး အော်မနေနဲ့၊ မိုးသီးဇွန်တောင် လူလုံးထွက်ပြရဲသေးတာ ခင်ဗျားလဲ ထွက်ပြလိုက်တော့။ ခင်ဗျားလို ကောင်တောင် အမှားမကင်းနိုင်တာ။မြန်မာပြည်မှာလဲ။နိုင်ငံတိုင်းမှာလဲ အမှားရှိတယ်မှတ်။ နောက်အပိုင်းထွက်လာရင် ခင်ဗျားအတွက် ဆေးမှီပါမလားဗျာ။
  • Winmyint Aung ကမ္ဘာပေါ်တွင်....ကားတန်ဖိုးမှာ.... မူလတန်ဖိုး ဘာမျှမရှိပဲ...ဟိုအခွန်..ဒီအခွန်..ဘာညာကွိကွ တွေပေါင်းသဖြင့်...ဈေးအကြီးဆုံး နိုင်ငံမှာ.မြန်မာနိုင်ငံ တစ်ခုတည်းသာဖြစ်သည်...။
  • Thant Sin Oo Israel တွင်လည်း အလွန်ဈေးကြီးပါသည်. အခွန်ကို နည်းမျိုးစုံဖြင့်ကောက်ပြီး.. မည်သည့်ပစည်းဝယ်ဝယ် value added tax ၁၇ ရာခိုင်နှုန်းကောက်ပါသည်.. Israel နှင့် ယှဉ်လျင် မြန်မာနိုင်ငံတွင်ပေးရသည့် အခွန်မှာ အလွန်နည်းပါသည်.. ကားအသစ်တစ်စီးသွင်းလျင် အခွန် ၁၈၀ ရာခိုင်နှုန်း + value added tax ၁၇ ရာခိုင်နှုန်း ပေးရပါသည်.. သိသလောက် မျှဝေတာပါ.. Lon Ely မြန်မာနိုင်ငံမှာ နေရတာ အဆင်မပြေဘူးထင်ရင်.. အာဖရိက နိုင်ငံတွေဖြစ်ဖြစ်.. middle east က နိုင်ငံ တွေမှာ ဖြစ်ဖြစ်သွားနေကြည့်ပါ... မြန်မာနိုင်ငံ၏ တန်ဖိုးကို နားလည်လာပါလိမ့်မယ်...
  • မင်းမင်း အပျင်း ပေါ့ isreal ကတော့ကာကွယ်ရေးအသုံးစရိတ်ကြမ်းလွန်းလို့သာနေပါမယ်ထင်တယ် ဗျ
  • Mg Mg ကိုစိုးသူကို....ကြည့်ရတာ.....ဟာသ..အနေနဲ့မကြည့်ပဲ.....တယ်ရန်လိုတာကိုးဗျ.......ဆောက်ရူးကြီး.....ကြည့်ရတာ...စစ်ခွေးနဲ့တူတယ်ဗျ....ဒီမှာခင်ဗျားရေးထားတာ......====မြန်မာပြည်လောက်လုံခြုံရေး စိတ်ချရတာ ဘယ်ကဓါးပြ မြို့ပေါ်မှာရှိမလဲ။ ငွေစက္ကူအထပ်လိုက် ကြွတ်၂ အိပ်ထဲထဲ့ပြီး မြို့ထဲ လမ်းလျှောက်လို့ရတာ မြန်မာပြည်ဘဲ ရှိတယ်ဆိုပြီး။ နိုင်ငံခြားသားက ချီးကျူးသွားတာ ခင်ဗျားသိလား။ ====အရူး..မင်းအုန်းနှောက်ကို...ဘင်္ဂလီသေးနဲ့ဆေးလိုက်..မြန်မာငွေကဘယ်လောက်တန်လို့လဲ......အိမ်ထဲမှာနေပီး...မိန်းမလုပ်စာစားပီးလိုင်းပေါ်တက်ပီးလာဖြဲနေတယ်...ခြေပြတ်တွေမဟုတ်ရင်......အောက်ဆွဲတွေနေမှာ...ငါပြောတယ်နော်..သေးနဲ့ဆေးလိုက်
  • Mg Mg (၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ်သည်။=ဒါမှားလားဗျ....Soe Thu Ko.....မှားရင်ခံလိုက်......ငါတ၇ုတ်ရောက်တော့ အင်ဗက်တာမေးတာ...အရူးလိုဝိုင်းကြည့်နေတယ်..ဟားဟား....မင်းကလဲ...သိသာတယ်နော်.....ဗဟုသုတနဲတာ
  • Peace Myanmar ကူးပီါ်ရှဲမယ် ခရက်ဒစ်ပေးမယ်...မှန်တာတွေ ထိုင်မပြောနဲ့ ကျူပ်နဲ့တွေ့ရင် အကုန်ကူးတယ်..ဒါဗြဲ.....
  • Phyo Wai ဟေးးးးးးးးးးးး ဒါမှတို့  ဗမာ ကွ............:)
  • Moe Myat Swe ဟားဟားဟား..တော်၂..နောက်တဲ့လူ
  • Phyo Wai ဦးလုံ ကအမှန်တွေရေးတာကို ဗျ...... ရွာပြင်ရောက်တော့  မှာပဲ...... :(
  • Phyo Wai ဦးလုံ ရွာပြင်ရောက် ရင်လည်း ထန်းရည် သောက်ပြီး ဒီလို အမှန်တရား ဟာသလေးတွေ ရေးပေးပါအုံးနော်.....like ..လို့  ပါ .. ဟက် ...ဟက်... ဟက်..
  • Lon Ely ဟုတ်..သူငယ်ချင်းအားလုံးပျော်ရွှင်ပါစေ.....ဟာသ..အနေနဲ့သာ...ခံစားပေးပါဗျာ..ကျေးဇူးပါ
  • Heinlin Aung ဒါမှတို့ မြန်ပြည်ကွ
  • Phyu Htwemon အမှန်တရားတွေဖြစ်တဲ့အတွက် share လိုက်ပြီ
  • Soehlaing Aung တရုတ်တွေများနေတော့ တရုတ်သတင်းစာထင်ပြီး နောက်ဆုံးက စဖတ်ဖြစ်တာ အကျင့်ပါ။ ဖယောင်းတိုင်အရောင်းရဆုံး ၊မီးအားမြှင့်စက်အတင်သွင်းခံရဆုံး၊ ဆိုင်ကအမ်းလာတဲ့ ချိုချဉ်၊ဘောပင်၊တစ်ရှုးထုပ်၊တွေက အိမ်မှာဆိုင်ပြန်ဖွင့်လို့ရပြီ။
  • သားသား ဦး ကိုစိုးသူကိုရေ
    ဟာသအမြင်နဲ့မကြည့်ပဲ
    ငါတတ်တယ်ထင်ပြီး
    ဗလာချည်လာနှက်တယ်
    ဟုတ်လာပြီအထင်နဲ့
    ဆိုးတယ်ကွာ
    ဆိုးတယ်လို့ပြောရုံနဲ့ မလုံလောက်အောင်ကို
    ဆိုးတယ် ဆိုးသူရေ (*¿*)
  • Thanmin Soe ဟုတ်သမ ဟုတ်ဟုတ်....နဲ့တောင်နေသေး....
  • Zafar Ahmaad So truth. 10 x times share!
  • Zaw Min ဘာပြောပြောငါဘောကျတယ်
  • Demigod X Lay Democrazy per kwar
  • Snowwhite Malay မှန်ပါ့အေ..အပိုင်း၂ကဘယ်တော့လဲ မျှော်နေမယ်... :P
  • Sky Blue ဒီမိုကရေ..ပြည်ထောင်စုမြန်မာနိုင်ငံတော်..ဦးတည်ချက်များ။။။
  • EiZar Mon ရှဲမယ်နော် အရမ်းမိုက်
  • Hnin Hnin Khaing အပိုင်း ၂ ကို မျှော်နေမယ်နော်
  • James Var for...Mg Mg and သားသားဦး ..
    (၁၆) ယခုလိုအသုံးမကျသောစစ်ခွေးအမျိုး၂ကောင်အားမြန်မာတနိုင်တည်းတွင်သာတွေ့ရသည်....
  • Khin Htwe Yee thank you for make me smile....
  • Myat Moe တစ်ခုမကျန်မှန်ပါ့ဗျာ
  • Myat Moe ဒါ ဒို့တိုင်းတို့ပြည် ဒို့ မြန်မာပြည်
  • Myat Moe share ပါရစေ ကိုလုံ
  • Chaw Su ကိုဇော်ငြိမ်းအေးကကိုယ့်နိုင်ငံအ၇မ်းချစ်တော့သတင်းကောင်းတွေရှာဖွေတင်ပြထားတာဘဲ။ ဟိုမှာအဆင်တော်တော်ပြေပုံရတယ်နော်။မြန်မာပြည်ဘယ်တော့ပြန်လာဖို့ရှိလဲကြိုပြောပါ ရှောင်နေမလို့ ဟီးဟီး long time no see
  • Chan Nyein Aung (ကမ္ဘာ ပေါ် တွင် ဖုန်း ကဒ် ဈေး အကြီး ဆုံး.တိုင်း ပြည် သည်.......မြန် မာ ပြည် ဖြစ် သည်....) ကို လဲ ထည့် ၇ အုံး မယ် လေ...သည်း ၇င်း တို့.....
  • Chosan Aye မှန် လွန်း နေ တယ်
  • Lon Ely http://www.facebook.com/photo.php?fbid=124424871040091&set=a.101873026628609.3492.100004177352964&type=1&comment_id=106022&ref=notif&notif_t=photo_comment&theater


    ထူးဆန်းထွေလာပြည်မြန်မာ -အပိုင်း ( ၂ )

    (၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "...See more
    by: Lon Ely
  • Ko Ko Aung သူခိုး တတ်ရင်အိမ်ရှင်ပါဖမ်းသော
    ဥပဒေ သည်မြန်မာပြည်တွင်သာရှိသည်
    ဒါဒို့ပြည် ဒို့မြန်ပြည်

No comments: