Thursday 4 October 2012

နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်


နေပြည်တော်တွင် ရဲနှင့် အနှိပ်ခန်းပေါင်းပြီး အမှုဖုံးကွယ်

နေပြည်တော်မှာ ဝင်ငွေကာင်းတဲ့ အလုပ်
ရမယ်လို့ လှည့်ဖြားခံရပြီး သားမယား
ပြုကျင့်ခံရတဲ့ အမျိုးသမီးငယ်ဟာ
နေပြည်တော်ရဲဆီမှာ အကူအညီ
တောင်းပေမယ့် လျစ်လျူရှုခံရတဲ့အပြင် ကျူးလွန်သူတွေဘက် ရဲက
ရပ်တည်တယ်လို့  ပြောပါတယ်။


လှိုင်သာယာ စက်မှုဇုန် ၁ ဧရိယာမှာ အသက် ၆၀ အရွယ် မျက်စိတဖက် ပျက်နေတဲ့
မိခင်မုဆိုးမနဲ့ အတူနေထိုင်ရင်း ရှာဖွေကျွးမွေးနေတဲ့ ၂၂ နှစ်အရွယ် စက်ရုံအလုပ်သမ ဒီအမျိုးသမီးငယ်ဟာ နေပြည်တော်က အလှပြင်ဆိုင်မှာ ဝင်ငွေကာင်းမယ်ဆိုတဲ့
လူပွဲစားရဲ့ ပြောစကားကို ယုံပြီး လိုက်သွားရာက သားမယားအဖြစ် အဓမ္မပြုကျင့်ခံခဲ့ရ
တဲ့ အထိ ဖြစ်ခဲ့တာလို့ ကာယကံရှင်က ပြောပါတယ်။

ကျန်းမာရေးကြောင့် စက်ရုံအလုပ်နားနေရချိန်မှာ လစာ ၁ သိန်းနဲ့ အပိုကြေး တလ
၁ သိန်း စုစုပေါင်း ၂ သိန်းလောက် ရမယ်ဆိုတဲ့အတွက် လိုက်သွားခဲ့တာလို့ ဆိုပါတယ်။

နေပြည်တော် ရွှေကြာပင်ရပ်ကွက်က ဇနီးမောင်နှံအိမ်မှာ ညအိပ်ရင်း အောက်ထပ်က
အခန်းတွင်းကို သွင်းပြီး အသက် ၄၀ ကျော်အရွယ်အမျိုးသားကို နှိပ်ခိုင်းရာကေန သားမယားပြုကျင့်ခံခဲ့ရသလို ရိုက်နှက်တာလည်း ခံရတယ်လို့  ပြောပါတယ်။

ဒီနောက် ခြံကို ကျော်လွားထွက်ပြေးရာမှာ လွတ်မြောက်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက
ဆိုပါတယ်။

အမှတ် (၁) ရဲစခန်းမှာ စက်တင်ဘာ ၁၃ ရက်နေ့ က အမှုသွားဖွင့်ရာ ရဲက အမှုမဖွင့်ပေးပုံနဲ့ သူ့ကို ငွေကြေမှ ပြန်ရမယ်လို့  ပြောဆိုခဲ့ပြီး ပြန်ခိုင်းတယ်လို့ ဆိုပါတယ်။

“ရဲစခန်းက အမှုဖွင့်မေပးဘူး။ သမီးကိုပိုက်ဆံပေးပြီး အမှုမဖွင့်နဲ့  ပြန်ဆိုတော့
သမီးက ဒီလိုဖြစ်ထားတာ ဖွင့်မယ်ဆိုတော့ မဖွင့်ပေးဘူး။ ညကျ ရဲတယောက်ကလာပြီး
ပိုက်ဆံ ၁ သောင်းပေးပြီး လမ်းစရိတ် ကားလတ်မှတ်ဖြတ်သွားတဲ့။

ပိုတဲ့ဟာကို ထမင်းဝယ်စားဆိုပြီး ပြောတယ်။”“သွားတိုင်ခါစကေတာ့ ရဲဦးလေးက ပခုံးမှာ
ကြယ်ပွင့် ၂ ခုတော့ တွေ့ တယ်။

သူက ညည်းပြန်ချင်ရင် ညည်းတို့ အိမ်က အစ်မတွေလာပြီး ပိုက်ဆံ ၅ သောင်း
ရမှ ပြန်ရမယ်။

ပိုက်ဆံမရမချင်း မပြန်ရဘူးလို့လည်း ပြောသေးတယ်။”သူမဟာ ရဲက အမှုမဖွင့်ပေးလို့
အပြန်လမ်းမှာ လူမိုက်တွေကလိုက်တဲ့အတွက် ကူညီသူတွေက ဆိုင်ကယ်ပေါ်
တင်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ရတယ်လို့  ဆိုပါတယ်။

ဒီနောက် သူမဟာ သူ့ကို စာနာသူတွေ အကူအညီနဲ့ ရဲချုပ်ရုံးဆီရောက်သွားမှ
စက်တင်ဘာ ၁၅ ရက်နေ့မှာ အမှုဖွင့်ခွင့်ရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခွင့်မရခင် ရဲက အမှုမဖွင့်ပေးဘဲ ငွေ ၁၀ သိန်းပေးမယ်ဆိုပြီး အမှုမဖွင့်ဖို့
ကမ်းလှမ်းတယ်လို့ ဆိုပါတယ်။

“ညည်း ပိုက်ဆံ ၁၀ သိန်းပေးရင် ကျေနပ်လားတဲ့။ သမီးက ပိုက်ဆံမလိုဘူး၊
ဖျက်ဆီးခံရတဲ့အတွက် တိုင်ရမှာပဲ။

တကယ်လို့ ထွက်ပြေးလို့သာမရခဲ့ရင် တခြားကို ပါရင်ပါသွားမှာ ဘယ်မှလည်း
မသွားတတ်ဘူး။

”အမှုလက်ခံပြီးတဲ့နောက် လင်မယား ၂ ဦးနဲ့ လူငယ် ၁ ဦးကို ရဲက လူကုန်ကူးမှုနဲ့
အမှုဖွင့်ပေး ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ဒီအမျိုးသမီးအပေါ် စာနာကြတဲ့
ရွှေကြာပင်ရပ်ကွက်က ရပ်ကွက်သားတွေက သူမကို အလုပ်အကိုင်ရရှိရေး
အတွက်ပါ စီစဉ်ပေးလို့ သူဟာ ဈေးဆိုင်တဆိုင်မှာ အကူအေရာင်းသမား
အဖြစ် လုပ်နေပါတယ်။

ဒီကိစ္စကို နေပြည်တော်မှာရှိတဲ့ အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်က အိုင်အယ်လ်အို
ဆက်ဆံရေး ကွန်ရက်အဖွဲ့ဝင် ဦးသက်ဝေထံရောက်လာပြီး ဒီနေ့ ရန်ကုန်မြို့ အိုင်အယ်လ်အိုဆက်ဆံရေးရုံးကို တိုင်ကြားပါတယ်။


DVB (မြန်မာပိုင်း)

  • Saw Karen Lay and 109 others like this.
  • Win Naing Oo Naing သူတို့ တွေပျော်နေမှာပါ...သွားမပြောနဲ့ အမှုကြီးမယ်
  • Kotaw Thar ရဲတွေဟာ အနှိပ်ခန်းပိုင်ရှင်တွေနဲ့ပေါင်းပြီးလုပ်စားနေကြတာ သနားပါတယ်
  • Aungmyo Khaing ဘာတွေလဲ ကွာ ဒါလား ဥပဒေချိုးဖောက်သူတွေကို အရေးယူဖို့ ဖွဲ ထားတဲ ရဲ အအဖွဲ လား ဥပဒေချိုးဖောက်သူတွေကို ကာကွယ်ပေးဖို့ ဖွဲ ထားတဲ ရကောက်အဖွဲ လား ရသမျှ ကောက်စားလွန်းလို နာမည်ပြောင်းလိုက်ပြီ ရကောက်အဖွဲ့ လို
  • Hana Ko ရဲစခန်းမှာ သတ္တိရှိရှိ အမှုသွားဖွင့်ရဲတဲ့ ကောင်မလေးကို ဂုဏ်ယူတယ်. မြန်မာအမျိုးသမီးငယ်လေးများ သင်ခန်းစာ ယူကြပါ လမ်းမှာ မရောက်မိအောင် မိမိကိုယ်မိမိ ထိန်းကျောင်းကြပါ။ အင်အားချင်းမမျှလို့  ဖြစ်လာခဲ့ရင်လည်း ဘာမှ ကြောက်စရာ မလိုပါဘူး ရဲစခန်းက အမှုဖွင့်တာ အရေးမယူဘူးဆိုရင် နေပြည်တော် တရားရုံးချုပ်ကို တတ်တိုင်ပါ။
  • Nyein Chan May Oops. Just today I sent that girl to ILO office at Traders Hotel. Thanks for your expression.
  • Htetmyat Soe Most lady have no idea how to do in such situation
  • Htetmyat Soe They need knowledge to take such kind of action.
  • Ye Min Aung လူတစ်ယောက်ဘ၀ကိုပိုက်ဆံနဲ ဆုံဖြတ်နေတာဟာဆိုးဝါးတဲ မြန်မာနိုင်ငံ ဓလေ့ထုံစံတွေထဲကတစ်ခုပါ........
  • ကဗျာ အုပ် စု ကြောက်စရာကောင်းလိုက်ကြတာ..လူတွေ ဘာတွေ ဖြစ်ကုန်ပြီလဲတော့မသိပါဘူးနော်
  • Aung Lin ကူညီပေးကြတဲ့ရွှေကြာပင်ရပ်ကွက်ကိုကျေးဇူးအများကြီးတင်ပါတယ်။မိဘကိုလုပ်ကျွေးနေတယ်သမီးလေးလည်းအလုပ်အကိုင်အဆင်ပြေပါစေ။
  • Min Thu Ko ရဲက လဲတာဝန်ကြေ...စစ်တပ်ကလဲ ညှာတာတယ်ဆိုတော့ ဒို့နိုင်ငံကတော့ အမိုက်စားပေါ့ကွာ..ဟားဟား................သောက်တလွဲတွေကွာ..
  • Winmin Naing တိုင်းပြည်ကိုဖျက်ဆီးပစ်တာ(၁)စစ်တပ်(၂)ရဲ(၃)ကြံဖွတ်။
  • Ko Kyaw Thu အမြင့်မြတ်ဆုံးဘာသာကိုးကွယ်နေပြီးအယုတ်မာဆုံးအလုပ်တွေလုပ်နေတာဝမ်နည်းစရာပါ
  • Ko Kyaw Thu လူမသိသူမသိ အနိုင်ကျင့်ခံရသူတွေဘယ်လောက်တောင်ရှိမလဲဗျာ
  • Aphoe Gyi winmin naingရေ အမှန်ဆုံးပဲ
  • တိတ်တဆိတ်လွမ်းဆွတ်ခြင်းမှ လွတ်မြောက်ပါရစေ ထိပ်ထားလိပ်ပြာငယ် ကိုဝင်းမင်းနိုင်ပြောတာာာာာာာထောက်ခံပါတယ်......ဗျာာာာာာာာာာာာာာာာာာာာာာာာာာ
  • Kayin Callistu အဲဒါဥပဒေဘက်တော်သားဆိုတဲ့ မြန်မာနိုင်ငံက ရဲ့တပ်ဖွဲ့ရဲ့ဂုဏ်ပဲလေ ရဲ့မှူးချုပ်ကြီး ပိုဂုဏ်တက်သွားတာပေါ့ အ၀ီစိကိုပို့လိုက်
  • Chit Aung Hla Patrick အမေရိကန်မှာ BBC နဲ့ အင်တာဗျူးတုန်းက ကျနော်တို့ တိုင်းပြည်မှာ ဒီလိုလူ့ အခွင့် အရေးချိုးဖောက်တာတွေ မရှိပါဘူး မလိုသူတွေက ပြောကြတာပါလို့  ပြောခဲ့ တာ ဟို နှဖူးပြောင်ပြောင်နဲ့ လူကြီးပေါ့ စောက်သုံးက တစက်မှမကျဘူး သမ္မတ တက်လုပ်နေသေးတယ်
  • Slim Slipper Metallic သူတို့လည်း ငါ့စကားနွားရပြောတတ်အောင် ဘယ်လောက်တောင် လေ့ကျင့်ခဲ့ရလဲမှ မသိတာ..
  • Slim Slipper Metallic အနှိပ်ခန်းတွေ ကေတီဗွီတွေက ရဲသက်သာချောင်ချိေ၇းပါဆိုမှ အရေးယူခိုင်းနေပြန်ပြိ..ထမင်းအိုးရိုက်ခွဲပါတယ်ဆိုပြီး အမှုပြန်မဆင်လိုက်တာ ကံကောင်း..
  • Cho Tu Zal ပိုက်ဆံမရှိ ဆင်းရဲပေမယ့်၊ စိတ်ဓါတ်မဆင်းရဲတဲ့ တယောက်တလေ လောက် ထွက်လာမှ ဒီမတရား မမျှတမှု မှန်သမျှကို ချေဖျက်နိုင်ပါမယ်။
    ဟိုးအရင် ကိုတင်မောင်သန်းတို့ သင့်ဘ၀ မျက်နှာဖုံးတင်ခဲ့တဲ့ ကာဗာစတိုရီ ကို မမေ့ပါနဲ့။

    သတ္တိရှိတဲ့ လူတယောက်က လူ့အဖွဲ့အစည်းကြီးတရပ် ဖြစ်နိုင်တယ်။
    ဂန္ဓီဂျီ ကို မမေ့ပါနဲ့။
    လူ့အဖွဲ့အစည်းကို ပြောင်းဖို့ကိုယ့်ကိုယ်ကိုယ် စည်းရုံးပါ။

    ရှယ်ပါတယ်။
  • Thein Than Oo Ko Win Min Naing.. you are right.
  • Fabio Thomas တော်တော်လူစိတ်မရှိတဲ့သူတွေပဲ
  • Myint Thein အဲဒီ ကွန်ယက် တစ်ခုလုံးမှာ ဘယ်သူတွေပါလဲ။......
  • Aung Kyaw Soe လိင်ကိစ္စကွန်ယက်ကို ဖွမယ်ဆိုရင်တော့ ထုံးစံအတိုင်းဘဲ ဝန်ကြီးတွေ ဗိုလ်ချုပ်တွေ သားသမီးတွေ ခရိုနီတွေဘဲ ထွက်လာမှာပေါ့။ ဒီလိုအဆောက်အဦးတွေပိုင်တာ၊ ရဲကိုပုဆိုးထဲထည့် လိုသလို လုပ်နိုင်တာ ဘယ်သူတွေ ရှိရအုံးမလဲ။ တုံးရသလားလို့ ရေးတာမဟုတ်ပါဘူး။ အငြိမ်မနေနိုင်လို့ပါ၊ အားလုံးလဲ သိပြီးဖြစ်မှာပါ။
  • Albert Thaw ဒါပြည်တွင်း လူကုန်ကူးမှုပဲ။ ငွေ ဆယ်သိန်းကမ်းလှမ်းတဲ့ ရဲအရာရှိကို နာမည် နဲ့ စခန်းကိုဖော်ထုတ်ပါ။
  • Mgchaint Wynn ၂၀၀၉ တုန်းက ပျဉ်းမနားကို အလည်ပြန်တော့ ပျဉ်းမနားက သူငယ်ချင်းတွေက ရာဇဌာနီလမ်း ကို ခေါ်တာက မာဆခ်ျဌာနေလမ်းတဲ့။ ဘယ်လောက်အထိ မာဆခ်ျတွေ ပေါနေသလဲဆိုတာ စဉ်းစားကြည့်ပေါ့။ ပျဉ်းမနားမှာ ရဲတွေက ...See More
  • Saw Karen Lay အော်................ခေတ်ပြောင်းသွားပြီဆိုပြောတော့.....အ၇င်အတိုင်းပါပဲလား...............ဒီကောင်တွေက ခွေးတွေလိုပါပဲလား...ကိုယ်ချင်းမစာ......သူတို့ သမီးတွေကျမှသိမယ်.......မင်းတို့ဝဋ်မလည်ပါစေနဲ့..............
  • Nyan Linn Htet DVB ဆိုတာကို ဘယ်လောက်ယုံရမှာလဲ။ သူတို့မှာ အဲ့လောက်တန်ဖိုး
    ရှိလို့လား
  • ကို စိ Should educate people what they can do if it's happened.
  • Than Tunoo ဘာပြောပြောဆင်ခြင်သုံးသပ်ကြည့်ပေါ့ သတင်းဖတ်ရတာကျေးဇူးတင်ပါတယ်
  • Nyi Nyi Lwin ရဲကတော့ ငွေရတဲ့ဘက်ရပ်တယ် အမှုမှန်ပေါ်ဖို့ ခက်

No comments: