Saturday 8 September 2012

အခြေခံပညာရေး ဝန်ထမ်းများအား ယခုလမှစတင်၍လစာတိုး


၇.၉.၂၀၁၂
အခြေခံပညာဦးစီးဌာနအောက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ မြို့နယ်အဆင့်အထိ စီမံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာပညာရေး ဝန်ထမ်းများနှင့် ဆရာဆရာမအား လက်ရှိရာထူး၏ တစ်ဆင့်တိုးလစာများ အတိုင်း တိုးမြှင့်ပေးသွားမှာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အမှတ် ၃ အခြေခံ ပညာဦးစီးဌာနကပြောသည်။

ဆရာများ၏ အရည်အသွေး ပိုမိုမြင့်မားလာစေရန်နှင့် စီမံခန့်ခွဲမှုအပိုင်းအဆင
့်တိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ခြင်း
ဖြစ်ကြောင်း ဌာနမှ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးအောင်ရှိန်ကပြောသည်။

မူလတန်းကျောင်းအုပ်များကို အထက်တန်းပြလစာသို့လည်းကောင်း၊ ခရိုင်ပညာရေးမှူးကို ဒုတိယညွှန်ကြားရေးမှူး အဆင့်နှင့် လစာသို့လည်းကောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပညာရေးမှူးများကို ညွှန်ကြား ရေးမှူးအဆင့်နှင့် လစာသို့ လည်းကောင်း သတ်မှတ် တိုးမြှင့်ပေးသွားမှာဖြစ်သည်။

လစာတိုးနှုန်းပမာအားဖြင့် အခြေခံပညာကျောင်းအုပ်တစ်ဦးသည် လက်ရှိလစာပေါ်တွင် ၇ ရာခိုင်နှုန်းခန့် တိုးမည်
ဖြစ်သည်။

လက်ရှိရာထူးထက် တစ်ဆင့်တိုးပြီး လစာပေးခြင်းကို လေးနှစ်အတွင်း လေးသုတ်ခွဲ လုပ်ဆောင်သွားမှာဖြစ်ကာ "ပထမဦးဆုံးအသုတ်မှာတော့ ပင်စင်ယူကြတော့ မယ့်သက်ကြီးတွေနဲ့ ထူးချွန်တဲ့ဆရာ၊ ဆရာမတွေကို ဦးစားပေး
ဆောင်ရွက်မှာပါ" ဟု အမှတ် ၃ အခြေခံပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ဝင်းက မဇ္ဈိမကို
ပြောသည်။

ထို့ပြင်ပညာရေးကဏ္ဍ ပိုမိုအားကောင်းစေရန် ခရိုင်အဆင့်ပညာရေးမှူးများကိုလည်း ယခုနှစ်အတွင်း တိုးချဲ့ခန့် အပ်သွားရန် စီစဉ်နေကြောင်း ဦးအောင်ရှိန်ကပြောသည်။

"တိုင်းအဆင့်အနေနဲ့ကတော့ တိုင်းဒေသကြီးတွေရှိတဲ့ နေရာတိုင်းမှာ တိုင်းပညာရေးမှူးတွေ ထားရှိမှာဖြစ်ပြီး၊ ရန်ကုန် ကိုတော့ ရုံးချုပ်က တိုက်ရိုက်ကွပ်ကဲသွားပါမယ်။ ရန်ကုန်အနေနဲ့ ခရိုင်လေး ခုရှိတဲ့အတွက် ခရိုင်ပညာရေးမှူး လေးဦး ထားရှိသွားပါမယ်"ဟု ဦးအောင်ရှိန် ကပြောသည်။

ရန်ကုန်တွင်ထားရှိမည့် ခရိုင်များတွင် တောင်ပိုင်းခရိုင်ပညာရေးမှူးရုံးကို သံလျင်၌ လည်းကောင်း၊ မြောက်ပိုင်း ခရိုင်ပညာရေးမှူးရုံးကို အင်းစိန်၌လည်းကောင်း၊ ရှေ့ပိုင်းခရိုင် ပညာရေးမှူးရုံးကို သင်္ဃန်းကျွန်း၌လည်းကောင်း ခန့်ထားသွားမည်ဖြစ်ပြီး အနောက်ပိုင်းခရိုင်ပညာရေးမှူးရုံးကို လမ်းမတော်ရှိ ယခင်ရန်ကုန်တိုင်း ပညာရေးမှူးရုံး၌ပင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
မိဇ္စျိမ

  • Pyae Sone, U Soe Soe and 34 others like this.
  • 122 shares
    • Kaung Khantlin အခြေခံပညာဝန်ထမ်းတွေကို လစာတိုးပေးတာကောင်းပါတယ်။ ဒါပေမယ့် အများစုသော ဆရာ/မတွေဟာ သူတို့သား၊သမီး မြေးလောက်ရှိတဲ့ ကျောင်းသား/သူတွေကို ပညာသင်ပေးရာမှာ စေတနာပါတာနည်းတယ်။ အချိန်တန်ရင် နိုင်ငံတော်က ငါတို့ကို လစာပေးနေတာပဲ ဆိုပြီးယူဆနေတာတွေလည်း ရှိပါတယ်..။ လစာလည်းတိုးပေး။ စည်းကမ်းလည်းထိန်းချုပ်၊ ဆုပေး ဒဏ်ပေးစနစ်ပေါ့။ အဲဒါလုပ်သင့်ပါတယ်။ စေတနာပါပါသင်ကြားမှု မရှိသလောက်နည်းပါးခြင်းဟာ မြန်မာ့ပညာရေး နိမ့်ကျခြင်းရဲ့ တရားခံ ဖြစ်နေနိုင်ပါတယ်။
      Yesterday at 12:08 · · 8
    • Kachin Daily News အစိုးရနှင့် KIO တိုက်ပွဲများပြင်းထန်ဆဲ

      07 September 2012(KNG)

      ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော်သွားလမ်း ဒေါဖုန်းယန်မြို့နယ်ခွဲ ဘွမ်ဆောန်ဘွမ် (Bum Sawn Bum) တောင်ခြေတွင် မြန်မာအစိုးရတပ် http://www.facebook.com/pages/Kachin-Daily-News/367239923348076
      Kachin Daily News
      Page: 273 like this.
    • Swe Soe အခုတင်ပြတဲ့သတင်းနှင့်ဒီကချင်တိုက်ပွဲက

      ဘာဆက်စပ်လို့လဲ။
      15 hours ago · · 3
    • Sai Thu Kha Thway ကျနော် တို့ ငယ်ငယ်တုန်း က ဆရာ မေ B များ တကယ်နာ ၃ နာနဲ့ အညီ ကျင့်ကြံပြီးတော့ စာသင်တဲ့နေရာမှာလဲ စိတ်ရှည်ပြီး စေတနာပါတယ်။ အခုခေတ်များ ဆရာမတွေ စေတနာမပါတဲ့အပြင် သူ့ကျောင်းသားငါ့ကျူရှင်လာအောင် အမျိုးမျိုးလုပ်နောက်ပြီး ဆရာမတွေ အချင်းချင်း အမြင်စောင်း ဒီလို ပညာရေး လောက က အဖြစ်တွေ ကို ဆရာမတွေ ကိုတိုင်သိကြမှာပါ ။
      14 hours ago · · 2
    • Aung Kyaw ဟုတ်ပ.......ကျွန်တော့်အမေလဲ ရှေ့လ ပင်စင်ယူရမယ့် ဆရာမပါ....... သတင်းတွေက ကြားနေရတယ်
      12 hours ago ·
    • Myat Htu ဟိုးရှေး၂တုန်းကကိစ္စတွေခဏထားပြီး ပြောကြတာပေါ့ ။ ဆရာဆရာမတွေကျူရှင်သင်တယ် လက်ရှိInservice ဝန်ထမ်း ပေါ့ သူဋ္ဌေး မဖြစ်ပါဘူး။ ကျန်းမာရေး ဝန်ထမ်းလဲ အတူတူပါပဲ ။တခြားဌာနတွေမှာ ဦးစီးမှူးအဆင့် တောင်ကိုယ်ပိုင်ကား နဲ့ရုးံတက်နိုင်တယ်။ ဘယ်အစီုးရလက် ထက်ကမှ ဆရာဆရာမတွေကို ferry ရှိတာမတွေ့ ဘူးပါဘူး ။ မော်လမြိုင်ဘက် သွားတယ်ဆရာမတွေ ကျောင်းသား/သူလေးတွေ ကားတားစီး တယ် ။ အခုနေပြည်တော်လမ်းမှာလဲ မကြာခဏကြုံဘူးတယ်။ဘာပဲဖြစ်ဖြစ်လေ အခြားဌာနဝန်ထမ်းထက် စာရင်တော့အများ ကြီး ကွာပါသေးတယ်။ဆရာဆရာမတွေ ဝန်ထမ်းလုပ် နေပေးသေးလို့ တော်သေးတယ်။ အကုန်လုံးထွက်ပြီးကျူရှင်ပဲသင်စားတော့မယ်ဆိုရင် မတတ်နိုင် သူများအဖို့ ဒုက္ခချို့ တဲ့
      12 hours ago ·
    • Nay Hlaing ကိုKaung Khantlin ကျွန်တော်တခုလောက်ပြောပြချင်ပါတယ်.....တကယ်တော့ဆရာမတွေစေတနာမပါတာမဟုတ်ပါဘူး......စိတ်မရှည်စေတနာမပါပဲဆရာတယောက်လုပ်လို့ မရပါဘူး..........မယုံရင်နီးစပ်ရာကိုမေးကြည့်ပါ......
      စေတနာ ၀ါသနာ ဂရုဏာ အဲ့ သုံးခုတော့ဆရာမတိုင်းမှာရှိတယ်.....ဒီလိုပြောပေမယ့်ကျွန်တော်ဆရာဆရာမတယောက်တော့မဟုတ်ပါဘူး.........တကယ်တန်းကပညာရေးနိမ့် ကျရတာလက်ရှိသင်ရိုးတွေကမနိမ့် ပါဘူး......နိုင်ငံတကာအဆင့်မှီပါတယ်.....သို့ သော်.....ဘာကြောင့်နိမ့် ကျရလဲဆိုတော့......တကယ်မတတ်လို့ ပါ......သင်တဲ့ လူကလဲတကယ်လက်တွေ့ မရှိတဲ့ အခ့ညွှန်ပြစရာမရှိဘူး.....အဲ့ တော့စိတ်မှန်းနဲ့ စာတွေ့ ပဲသင်တယ်.....နောက်တချက်ကစာသင်တဲ့ အချိန်မှာ........ဥပမာ ရူပဗေဒ ထားပါတော့ Equation တခုကို ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာပါပါတယ်....အဲ့ ဒါတွေကိုထားခဲ့ ပါတယ်.....အီကွေးရှင်းတခုကိုအီကွေးရှင်းတခုအနေနဲ့ ကျက်ခိုင်းပြီးပုဒ်စာတွေကိုပဲ.....ဖြေခိုင်းတယ်....ဖြေရှင်းချက်ရှင်းလင်းချက်တွေကိုကျော်လိုက်ကြတယ်.......ဆရာတော်တော်များများက.....အဲ့ချိန်မှာအခြေခံအုတ်မြစ်မခိုင်တော့.....ဘယ်လိုမှအဆင်မပြေပါဘူး....ကျွန်တော့အထင်....သက်ရင့်ဆရာကြီးများမှအပပေါ့နော်....တော်တော်များများဆရာတွေကိုယ်တိုင်ကိုကမသိတာတွေများနေလို့ .....မတိုးတတ်တာပါ.....စေတနာ မပါလို့ တော့မဟုတ်ပါဘူး.........ဆရာတိုင်းမှာ စေတနာ ၀ါသနာ ဂရုဏာတော့အကုန်ပါကြပါတယ်.....
      9 hours ago ·
    • Nancy Naing ဒီပုံထဲကဆ၇ာမနံမည်သိတဲ့လူရှိ၇င်ပြောပြပေးပါ
      3 hours ago ·
    • Kay Ye Htut အခြေခံမူလတန်းအင်္ဂလိပ်စာကိုအသံထွက်ကစပြီးအမှားအယွင်းတွေနဲ့သင်နေရတဲ့ရွာတွေကကလေးတွေအများကြီးဖြစ်လာပြီ။
      3 hours ago · · 1
    • Khih Wai Phyo လစာဘယ်လောက်တိုးတိုး..ကျူရှင်တက်မှစေတနာအပြည့်ထားတဲ့ဆရာမတွေပဲဖြစ်နေဦးမှာ...ကျူရှင်မသင်ရဘူးဆိုလဲကျောင်းမှာကျူရှင်မတက်တဲ့ကလေးတွေစာမဖတ်တတ်ဘူး..အဲဒီအကျင့်တွေဘယ်လိုမှပြောင်းလို့ရမှာမဟုတ်ဘူး...
      3 hours ago · · 1
    • Soe San like
      3 hours ago ·
    • Best Man Asia လစာတိုးရင် တာဝန်ပိုသိဖို့ တော့လိုမယ် ဆရာဆရာမအပေါင်းတို့  အရင်အကျင့်တွေတော့ပြင်ဖို့  လိုမယ်ထင်ပါတယ်
      2 hours ago ·
    • Shin Thant Ko ဆရာ၊ဆရာမ တိုင်းလည်း မဆိုးပါ...။ အကုန်လည်း မကောင်းတာ သေချာပါတယ်...။
      2 hours ago ·
    • Shin Thant Ko အရည်အချင်း ကောင်းကောင်း လိုချင်ရင် တန်အောင်ပေးဖို့ (လစာ) လည်း လိုတာပေါ့လေ...
      2 hours ago ·
    • Shin Thant Ko ကျူရှင် သင်တိုင်းလည်း မကောင်းမြင်လို့တော့ မဖြစ်ပါ...
      2 hours ago ·
    • Best Man Asia ဘွဲ့ တွေသာရ သွားကြတယ် အင်္ဂလိပ်စာ အသံထွက် စကားပြောတာတွေက ဘာမှတိုးတက်မလာဘူး ပညာရေး စနစ်ကိုပါပြင်ဖို့ လိုနေပြီ အခြေခံ၊အဆင့်မြင့် အကုန်ပြုပြင်သင့်နေနပြီ.. ဖောင်ကြီးတို့ ၊ ဇီးပင်ကြီးတို့ မှာ လုပ်တဲ့ပညာရေးအဆင့်မြင့်မွန်းမံသင်တန်းတွေ က ဘာမှတိုးတက်မလာခဲ့ဘူး ပြန်လည်သုံးသပ်သင့်နေပြီ.. ကောက်ရိုးခြေထောက် မြက်ခြေထောက် စစ်သင်တန်းပေးနေတာလား ပညာရေးသင်တန်းပေးနေတာလား မကွဲပြားဘူး.. အစိုးရနဲ့  ပညာရေးဝန်ကြီးဌာနဘျာွှေါလုပ်နေတာလဲ ပြင်သင့်ပြီနော်
      2 hours ago ·
    • Pyae Sone ဆရာ မောင်သာချို ပြောတာ ကြားဘူးတယ် ဆရာ ၁ယောက် ဆရာမ ၁၀၀ တဲ့ ကျောင်းဆရာ လုပ်ရင် စာပွဲထိုးတောင် မရိုသေဘူးတဲ့
      အပြင်သွားရင်တောင်ကျောင်းစိမ်းပုဆိုးမဝတ်ရဲ တဲ့ ဆရာ တောင်ရှိတယ်လို့ကြားဖူးတယ်
      2 hours ago ·
    • Aung Koe မမျှတသေးဘူးလို့ ထင်ပါတယ်။တကယ်လုပ်ရတဲ့အောက်ခြေတွေပါတိုးသင့်ပါတယ်။
    • Nan Khanpan ဖြည်းဖြည်းပေါ့...လစာတိုးပေးဖို့ သင့်အလုပ်ခွင်မှာ ပိုပြီးအားစိုက်လုပ်ထားပြီလား??????
    • Kaung Myat အရေးကြီးတာ အရေးသွေး ကောင်းမွန်ပီး မလုပ်စား တဲ့ ဆရာ/မ တွေပဲလိုတယ်လေ ....လစာတိုးတယ်ဆိုတော့လဲ ကောင်းမွန်ပါတယ်.......ကျောင်းတွေမှာ ကအဓိကတော့ ဆရာ/မ တွေက ကျောင်းအုပ်ကိုကျော်ပီးလုပ်ရက်တွေ လဲ မကောင်းပါဘူးးးးအခုလက်တလောမှာက စာသင်စာပြ ဆရာမတွေက ကျောင်းအုပ်ကို အသိမပေးပဲလုပ်တဲ့ လုပ်ရက်တွေက များနေတယ် ကျောင်းအုပ်အနေနဲ့ ကလဲ မိမိ လုပ်စားလို့ရတယ်ဆိုတဲ့ အကျင့်တွေ ဖြတ်ပစ်လိုက်မယ်ဆိုရင် ပိုကောင်းပါတယ်.........

No comments: