Tuesday 4 September 2012

အများသိသင့်သောကွန်မင့်တခုပါ(လွှတ်တော်ကလူကြီးမင်များအတွက်ဗဟုသုတ)



  • Stephen Shwe

    Nemo iudex in causa sua (no-one should be a judge in their own cause) ဆိုတာရှိပါတယ်။ မည်သူမျှ မိမိအမှုအတွက် မိမိစီရင်ခြင်းမပြုရ လို့အဓိပ္ပါယ် ရပါတယ်။ .......... တကမ္ဘာလုံးက လက်ခံထားတဲ့ သဘာသတရားမျှတမှု (Natural Justice) ရဲ့ အယူအဆပါ။ ........တရာ
းစီရင်ရေးသဘောသက်ဝင်တဲ့ ကိစ္စတွေ၊ စုံစမ်းစစ်ဆေးမှုနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေမှာ ဒီမူသဘောကို တကမ္ဘာလုံးကျင့်သုံးပါတယ်။ ..... အခုလွှတ်တော်က ဖွဲ့လိုက်တဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ခုံးရုံးကို စွတ်စွဲပြစ်တင်ဖို့ သင့်တယ်၊ မသင့်ဘူးဆိုတာ ကို စုံစမ်းစစ်ဆေးရမှာပါ။ ..... သူတို့ဟာ ခုံရုံးကို စွတ်စွဲပြစ်တင်သင့်ပါတယ်ဆိုပြီး လက်မှတ်ရေးထိုးထားတဲ့သူတွေဖြစ်တဲ့အတွက် ခုံရုံးကို စွတ်စွဲပြစ်တင်ရန်လိုလားသူများဖြစ်ပါတယ်။ ............ စွတ်စွဲပြစ်တင်သင့်မသင့်ဆိုတာ ကို ဘက်မလိုက်ပဲစစ်ဆေးရမဲ့သူတွေက စွတ်စွဲပြစ်တင်ဖို့လိုလားကြောင်း အတိအလင်းကြေငြာထားတဲ့ သူတွေဖြစ်နေတဲ့အတွက် သဘာဝတရားမျှတမှုနဲ့လည်းဆန့်ကျင်ပါတယ်။ .....

No comments: