Tuesday 4 September 2012

ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရတပ်တွေကြား အပစ်အခတ်ရပ်စဲရေး




http://soundcloud.com/burmeserfa/sfpjyb3ypti1

ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူနဲ့ အစိုးရတပ်တွေကြား အပစ်အခတ်ရပ်စဲရေး စည်းမျဉ်းစည်းကမ်း သဘောတူချက်တွေဟာ အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအတွက် စံနမူနာဖြစ်လာနိုင်မယ်လို့ သမ္မတဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ်တဦးဖြစ်တဲ့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက RFA ကို ဒီကနေ့ပြောပါတယ်။

နှစ်ဘက်အပစ်အခတ် ရပ်စဲရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ်တွေနဲ့ ကေအင်ယူတို့ ဖားအံမြို့မှာ နှစ်ရက်ကြာတွေ့ဆုံဆွေးနွေးနေကြတာပါ။


အဓိကသဘောတူညီချက်တွေထဲမှာ နှစ်ဘက်တပ်တွေ နေရာချထားရေးနဲ့ လိုက်နာဆောင်ရွက်ရမယ့် ကျင့်ထုံးတွေ ပါဝင်တယ်လို့ ၀န်ကြီးဦးစိုးသိန်း ကပြောသွားပါတယ်။

လောလောဆယ် မူအရ သဘောတူညီချက်တွေကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲကအနေနဲ့ သမ္မတဦးသိန်းစိန်ကို တင်ပြမှာဖြစ်သလို
ကေအင်န်ယူဘက်ကလည်း ထိပ်ပိုင်းခေါင်းဆောင်တွေကိုပြန်လည် တင်ပြမှာဖြစ်ပါတယ်။ အဲဒီနောက်မှ စည်းမျဉ်းစည်းကမ်း တွေအပေါ် သဘောတူလက်မှတ်ရေးထိုးမှာဖြစ်တယ်လို့ ဦးစိုးသိန်းကဆိုပါတယ်။

မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

No comments: