Thursday 6 December 2012

လူကုန်ကူးမှု တိုက်ဖျက်ရေး ဖျော်ဖြေပွဲ လက်မှတ်များ အခမဲ့ ရယူနိုင်



ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်၌ ပြုလုပ်မည့် လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး စင်တင် တေးဂီတ သို့ နိုင်ငံတကာ ဂရမ်မီ ဆုရ Jason Mraz နှင့် မြန်မာနိုင်ငံမှ အဆိုတော်များ ပူးပေါင်း တင်ဆက်သည့် Show ပွဲ လက်မှတ် များအား Online Registration လုပ်ထား သူများန
ှင့် Call Center တွင် Registration လုပ်ထား သူများ 5.12.2012 ရက်နေ့တွင် MRTV 4 Main Show Room သို့ သွားရောက် ထုတ်ယူ နိုင်ခြင်း မရှိပါက Yatanarpon Call Center အမှတ် (၃၆၁)၊ ပြည်လမ်း၊ စမ်းချောင်း မြို့နယ်သို့ 6.12.2012 ရက်နေ့မှ 9.12.2012 ရက်နေ့ အထိ ရုံးချိန် အတွင်း လာရောက် ထုတ်ယူ နိုင်ပါသည်ဟု Yatanarpon Call Center မှ ထုတ်ပြန် ကြေငြာ ထားပါသည်။ ဖျော်ဖြေပွဲသည် အခမဲ့ ဖျော်ဖြေပွဲဟု ပွဲစီစဉ် သူများက ဆိုပါသည်။ အခမဲ့ လက်မှတ်များကို http://mtvexit.org/liveinmyanmar/ တွင် သွားရောက်၍ Sing up လုပ်ယူ နိုင်သည်ဟု ဆိုပါသည်။

City Mart – Junction Square
City Mart – Myin Nhi Ghone
City Mart – Chinatown Point

Kyank Myaung (Bayardala Rd.)
37 Street (Kyautada)
Thingangyun (LayDuanKan Rd)

သို့၌လည်း သွားရောက်စုံစမ်း၍ လက်မှတ်များ ရယူ နိုင်ကြပါသည်။

(Yatanarpon Call Center မှ အချက်အလက်များနှင့် အက်မင် အချက်အလက်များကို ဖြည့်စွက် ရေးသား တင်ပြပါသည်။)

No comments: