Wednesday 5 December 2012

ပြန်ကြားရေး ဒုဝန်ကြီးရဲ့ ရင်ဖွင့်သံ။

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ စုံစမ်းရေးကော်မရှင်နဲ့ ပတ်သက်ပြီး ယနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာများမှာ သတင်းဖော်ပြပေးခဲ့ ပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်ပြီး စာနယ်ဇင်းဆရာဦးသီဟစောရဲ့ပြော ကြားချက်ကို ဒီဗီဘီ သတင်းဌာနကဖော်ပြခဲ့ပါတယ်။

အစိုးရသတင်းစာ ဖော်ပြမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းနဲ့ နာမည် ထိန်ချန်မှုတွေ ပြုလုပ်နေတယ်လို့ အိုးပင်းသတင်းဂျာနယ်နဲ့ မြန်မာ့ဓန မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ဒီဗွီဘီ ကို ပြောပါတယ်။ ဒီဇင်ဘာ ၅ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာမှာ “စုံစမ်းရေးကော်မရှင်၏ ညှိနှိုင်းအစည်းအဝေးကျင်းပ” ခေါင်းစဉ်နဲ့ သတင်းရေးသားဖော်ပြရာမှာ ဘယ်လိုစုံစမ်းရေးကော်မရှင် ဆိုတာကို မဖော်ပြရုံသာ မက ကော်မရှင် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည် နာမည်ကို လုံးဝ မဖော်ပြပဲ ထိန်ချန်ထားခဲ့တယ်လို့ သူက ဆိုပါတယ်။

တကယ်တော့ ဒီသတင်းပါစာသားဟာ ကော်မရှင်ကပေးပို့တဲ့ သတင်းထုတ် ပြန်ချက်အတိုင်း အတိအကျရေးသားထားပြီးနောက်ဆုံးမှာ သတင်းရရှိသည်ဆိုတဲ့ စာသားလေးပဲ သတင်းစာတိုက်ရဲ့ ပုံစံအရ ဖြည့်ပေး ခဲ့တာဖြစ်ပါတယ်။ ကော်မရှင်ကပေးပို့တဲ့စာသားကို ပူးတွဲဖော်ပြထားပါတယ်။

သတင်းတစ်ခုနဲ့ ပတ်သက်ရင် ဖြစ်နိုင်ပါက သက်ဆိုင်ရာကာယကံရှင်ကိုလည်းမေးရ မယ်ဆိုတာ အခြေခံအကျဆုံး စည်းကမ်းလေးလို့ထင်ပါတယ်။ ဦးသီဟစော ကိုရော၊ ဒီဗီဘီကိုရော ပုဂ္ဂိုလ်ရေးအရ ခင်မင်လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို အချိန်မရွေးမေးလို့ရတဲ့အခြေအနေမျိုးမှာ မေးမြန်းမှု မပြုဘဲ တစ်ဘက်သတ် ကောက်ချက်ချပြောဆိုခြင်း၊ သတင်းတင်ပြခြင်းပြုလုပ် တဲ့ အတွက် ၀မ်းနည်းမိကြောင်းနဲ့ ကျန်စာဖတ်ပရိသတ်များအဖြစ်မှန်သိစေဖို့ ရှင်းလင်းဖော်ပြအပ်ပါတယ်။

Like · · · 10 minutes ago ·

  • Victor KoKo and 30 others like this.
  • Shwe Gonngonn ဟုတ်ကဲ.ခင်ဗျ-- သတင်းစာမှဖော်ပြခဲ.တဲ. ဒေါ်အောင်ဆန်းစုကြည်နှင်. စစ်ကိုင်းတိုင်းဝန်ကြီးချုပ်တို.တွေ.ဆုံခဲ.တယ်ဆိုတဲ. သတင်းကိုရော ဘယ်လိုများဖြေရှင်းခဲ.ပါသလဲဆိုတာသိချင်လို.ပါဗျ။ တကယ်လဲမတွေ.ခဲ.ဘူးလို. အများကပြောထားလို.ပါ။ ဆရာဖြေရှင်းတာကိုစောင်.မျှော်နေပါကြောင်း--။
  • Ye Htut သတင်းစာမှာ မှားယွင်းကြောင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
  • Shwe Gonngonn ဟုတ်ကဲ.ခင်ဗျ- ကျေးဇူးတင်ပါတယ်ဗျ။ အခုလိုပြန်လည်ဖြေကြားပေးတာကိုပါ။
  • Ko Myo တစ်ဘက်သတ် တွေတော်သင့်ပါပြီ။မီဒီယာသမားမှန်ရင်မိုပြီးသတိပြုပြောဆိုရမှာဖြစ်ပါတယ်........“သတ်ရမှဆိုရင်နှစ်ဖတ်သာသတ်ကြပါမီဒီယာ...”
  • Zin Mar အစိုးရ သတင်းတွေအနေနဲ့လဲ မှန်မှန်ကန်ကန် လွတ်လွတ်လပ်လပ် ရေးနိုင်ရင်တော့ ပိုကောင်းတာပေါ့...
  • Thiha Soe ပြင်းထန်စွာရှုတ်ချပါကြောင်း။

No comments: