Thursday 6 December 2012

"ပြည်ဖြိုလမ်း" ဟု နာမည်တွင် သွားလေစဉ်


ကျောက်ဆည်မြို့၊ ဆူးကုန်းရပ် မြောက်ပိုင်း၊ ကြိုးတံတား အနီးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ခရိုင်ရုံး) တည်ရှိ ပါတယ်။ အဲဒီရုံးက အစိုးရ နည်းပညာ တက္ကသိုလ် သွားလာ လမ်းမှာ ရှိတော့ အထူးလည်း စည်ကား လှပါတယ်။ ဒါကြောင့် အဲဒီ လမ်းကြီးကိုလည်း ကြံ့ခိုင်ရေးက ပြည်ခိုင်ဖြိုး လမ်းဆိုပြီး နာမည် ပေးလိုက် ကြတယ် (ယခင်က..ယခင်ကပေါ့) အခုတော့ အဲဒီ လမ်းကြီးကို တာဝန်သိ ပြည်သူ တွေက နာမည် အသစ်တစ်ခု ထပ်ပေး လိုက်ပြန် ပါတယ်။
လမ်းနာမည်က ပုံမှာ မြင်တဲ့ အတိုင်း (အကြံအဖန် မဟုတ် ဘူးနော်.. အမှန် အကန်) ပြည်ဖြိုလမ်းတဲ့..။ နောက်ထပ်လည်း မှတ်ချက်လေးတွေ ရေးပေး လိုက်ကြပါဦး။

Ko Moehein စာမျက်နှာမှ ကူးယူ ဖော်ပြပါသည်။

  • Lay Thwe နာမည်ကခုမှမှန်သွားတာ
  • Su Myat Wah Be positive! let's make the country better!
  • Thatnaingzin John ဖြိုမှ ပြည် ကလဲ လန်းလာမယ်လို့ ဆိုလိုတာပါ သူငယ်ချင်းတို့  အကောင်းမြင် အပြုသဘောတွေး အဆိုးမြင် အပျက်သဘော မတွေးမိစေနဲ့ 
  • Aung Than Nyunt Aungnilai ချစ် ကြပုံများ…ကြည်ညို ကြပုံများ ပြောပါတယ်။
  • Ye Naung အပြုသဘောဆိုကောင်းမယ်၊ပြည်ခိုင်ဖြိုးဆိုတိုင်းအပျက်ပြောဖို့ရှိတယ်
    တိုင်းပြည်ကောင်းအောင်လုပ်နေတာကိုအပြုသဘောမြင်ကြပါကျေးဇူးတင်ပါတယ်။
  • Aung Myint Oo အပျက်မပြောပါဘူး။ပြည်ခိုင်ဖြိုးမှာလည်း
    တကယ်အရည်အချင်းနဲ့ပြည့်စုံတဲ့သူတွေ
    ရှိပါတယ်။သမ္မတကြီးဆိုရင်ဘယ်လောက်
    ကြိုးစားပေးနေတယ်ဆိုတာမမြင်ခြင်ဟန်
    ဆောင်သူတွေကလွဲလို့အားလုံးသိကြပါ
    တယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရွေးကောက်ပွဲအကြောင်း
    ကိုလည်းသိတယ်မဟုတ်လား။ရောတိရော
    ရာ၊ရောဆရာကြီးတွေအများကြီးပါနေတယ်
    လေ။သူ့ဒေသကိုယ့်ဒေသကကိုယ်စားလှယ်
    တွေရဲ့အရည်အချင်းကိုဒေသခံတွေကပိုသိ
    တယ်မဟုတ်လား။ဒါကြောင့်ဒေသအလိုက်
    အသံတိတ်ဆန့်ကျင်မှုလေးတွေဖြစ်လာတာ
    နေမှာပေါ့။သံချောင်းခေါက်တာပါဗျာ။
    ဒီလိုတွေ့ကြုံရတဲ့ကိုယ်စားလှယ်ကလည်း
    ကိုယ့်ရဲ့အားနည်းချက်ကိုပြန်လည်သုံးသပ်
    ပြုပြင်ပြီးကိုယ့်ဒေသအကျိုးကိုတကယ်ကြိုး
    စားလုပ်ဆောင်ရမှာပေါ့။
  • Htay Kywe Road to DANGER
  • Pyae Sone ကိုအောင်မြင့်ဦးပြောသလို တန်ဆောင်မုန်းလပြည့်နေ့ညကတကယ်မြင်လိုက်ရပါတယ်.......
  • Zinhtet Naing အကောင်းမြင်ပေးလိုက်ပါတယ်။
    လမ်းနာမည်လေး အခုမှ ကျက်သရေ ရှိသွားပြီ
  • Tin Htut Tiin Htut ဝဋ်ဆိုတာနောက်ဘဝမကူးပါဘူး။
  • Khin Khin Myint စိတ်ကောင်းထားပါ
  • Lun Min Fuck that whole shit. These motherf@#king sons of bitches who destroy the whole country.
  • Bo Cartoon ဒီလမ်းထဲကိုနောက်တစ်ခါ ဘယ်တော့မှမလာတော့ဘူး

No comments: