Wednesday 17 October 2012

အံ့ရော...ကြားက မဆီမဆိုင် ကိုယ်တွေပါ အကုသိုလ်များတယ်

တိုင်းရင်းသားတွေကလဲ တိုင်းရင်းသားတွေပဲ၊ စာနဲ့ သေချာ ချရေးထားတာတောင် စကားလုံးအသုံးအနှုံးကစားပြီး မျက်စိရှေ့တည့်တည့်မှာတင် အမျိုးမျိုးလိမ်သွားတာ အခါခါ ခံခဲ့ဖူးပြီးတာတောင် ခုထိ အမှတ်သညာ တစ်စက်မှမရှိဘူး။ ခင်ဗျားတို့ အိုးနင်းခွက်နင်းလောက်ပဲ ပြောတတ်တဲ့ ဗမာစကားနဲ့ သွားဆွေးနွေးနေရထဲကိုက တစ်ပန်းရှုံးနေပြီဆိုတာ သတိထားမိလား?? ဒီကြားထဲ နှုတ်ဂတိဆိုတာကြီးပါ ပါလာပြီဆိုလို့ကတော့ (ကန်တော့ပါရဲ့).... နဲတောင် နဲသေးတယ်လို့ပဲ ပြောပါရစေ။ အမှတ်ကိုမရှိတာ အံ့ရော...ကြားက မဆီမဆိုင် ကိုယ်တွေပါ အကုသိုလ်များတယ်....ဟွင်း ...:(

ကူးဒူ ။ ။ ဒီတင်ပြထားအချက်၂၀ အထဲမှာ ဒီတပ်ကိစ္စနဲ့ပတ်သက်ပြီး မပြေမလည် ဖြစ်နေတဲ့အပေါ်မှာ ဗိုလ်ချူပ်အနေနဲ့ ဘယ်လိုသုံးသပ်မိလဲ။

ဗိုလ်ချူပ်အောင်မြတ် ။ ။ နှုတ်ဂတိပေါ့ ရိက္ခာပို့မယ် သို့မဟုတ်ရင် သွားလာမယ်ဆို လမ်းမကြီးအတိုင်း သွားလာဖို့၊ နောက် စခန်းအပြင်မထွက်ဖို့ ၊ နယ်မြေရှင်းလင်းရေးမလုပ်ဖို့ ပစ်ခတ်ရပ်စဲပြီဘဲ၊ တိုက်ဖို့ခိုက်ဖို့ ရှင်းလင်းဖို့ နယ်မြေစိုးမိုးဖို့လိုသေးလား။ အများအားဖြင့် ဖြစ်တာက နယ်မြေစိုးမိုးရေးအကြောင်းပြပြီးတော့မှ စစ်ကြောင်းတွေထွက် ဘာတွေထွက်လာရင်တော့ တိုက်ပွဲဖြစ်ကြအုံးမှာဘဲ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ နုတ်ဂတိတွေအရ၊ သူတို့တိုင်းမှူးတွေနဲ့ နုတ်ဂတိအရပဲ ပြောထားကြတာဆိုတော့ ရှင်းရှင်းပြောမယ်ဆိုရင် သူ့လူတွေ သူ့တပ်တွေကို သူတို့မနိုင်ဘူး ။ ဒုတိယအချက်က အပြောတမျိုး အလုပ်တမျိုးလုပ်တတ်တာတွေပဲ။ ဥပမာ မြေသွားတိုင်းမယ် ဘာညာနဲ့၊ စစ်တပ်ဆိုတာ မြေတိုင်းတဲ့ အမျိုးမှမဟုတ်ဘဲ။ မြေတိုင်းဌာနရှိတယ်။ စစ်တပ်က ဘာဖြစ်လို့သွားတိုင်းစရာလိုလဲ။ လမ်းပြင်မယ်ဆိုလည်း စစ်တပ်ကလမ်းပြင်ဖို့မှ မဟုတ်ဘူး။ လမ်းပြင်ဖို့ ဆောက်လုပ်ရေးရှိတာဘဲ။ ဆောက်လုပ်ရေးဌာနက လုပ်ရမဲ့ကိစ္စကို စစ်တပ်က ဘာသွားလုပ်တာလဲ။ တပ်က သွားလုပ်ရင်တော့ တိုက်ပွဲတွေ ဖြစ်မှာဘဲ။- (ကရင်နီ (ကယား) တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချူပ်အောင်မြတ် အင်တာဗျူး)
— with Wah Hninn Aye and 10 others.
Unlike · · · 4 hours ago ·

  • You and 34 others like this.
  • Hnin Ei ခွေးကြံ့ဖွတ်အာဏာ၇ှင်တွေထင်တိုင်းကြဲ နေကြပြီး။
  • Sint Sint Thwin နှုတ်ဂတိပေါ့... နှုတ်ဂတိပေါ့... နှုတ်ဂတိပေါ့.. နှုတ်ဂတိပေါ့.. နုတ်ဂတိအရပဲ... နုတ်ဂတိအရပဲ.. နုတ်ဂတိအရပဲ..
  • Win Mgthant Gentlemen's agreement ဆိုတာ Gentlemen တွေ လုပ်မှ ဖြစ်တာမျိုးပါ ခင်ဗျာ။
  • Nu Nu Win Tin nပြည်ထောင်စုဝန်ကြီးတွေနြ. တိုင်းမှူးတွေရဲ.စကားကို တပ်က ဂရုစိုက်ရန် မလို ဘူးလို. ဆိုလိုပါသလား။ ဂရုမစိုက်ဘူးလို.ဆိုလိုပါသလား ။
  • Nicky Shein ခွေးလေခွေးလွင့် ခွေးစစ်မျိုးတွေ ပေးတဲ့ ဂတိ ကို များ Gentlemen' s agreement တဲ့၊ ခင်ဗျားတို့ဗျာ၊ တသက်လုံး အလိမ်ခံရတာ မမှတ်ဘူး၊ နှုတ်ဂတိမပြောနဲ့၊ အဲ့ဒီ အရှက်မရှိတဲ့ အကောင်တွေက သူတို့ လုပ်ပိုင်ခွင့်ရှိနေသမျှကာလပါတ်လုံး၊ ဖွဲ့စည်းပုံ ကိုတောင် ချီးကုန်း စက္ကူ လုပ်ပစ်တယ် မှတ်ပါ။ီလိုကောင်မျိုးတွေကို အပြုတ်တိုက်ကြ..
  • ဘယ်သန် ဘမှန် တို့ စစ်တပ်က ပါလေရာ ငပွကြီးဟ သူတို့ ပဲသိ သူတို့ ပဲတတ် သူတို့ မရှိတိုင်းပြည်ပျက်တော့မယ့်အတိုင်း ဟိုင်းဟိုင်းဟိုင်း
  • Ko Wun Tho Don't blame them because to them is talks also same with paper!
  • Ba Kyaw သြော် လူတွေ လူတွေ

No comments: